ရွှေညောင်မြို့

From Wikipedia, the free encyclopedia

ရွှေညောင်မြို့map
Remove ads

ရွှေညောင်မြို့ သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်တောင်ကြီးမြို့နယ်တွင် တည်ရှိသည်။ တောင်ကြီးမြို့မှ ၁၂ မိုင်ခန့် ကွာဝေးပြီး ညောင်ရွှေမြို့မှ ၇ မိုင် ဟဲဟိုးမြို့မှ ၁၀မိုင် ရပ်စောက်မြို့နှင့် ၃၈မိုင် ကွာဝေးသည်။ ရွှေညောင်မြို့သည် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိပြီး ညောင်ရွှေမြို့နှင့် အင်းလေးကန်သို့ သွားရောက်ရာ လမ်းဆုံမြို့ဖြစ်သည်။

အချက်တိုများ ရွှေ​ညောင်မြို့, နိုင်ငံ ...

အင်းလေးကန်နှင့်နီး၍ ကမ္ဘာလှည့်ခရီးသွားများ အများဆုံးလာရောက်ကြသည်။ ပအိုဝ်း၊ ရှမ်းနှင့်ဗမာလူမျိုးအများစု နေထိုင်ကြသည်။ အေးချမ်းတည်ငြိမ်မှုရှိပြီး ဆက်သွယ်သွားလာရေး ကောင်းမွန်မှုရှိသည်။ ရွှေညောင်ဘူတာဆိုက်ရောက်သောမြို့ ဖြစ်သည်။ လေကြောင်းပို့ဆောင်ရေးတည်ရှိသော ဟဲဟိုးနှင့် နီးကပ်စွာ တည်ရှိသည်။ သာစည်၊ ယင်းမာပင်၊ ကလော၊ အောင်ပန်း၊ ဟဲဟိုးနှင့် တောင်ကြီးမြို့များနှင့် ဆက်သွယ်ထားသော ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိသည်။ တောင်ပေါ်ဒေသဖြစ်သော်လည်း မြေပြန့်သကဲ့သို့ ချိုင့်ဝှမ်းတည်ရှိပြီး ရာသီဥတုကောင်းမွန်သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads