အာဇီဝပါရိသုဒ္ဓိသီလ

From Wikipedia, the free encyclopedia

အာဇီဝပါရိသုဒ္ဓိသီလ
Remove ads

အာဇီဝပါရိသုဒ္ဓိသီလ ဆိုသည်မှာ ရဟန်းတော်များ လိုက်နာစောင့်ထိန်းရသည့် သီလတစ်မျိုးဖြစ်ပြီး၊ ဝိနည်းဒေသနာတော်လာ အသက်မွေးဝမ်းကျောင်းမှုနှင့် သက်ဆိုင်သော ပညတ်တော်မူထားသည့် သိက္ခာပုဒ် ခြောက်ခုကို လွန်ကျူး၍ ရရှိသည့် ပစ္စည်းများဖြင့် အသက်မမွေးခြင်းနှင့် အခြား ယုတ်မာသော အသက်မွေးမှု (မိစ္ဆာဇီဝ) တို့မှ ရှောင်ကြဉ်ခြင်း ဖြစ်သည်။

အသက်မွေးမှုကြောင့် ပညတ်အပ်သော သိက္ခာပုဒ် ခြောက်ပါး

  1. ယုတ်မာသောစိတ်ဖြင့် မိမိ၌ မရှိ၊ မဖြစ်သေးသော ဈာန်မဂ်၊ ဖိုလ်တရားများကို ရရှိလေဟန် ဝါကြွားပြောဆိုပါက ပါရာဇိကအာပတ် သင့်စေသည့် သိက္ခာပုဒ်
  2. အသက်မွေးမှုအလို့ငှာ ယောက်ျား၊ မိန်းမတို့အား အောင်သွယ်ပေးပါက သံဃာဒိသိသ်အာပတ် သင့်စေသည့် သိက္ခာပုဒ်။
  3. အသက်မွေးမှုအလို့ငှာ မိမိကိုယ်ကို တိုက်ရိုက်ရဟန္တာဟု မပြောဘဲ၊ မိမိနေသည့်ကျောင်းရှိ ရဟန်းသည် ရဟန္တာဖြစ်သည်ဟု ပြောဆိုရာ ဒါယကာက နားလည်ပါက ထုလ္လစ္စည်းအာပတ် သင့်စေသည့် သိက္ခာပုဒ်။
  4. ကျန်းမာပါလျက်နှင့် အသက်မွေးမှုအလို့ငှာ မြတ်သော ဘောဇဉ်ခဲဖွယ် (ထောပတ်၊ ဆီဥ၊ ဆီ၊ ပျား၊ တင်လဲ၊ ငါး၊ အမဲ၊ နို့ရည်၊ နို့ဓမ်းတို့နှင့် ရောသော ဘောဇဉ်) ကို မိမိအတွက် တောင်း၍ စားသောက်ပါက ပါစိတ်အာပတ် သင့်စေသည့် သိက္ခာပုဒ် (ရဟန်းများအတွက်)။
  5. ကျန်းမာပါလျက်နှင့် အသက်မွေးမှုအလို့ငှာ မြတ်သော ဘောဇဉ်ခဲဖွယ်ကို မိမိအတွက် တောင်း၍စားသော ဘိက္ခုနီမအား ပါဋိဒေသနီအာပတ် သင့်စေသည့် သိက္ခာပုဒ် (ဘိက္ခုနီမများအတွက်)။
  6. ကျန်းမာပါလျက်နှင့် အသက်မွေးမှုအလို့ငှာ ဟင်းကိုဖြစ်စေ၊ ဆွမ်းကိုဖြစ်စေ မိမိအတွက် တောင်း၍စားသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်စေသည့် သိက္ခာပုဒ်။

ဤသိက္ခာပုဒ် ခြောက်ပါးကို လွန်ကျူးခြင်းသည် အသက်မွေးမှုနှင့် သက်ဆိုင်သော မှားယွင်းသည့် လုပ်ရပ်များ ဖြစ်သည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads