အရေးကြီးပြီ

From Wikipedia, the free encyclopedia

Remove ads

အရေးကြီးပြီ (သွေးသစ္စာ) သီချင်းသည် စိတ်ဓာတ်ခွန်အားပေးသော တော်လှန်ရေးသီချင်းတစ်ပုဒ်ဖြစ်သည်။ ဤသီချင်းသည် ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းဖြစ်ရပ် ပြီးနောက် ပေါ်ပေါက်လာခဲ့သော မြန်မာနိုင်ငံနေရာအနှံ့က ဆန္ဒပြပွဲများအတွင်း ပြန်လည်ရေပန်းစားလာခဲ့ကာ သီဆိုကြွေးကြော်ကြသော သီချင်းတစ်ပုဒ်လည်းဖြစ်လာခဲ့သည်။ သီချင်းကို တေးရေး/တေးဆို ထူးအိမ်သင် က ရေးစပ်ခဲ့၍ မွန်းအောင်က သီဆိုခဲ့သည်။ ၂၀၂၁ မတ်လ တွင် ဤသီချင်းကို သံစုံတီးဝိုင်းဖြင့် တီးခတ်ကာ ပြည်သူများ၏ ကြွေးကြော်သံများကိုပါထည့်သွင်း၍ စိတ်အားတက်ဖွယ်ပုံစံအသစ်ဖြင့် ဖန်တီးသီဆိုခဲ့ကြသည်။[]

Remove ads

ဖြစ်ပေါ်လာပုံ

၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး မြေအောက်စခန်း၌ တေးရေး ထူးအိမ်သင် တောခိုစဉ်က ရေးသားခဲ့၍ ၁၉၉၁ ခုနှစ်တွင် အဆိုတော် မွန်းအောင်က ဘန်ကောက်မြို့တွင် သီဆို အသံသွင်းခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ဘန်ကောက်မြို့၌ပင် လျှို့ဝှက် ဖြန့်ချိခဲ့သည်။ သီချင်းသည် ၁၉၉၂ နောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီလှုပ်ရှားမှုများတွင် ချီတက်သီချင်းတစ်ပုဒ် ဖြစ်လာခဲ့သည်။ သီချင်း မူပိုင်ခွင့် နှင့်ပက်သက်၍လည်း ဒီမိုကရေစီအရေးလှုပ်ရှားမှု အခမ်းအနားများတွင် လွတ်လပ်စွာသုံးစွဲပိုင်ခွင့် ရှိသည်ဟု မူပိုင်ခွင့်တာဝန်ရှိသူ အဆိုတော် မွန်းအောင်က ဖွင့်ဟပြောကြားခဲ့သည်။[]

Remove ads

သီချင်းစာသား

"အရေးကြီးပြီ ညီနောင်အပေါင်းတို့ ... သွေးစည်းကာ ညီစေညီကြစို့ ....

ငါတို့ရဲ့ သမိုင်းတစ်ခေတ်ကို ငါတို့သွေးနဲ့ ရေးခဲ့သည် ... သွေး သစ္စာလည်း ပြုခဲ့ပြီ ...

အရေးကြီးပြီ ညီနောင်အပေါင်းတို့ ... သွေးစည်းကာ ညီစေညီကြစို့ ...

ငါတို့ရဲ့ သမိုင်းတစ်ခေတ်ကို ငါတို့သွေးနဲ့ ရေးခဲ့သည် ... သွေး သစ္စာလည်း ပြုခဲ့ပြီ ...

နိုင်ငံတော်အတွက်ဆို အသက်ကိုလည်း ဘာမထီ ... သေပါစေ ခွပ်ဒေါင်းသွေးဟေ့ ရဲရဲရှေ့ကိုချီ

နိုင်ငံတော်အတွက်ဆို အသက်ကိုလည်း ဘာမထီ ... သေပါစေ ခွပ်ဒေါင်းသွေးဟေ့ ရဲရဲရှေ့ကိုချီ

လွပ်လပ်ခွင့်နဲ့ ငြိမ်းချမ်းရေးအတွက်ရည် ... အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲရမည်

Remove ads

အခြားကြည့်ရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads