အက်တမ်အောက်အမှုန်

From Wikipedia, the free encyclopedia

အက်တမ်အောက်အမှုန်
Remove ads

ရူပဗေဒတွင် အက်တမ်အောက်အမှုန် (အင်္ဂလိပ်: Subatomic particle) ဆိုသည်မှာ အက်တမ်၏ အရွယ်အစားအောက် များစွာ သေးငယ်သော အမှုန်များကို ခေါ်ဆိုသည်။[] အက်တမ်အောက်အမှုန် အမျိုးအစားနှစ်မျိုးရှိသည်။ ၎င်းတို့မှာ လက်ရှိသီအိုရီများအရ ထပ်မံခွဲစိတ်မရတော့သည့် ပကတိအမှုန်များဖြစ်သည့် အခြေခံအမှုန်များ နှင့် ပေါင်းစပ်ထားသောအမှုန်များ ဖြစ်သည်။ အမှုန်ရူပဗေဒနှင့် နျူကလီးယားရူပဗေဒတို့သည် အဆိုပါ အမှုန်များနှင့် ၎င်းတို့၏ အပြုအမူများကို လေ့လာသော ဘာသာရပ်များဖြစ်သည်။[]

Thumb
ဖိုတွန်အမှုန်တွင် ကွာ့ ၃ ခုဖြင့် ဖွဲ့စည်းထားပြီး ယင်းတို့သည် အခြေခံအမှုန်များဖြစ်ကြသည်။

အမှုန်ရူပဗေဒတွင် အမှုန်တစ်ခု၏ သဘောတရားမှာ ရှေးရိုးရူပဗေဒမှ သဘောတရားများပေါ်တွင် အခြေခံသည်။ ထိုအတူ နေ့စဉ် သာမန်အတွေ့အကြုံသဘာဝများနှင့် ခြားနားသည့် ခေတ်သစ် ရူပဗေဒကွမ်တမ်အဆင့် ဒြပ်နှင့် စွမ်းအင် သဘောတရားများလည်း ထင်ဟပ်သည်။

လက်တွေ့စမ်းသပ်ချက်များအရ အလင်းရောင်သည် ဖိုတွန်ဟုခေါ်သော အမှုန်များ၏ သဘာဝလည်းရှိသကဲ့သို့ လှိုင်း များကဲ့သို့လည်း ပြုမူသော သဘာဝရှိ၍ အမှုန်နှင့် ပတ်သက်သည့် အသိအမြင်အယူအဆများကို ပြန်လည်စဉ်းစားရန် လိုအပ်လာခဲ့သည်။ ကွမ်တမ်အရွယ်အစားရှိ အမှုန်များသည် အမှုန်ကဲ့သို့လည်းကောင်း၊ လှိုင်းများကဲ့သို့လည်းကောင်း ပြုမုသဖြင့် ၎င်းနှစ်မျိုးလုံးခြုံငုံမိစေမည့် လှိုင်း-အမှုန်စုံတွဲမှု သဘောတရားအသစ်ကို ဖော်ထုတ်လာရသည်။ အခြားသဘောတရား အသစ်တစ်ခုဖြစ်သည့် မရေရာခြင်း နိယာမကလည်း အမှုန်များတွင် ရှိနေသော ၎င်းတို့၏ တည်နေရာနှင့် အဟုန် ကဲ့သို့ ဂုဏ်သတ္တိများကို တိတိကျကျ တိုင်းတာ၍ မရနိုင်ဟု ဆိုသည်။ နောက်ပိုင်းတွင် လှိုင်း-အမှုန်စုံတွဲမှု သဘောတရားကို ဖိုတွန် များအတွက်သာမက အခြားသော အမှုန်များအတွက်ပါ သုံးနိုင်ကြောင်း သိရှိလာကြသည်။

ကွမ်တမ်စက်ကွင်းသီအိုရီ၏ ဘောင်အတွင်း အမှုန်များ၏ အပြန်အလှန်သက်ရောက်မှုကို အဆိုပါ အခြေခံ အပြန်အလှန်သက်ရောက်မှုများ၏ ကွမ်တာ အထုပ်ငယ်များ ဖန်တီးခြင်းနှင့် ပျက်သုဉ်းခြင်း များအဖြစ် နားလည်နိုင်သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads