အသင်္ခယာ စောယွန်း
From Wikipedia, the free encyclopedia
Remove ads
အသင်္ခယာ စောယွန်း (c. ၁၂၉၉– ၅ ဖေဖော်ဝါရီ ၁၃၂၇) သည် စစ်ကိုင်းမင်းဆက်ကို တည်ထောင်ခဲ့သည့် ဘုရင်တစ်ပါးဖြစ်သည်။
ပင်းယမြို့တည် တစ်စီးရှင် သီဟသူမင်း နှင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ လင်းယဉ်ရွာသူ ရတနာပုံမိဖုရားတို့မှ ဖွားမြင်သော သားတော်ဖြစ်ပြီး သာသနာနှစ် ၁၈၅၉၊ ကောဇာသက္ကရာဇ်-၆၇၇တွင် စစ်ကိုင်းမြို့ကို တည်၍ သီရိအသင်္ခယာဟူသော ဘွဲ့မည်ခံကာ မြန်မာပြည် မြောက်ဘက်တစ်လွှားကို မင်းပြုတော်မူသည်။ ကောဇာသက္ကရာဇ်-၆၈၀တွင် ထောင်သင်းအစုနှင့် မြင်းကိုးသင်း ဘွဲ့တော်မူ၏။ ထို့ကြောင့် (ယခုတိုင် စစ်ကိုင်းထောင်သင်း)ဟူ၍ တွင်သည်။
အသင်္ခယာစောယွန်းသည် ဘုန်းလက်ရုံးအာဏာနှင့် ပြည့်စုံတော်မူ၏။ ပြည်သူလူထု ရဟန်းတို့အားလည်း သနားကြင်နာတော်မူသည်။ သက္ကရာဇ် ၆၈၂-ခုနှစ်တွင် စင်္ကြန်ကျောင်းဆောက်လုပ်တော်မူပြီး ၆၈၄-ခုတွင် ပြီးစီးသည်။ နတ်ရွာစံတော်မူပြီး နောင်တော် တရဖျားကြီး နန်းဆက်ခံသည်။[၁] ရာဇဝင်ကျော်တွင် သာသနာနှစ် ၁၈၅၂၊ ကောဇာသက္ကရာဇ်-၆၇၀ ဟုပြဆိုသည်။[၂]
အသင်္ခယာ စောယွန်းတွင် သမီးတော် စိုးမင်း ကိုယ်တော်ကြီး၊ သားတော် ကျစွာ၊ သားတော် နော်ရထာ မင်းရဲ၊ သားတော် တရဖျားငယ် လေးပါးရှိသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads