ပါဆက်
From Wikipedia, the free encyclopedia
Remove ads
Parsec (သင်္ကေတ: pc) သည် နေအဖွဲ့အစည်းအပြင်ဘက် အရာဝတ္ထုများအား တိုင်းတာရာတွင် အသုံးပြုသည်။ ၁ parsec သည် အလင်းနှစ် ၃.၂၆ (၃၁ ထရီလီယံ ကီလိုမီတာ သို့မဟုတ် ၁၉ ထရီလီယံမိုင်ခန့်) ကွာဝေးသည်။ အနီးဆုံးကြယ်ဖြစ်သော ပရိုဆီမာ စင်တောရိသည် နေမှ ၁.၃ parsec ကွာဝေးသည်။ parsec အား အသုံးပြုရန် ဗြိတိသျှလူမျိုး နက္ခတ္တပညာရှင် Herbert Hall Turner မှ ပထမဆုံး အကြံပေးခဲ့သည်။ parsec ကို အနီးဆုံးအကွာအဝေးဖြစ်သော နဂါးငွေ့တန်း ဂယ်လက်ဆီအတွင်း တွင်ကျယ်စွာ အသုံးပြုခဲ့သည်။ သို့သော် ပိုဝေးသော ဂယ်လက်ဆီများအား တိုင်းတာရာတွင် parsec နှင့် မလုံလောက်တော့သဖြင့် kiloparsecs၊ megaparsecs၊ gigaparsecs စသည်ဖြင့် အသုံးချခဲ့သည်။ ယင်းတို့သည် အဝေးဆုံး ဂယ်လက်ဆီများဖြစ်သော ကွေဆာများနှင့် နက်ဗျူလာများ အစရှိသော မဟာစကြဝဠာအား တိုင်းတာရန် ဖြစ်သည်။
Remove ads
၁ parsec အောက်အကွာအဝေး
ကြယ်တစ်စင်းတည်းအား တိုင်းတာလျင် ပမဏနည်းပါးသည့် parsec အား အသုံးချသည်။ ဥပမာဆိုရသော်
- ၁ AU သည် ၅×၁၀-၆ parsec ထက် မပိုပေ။
- အဝေးဆုံးအကွာအဝေးတွင် ရောက်ရှိနေသော လူလုပ် အာကာသယာဉ် ဗွိုင်ယေဂျာ ၁ သည် ၀.၀၀၀၆ parsec ထိသာရောက်ရှိသည်။ ယင်းအတွက် ဗွိုင်ယေဂျာ ၁ သည် ၃၅ နှစ်တိုင် ခရီးနှင်ခဲ့ရသည်။
- Oort Cloud သည် ခန့်မှန်းခြေအချင်းအားဖြင့် ၀.၆ parsec ရှိသည်။

![]() | ဤ နက္ခတ္တဗေဒနှင့်ဆက်နွယ်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads