အသား

အစားအစာအဖြစ် စားသုံးရသော တိရစ္ဆာန်အသား From Wikipedia, the free encyclopedia

အသား
Remove ads

အသားဆိုသည်မှာ အစားအစာအဖြစ် စားသုံးရသည့် တိရစ္ဆာန်၏ တစ်သျူး တခါတရံ ကြွက်သားဖြစ်သည်။ လူသားတို့သည် အခြားတိရစ္ဆာန်များကို သမိုင်းမတိုင်မီခေတ်ကတည်းက အသားအလိုငှာ အမဲလိုက်ခဲ့ကြသည်။ လွန်ခဲ့သောနှစ်ပေါင်း ၁၁,၀၀၀ ခုနှစ်မှစတင်၍ လူသားများသည် ကြက်သိုးဆိတ်ဝက်မြင်းနွား စသော တိရစ္ဆာန်များကို ယဉ်ပါးအောင်မွေးမြူခဲ့ကြပြီး ရွေးချယ်ထားသော သားပေါက်များကို ထုတ်လုပ်သူနှင့် စားသုံးသူတို့၏ အလိုအတိုင်းဖြစ်အောင် အရည်အသွေးပြည့်မီသော သားပေါက်များအဖြစ် မွေးမြူနိုင်ခဲ့သည်။

Thumb
မချက်ပြုတ်ထားသော အမဲသား၊ ကြက်သား၊ ဝက်သား

အသားတွင် အဓိကအားဖြင့် ရေပရိုတိန်းနှင့် အဆီတို့ ပါဝင်သည်။ အသား၏ အရည်အသွေးသည် ယင်းတိရစ္ဆာန်တွင် ပါဝင်သော အာဟာရဓာတ်ပြည့်ဝမှု၊ ဗီဇ စသည်တို့အပေါ်မူတည်ပြီး ကွဲပြားခြားနားသည်။ အသားသည် အစိမ်းလိုက် စားသုံးနိုင်သည်။ သို့သော် သာမန်အားဖြင့် ချက်ပြုတ်၍ စားသုံးကြသည်။ သေချာ မသိမ်းဆည်းထားသော အသားသည် ဘက်တီးရီးယားနှင့် မှိုများကြောင့် နာရီပိုင်းအတွင်း သို့မဟုတ် ရက်ပိုင်းအတွင်း ပုပ်သိုးပြိုကွဲသွားတတ်သည်။

အသားကို စားသုံးခြင်းသည် အထူးသဖြင့် အနီရောင်ရှိသော အသားနှင့် ကြာရှည်ခံထုပ်ပိုးထားသော အသားသည် ကင်ဆာဖြစ်နိုင်ခြေများခြင်း၊ နှလုံးရောဂါစသော ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေသည်။ အသားထုတ်လုပ်မှုသည် ကမ္ဘာကြီး ပူနွေးလာမှု၊ ညစ်ညမ်းမှု၊ ဇီဝမျိုးစုံမျိုးကွဲ ဆုံးရှုံးမှု စသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဒေသတွင်းမှသည် ကမ္ဘာလုံးဆိုင်ရာအထိ ဖြစ်ပွားစေသည်။

အသားသည် ကမ္ဘာတဝှမ်းရှိ စီးပွားရေးနှင့် ယဉ်ကျေးမှုအတွက် အရေးပါသည်။ အချို့သောသူများသည် စည်းမျဉ်းစည်းကမ်းအရသော်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုအတွက်သော်လည်းကောင်း၊ ကျန်းမာရေးဆိုင်ရာအတွက်သော်လည်းကောင်း၊ ဘာသာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းအရသော်လည်းကောင်း အသားကို မစားသုံးရန် ရွေးချယ်ကြသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads