အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်
From Wikipedia, the free encyclopedia
Remove ads
အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် (အတိုကောက် တမခ (၇၇))သည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည့် ခြေမြန်တပ်မဌာနချုပ် တစ်ခု ဖြစ်သည်။ တမခ များ နှင့် စကခ များသည် ကက(ကြည်း) (စစ်ဆင်ရေး)၏ တိုက်ရိုက်ကွပ်ကဲစီမံသော တိုက်ခိုက်ရေးတပ်ဖွဲ့များဖြစ်ပြီး စစ်နယ်ဝန်းပုံသေမရှိဘဲ ရန်သူ၏ အင်အားအပေါ် မူတည်၍ လိုအပ်သလို စစ်ကစားနိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ လက်ရှိ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၏ တပ်မမှူးတာဝန်ထမ်းဆောင်နေသူမှာ ကြည်း ၃၁၆၅၈၊ ဗိုလ်မှူးချုပ် ကျော်ကျော်ဟန် ဖြစ်သည်။
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (ဒီဇင်ဘာ ၂၀၂၁) |
တပ်မ ၇၇ သည် ကွမ်းလုံ တိုက်ပွဲတွင် ဗမာပြည် ကွန်မြူနစ်ပါတီတပ်များကို နိုင်အောင်တိုက်သောတပ်မ လည်းဖြစ်သည်။
Remove ads
သမိုင်းကြောင်း
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
၁၉၆၆ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်ကို ပထမဆုံးခြေမြန်တပ်မဌာနချုပ်အဖြစ် ရန်ကုန်တိုင်း၊ မှော်ဘီမြို့တွင် ဖွဲ့စည်းခဲ့သည်။ စစ်နယ်ဝှန်း ပုံသေမထားဘဲ လိုအပ်သလို ရွှေ့လျားစစ်ဆင်နိုင်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ပထမဆုံးတပ်မမှူးမှာ ဗိုလ်မှူးကြီး တင့်ဆွေ (ကြည်း - ၅၃၆၇) ဖြစ်သည်။
ဖွဲ့စည်းပုံ
အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် ၏ ကွပ်ကဲမှုအောက်တွင် အောက်ပါအတိုင်းဖွဲ့စည်းထားသည်။
အမှတ်(၇၇၁)နည်းဗျူဟာအဖွဲ့
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
အမှတ်(၇၇၂)နည်းဗျူဟာအဖွဲ့
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
အမှတ်(၇၇၃)နည်းဗျူဟာအဖွဲ့
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
ခြေမြန်တပ်ရင်းများ [၁][၂][၃]
အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၏ လက်အောက်ခံတပ်ရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်-
- ခြေမြန်တပ်ရင်းအမှတ် (၇) - ပဲခူးမြို့
- ခြေမြန်တပ်ရင်းအမှတ် (၈) - ပဲခူးမြို့
- ခြေမြန်တပ်ရင်းအမှတ် (၁၀၁) - အင်းတကော်မြို့
- ခြေမြန်တပ်ရင်းအမှတ် (၁၀၅) - အင်းတကော်မြို့
- ခြေမြန်တပ်ရင်းအမှတ် (၁၀၆) - အင်းတကော်မြို့
- ခြေမြန်တပ်ရင်းအမှတ် (၁၀၇) - အင်းတကော်မြို့
- ခြေမြန်တပ်ရင်းအမှတ် (၃၁၃) - မှော်ဘီမြို့
- ခြေလျင်တပ်ရင်းအမှတ် ( ၆ ) - ရွှေပြည်သာမြို့နယ်
- ခြေလျင်တပ်ရင်းအမှတ် (၅၉) - ဘောနတ်ကြီး ၊ ပဲခူးမြို့နယ်
- ခြေလျင်တပ်ရင်းအမှတ် (၈၂) - မင်္ဂလာဒုံမြို့နယ် ၊ ရွှေနံသာရပ်ကွက် တို့ဖြစ်သည်။
Remove ads
တပ်မမှူးတာဝန်ထမ်းဆောင်ခဲ့သူများ
- ဗိုလ်မှူးကြီး တင့်ဆွေ (ကြည်း - ၅၃၆၇) (၆-၆-၁၉၆၆ မှ )
- ဗိုလ်မှူးကြီး တင်မောင် (ကြည်း - ၅၇၇၄) (ဗသက - ၃)
- ဗိုလ်မှူးကြီး ပေါထွန်းရှိန် (ကြည်း - ၅၇၇၅) (ဗသက - ၃)
- ဗိုလ်မှူးကြီး ထွန်းရီ (ကြည်း - ၅၈၉၆) (၂၄-၁-၁၉၇၂ မှ ၈-၃-၁၉၇၄)
- ဗိုလ်မှူးကြီး ရန်နောင်စိုး (ကြည်း - ၆၂၂၀) (၉-၃-၁၉၇၄ မှ ၁၇-၃-၁၉၇၅)
- ဗိုလ်မှူးကြီး ဝမ်းတင် (ကြည်း - ၆၁၃၈) (၁၈-၃-၁၉၇၅ မှ ၃၀-၉-၁၉၇၇)
- ဗိုလ်မှူးကြီး အေးစန် (ကြည်း - ၆၁၄၄) (၁-၁၀-၁၉၇၇ မှ ၈-၄-၁၉၇၈)
- ဗိုလ်မှူးကြီး ချစ်ဆွေ (ကြည်း - ၆၄၆၃) (ဗသက - ၈) (၉-၄-၁၉၇၈ မှ ၇-၈-၁၉၈၁)
- ဗိုလ်မှူးကြီး စိန်အောင် (ကြည်း - ၆၇၄၀) (ဗသက - ၁၀) (၈-၈-၁၉၈၁ မှ ၁၅-၃-၁၉၈၃)
- ဗိုလ်မှူးကြီး လှမော် (ကြည်း - ၇၈၆၇) (စတသ - ၁) (၁၆-၃-၁၉၈၃ မှ ၄-၁၁-၁၉၈၅)
- ဗိုလ်မှူးကြီး မောင်အေး (ကြည်း - ၇၈၇၅) (စတသ - ၁) (၅-၁၁-၁၉၈၅ မှ )
- ဗိုလ်မှူးချုပ် စိုးမြင့် (ကြည်း - ၈၆၄၂) (ဗသက - ၂၆)
- ဗိုလ်မှူးချုပ် ကက်စိန် (ကြည်း - ၉၆၉၈)
- ဗိုလ်မှူးချုပ် စိန်ထွား (ဗသက - ၂၉)
- ဗိုလ်မှူးချုပ် မောင်မောင်ဆွေ (ကြည်း - ၁၂၈၂၉) (ဗသက - ၄၇)
- ဗိုလ်မှူးချုပ် သန်းဌေး (ကြည်း - ၁၃၉၂၇) (စတသ - ၁၈)
- ဗိုလ်မှူးချုပ် ဝင်းမြင့် (စတသ - ၂၀)
- ဗိုလ်မှူးချုပ် ထွန်းသန်း (ကြည်း - ၁၇၄၅၄) (စတသ - ၂၄)
- ဗိုလ်မှူးချုပ် အောင်သိန်းဦး
- ဗိုလ်မှူးချုပ် မိုးကျော်
- ဗိုလ်မှူးချုပ် မြတ်သက်ဦး (ကြည်း - ၂၈၂၃၉) (စတသ - ၃၈) (၂၀၁၉ မှ ၁ ဖေဖော်ဝါရီ ၂၀၂၁)
- ဗိုလ်မှူးချုပ် ရဲကျော်သူ
- ဗိုလ်မှူးကြီး စိုးနိုင်ဦး
- ဗိုလ်မှူးချုပ် မင်းကိုကို
- ဗိုလ်မှူးချုပ် ကျော်ကျော်ဟန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads