အရှေ့တောင်တိုင်းစစ်ဌာနချုပ်

​မော်လမြိုင်မြို့အ​ခြေစိုက် တပ်မ​တော်တိုင်းစစ်ဌာနချုပ် From Wikipedia, the free encyclopedia

အရှေ့တောင်တိုင်းစစ်ဌာနချုပ်
Remove ads


အရှေ့တောင်တိုင်းစစ်ဌာနချုပ် (အတိုကောက် ရတခ) သည် မော်လမြိုင်မြို့ အခြေစိုက် တိုင်းစစ်ဌာနချုပ် တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ ကရင်ပြည်နယ်မွန်ပြည်နယ် ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ် ကျော်လင်းမောင် (ကြည်း - ၂၇၂၀၀) (စတသ - ၃၇) ဖြစ်သည်။

အချက်တိုများ အရှေ့တောင်တိုင်းစစ်ဌာနချုပ်, နိုင်ငံ ...
Remove ads

သမိုင်း

အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကို မွန်ပြည်နယ်မော်လမြိုင်မြို့၌ ၁၉၆၁ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ပထမဆုံးတိုင်းမှူးအဖြစ် ကြည်း ၃၅၂၃၊ ဗိုလ်မှူးကြီး သောင်းကြည်မှ တာဝန်ယူခဲ့သည်။

ဖွဲ့စည်းပုံ

စစ်ဗျူဟာများ

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲမှုအောက်တွင် အခြေချ စစ်ဗျူဟာ (၄) ခု၊ လှုပ်ရှား စစ်ဗျူဟာ (၃)ခုနှင့် ခြေလျင်/ခြေမြန်တပ်ရင်း (၁၆) ရင်းရှိသည်။

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ခြေမြန်တပ်မနှင့် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်များ

အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်

အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်

အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ

  • ဗိုလ်မှူးကြီး သောင်းကြည် (ကြည်း - ၃၅၂၃)
  • ဗိုလ်မှူးကြီး မောင်လွင် (ကြည်း - ၃၆၁၆) (၁-၁၀-၁၉၆၄ မှ ၁၂-၇-၁၉၆၉)
  • ဗိုလ်မှူးကြီး တင့်ဆွေ (ကြည်း - ၅၃၆၇) (၁၂-၇-၁၉၆၉ မှ ၂၉-၃-၁၉၇၄)
  • ဗိုလ်မှူးကြီး မျိုးအောင် (ကြည်း - ၅၆၀၈) (၂၉-၃-၁၉၇၄ မှ ၁၂-၄-၁၉၇၅)
  • ဗိုလ်မှူးကြီး ထွန်းကြည် (ကြည်း - ၆၂၇၈) (၁၂-၄-၁၉၇၅ မှ ၄-၁၀-၁၉၇၆)
  • ဗိုလ်မှူးချုပ် ခင်မောင်ကျော် (ကြည်း - ၆၃၃၃) (၄-၁၀-၁၉၇၆ မှ ၁၇-၈-၁၉၈၁)
  • ဗိုလ်မှူးချုပ် ဖေမြိုင် (ကြည်း - ၆၂၃၇) (၁၇-၈-၁၉၈၁ မှ ၃-၄-၁၉၈၃)
  • ဗိုလ်မှူးချုပ် ချစ်ဆွေ (ကြည်း - ၆၄၆၃) (၃-၄-၁၉၈၃ မှ ၄-၁၁-၁၉၈၅)
  • ဗိုလ်ချုပ် ဉာဏ်လင်း (ကြည်း - ၇၈၆၃) (စတသ - ၁) (၄-၁၁-၁၉၈၅ မှ )
  • ဗိုလ်ချုပ် စိုးမြင့် (ကြည်း - ၈၆၄၂)
  • ဗိုလ်ချုပ် ကက်စိန်
  • ဗိုလ်ချုပ် သူရမြင့်အောင် (ကြည်း - ) (စတသ - ၁၈)
  • ဗိုလ်ချုပ် သက်နိင်ဝင်း (ကြည်း - ၁၅၁၁၂) (ဗသက - ၅၆)
  • ဗိုလ်ချုပ် ထွန်းနေလင်း (ကြည်း - ၁၆၃၅၄) (ဗသက - ၆၁)
  • ဗိုလ်ချုပ် တင်မောင်ဝင်း (ကြည်း - ၁၇၆၀၆) (ဗသက - ၆၄)
  • ဗိုလ်ချုပ် မျိုးဝင်း (ကြည်း - ၁၉၇၁၄)
  • ဗိုလ်ချုပ် မျိုးမိုးအောင် (ကြည်း - ၂၂၅၇၂) (စတသ - ၃၂)
  • ဗိုလ်ချုပ် ကိုကို​မောင်[] (ကြည်း - ၂၈၁၃၃) (စတသ - ၃၈)
  • ဗိုလ်ချုပ် မြတ်သက်ဦး(ဩဂုတ်၂၀၂၂ - မတ်၂၀၂၃) [] (ကြည်း - ၂၈၂၃၉) (စတသ - ၃၈)
  • ဗိုလ်မှူးချုပ်စိုးမင်း (မတ်၂၀၂၃ -မတ်၂၀၂၄ ) [] (ကြည်း - ၂၉၄၃၀) (စတသ - ၃၉)
  • ဗိုလ်မှူးချုပ် ကျော်လင်းမောင် (ကြည်း - ၂၇၂၀၀) (စတသ - ၃၇) (ယခင် စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်) (မတ် ၂၀၂၄ - လက်ရှိ) [] []
Remove ads

ကိုးကား

နောက်ထပ်ကြည့်ရန်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads