အာဒမ်ရယ် ဧဝရယ် ဒသရယ်
From Wikipedia, the free encyclopedia
Remove ads
အာဒမ်ရယ် ဧဝရယ် ဒသရယ် ဇာတ်ကား သည် Heart & Soul ဗီဒီယို ထုတ်လုပ်ရေးမှ ဖြန့်ချိလိုက်သော ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ ၎င်းသည် ပုညခင်၏ အချစ် သို့ ဝင်္ကဘာ ဝတ္ထုကို ဒါရိုက်တာ ဝိုင်းက ပြန်လည် ဇာတ်ညွှန်းရေး ရိုက်ကူးထားခြင်းဖြစ်သည်။ အဓိက သရုပ်ဆောင်များအဖြစ် ပြေတီဦး၊ စိုင်းစိုင်းခမ်းလှိုင်နှင့် သက်မွန်မြင့်တို့ပါဝင်သည်။ ဇာတ်ကားကို ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ဖြန့်ချိသည်။ ၂၀၁၁ စက်တင်ဘာလ ၄ရက်နေ့တွင် စင်္ကာပူ၊ ၂၀၁၁ နိုဝင်ဘာ ၁၉နှင့်၂၀တို့တွင် အမေရိကန်ပြည်ထောင်စုတို့၌ နိုင်ငံခြား ပရိုမိုးရှင်းပွဲများ အဖြစ်ပြသခဲ့သည်။ ဤဇာတ်ကားကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်နေ့မှ ၁၆ရက်နေ့ အထိ ရန်ကုန်မြို့၊ နေပြည်တော်ရုပ်ရှင်ရုံ၌ အကယ်ဒမီရသည့် အထိမ်းအမှတ်အဖြင့်လည်းကောင်း၊ ချစ်သူများနေ့ အထိမ်းအမှတ်ဖြင့်လည်းကောင်း ပြန်လည်ပြသခဲ့ပြီး သရုပ်ဆောင်များဖြစ်သော ပြေတီဦး၊ သက်မွန်မြင့်၊ စိုင်းစိုင်းခမ်းလှိုင်တို့လည်း ပရိသတ်များဖြင့် တွေ့ဆုံခဲ့ကြသည်။
Remove ads
သရုပ်ဆောင်များ
- မင်းထင်စည် (ဒသ) အဖြစ် ပြေတီဦး
- ငွေလသာ (ဧဝ) အဖြစ် သက်မွန်မြင့်
- မိုးသောက် (အာဒမ်) အဖြစ် စိုင်းစိုင်းခမ်းလှိုင်
ရရှိခဲ့သောဆုများ
၂၀၁၂ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ကျင်းပခဲ့သော မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲ၌ ဤဇာတ်ကားသည် အကယ်ဒမီ ဆု ၃ဆု ရရှိခဲ့သည်။ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ကို ဒသ အဖြစ် သရုပ်ဆောင်ခဲ့သော ပြေတီဦးမှ လည်းကောင်း၊ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို ဧဝအဖြစ်သရုပ်ဆောင်ခဲ့သော သက်မွန်မြင့်မှ လည်းကောင်းတို့နှင့် အကောင်းဆုံး ဇာတ်ကားဆုတို့ ဖြစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads