အာဖရိကတိုက်၏ တိရစ္ဆာန်မျိုးကွဲများ

From Wikipedia, the free encyclopedia

Remove ads

အာဖရိကတိုက် သစ်တောဒေသ၌ သားကောင်များ အလွန်ပေါ များသည်။ အာဖရိတိုက်မြောက်ဘက်ပိုင်းတွင် ဥရောပတိုက် တောင်ပိုင်း၌ တွေ့ရလေ့ရှိသော တိရစ္ဆာန်မျိုးကို တွေ့ရသည်။ အထူးသဖြင့် ဆဟာရသဲကန္တာရ၏ တောင်ဘက်တွင် တောဆိတ်သစ်ကုလားအုပ်မြင်းကျားကျွဲကြံ့ဆင်ခြင်္သေ့သစ်နက်ကျားသစ်ဟိုင်းအီနာကောင်ခွေးအမျောက်ဝံတို့ကဲ့သို့ တောရိုင်းတိရစ္ဆာန်များကို တွေ့ရသည်။ ရှေးအခါက အာဖရိကတိုက်တွင် ဆင်များ အများအပြား တွေ့ခဲ့ရသော်လည်း ယခုအခါတွင် အစွယ်အလို့ငှါ ဆင်များကို ဖမ်းဆီး သတ်ဖြတ်ကြသောကြောင့် များများစားစား မတွေ့ရတော့ချေ။ သဲကန္တာရမှတစ်ပါး အခြားနေရာများ၌ ငှက်နှင့် တွားသွားကောင်များကို တွေ့ရသည်။ အာဖရိကတိုက်ရှိ ငှက်များသည် များသောအားဖြင့် အမွေးအတောင်များ အလွန်လှပသော်လည်း အသံသာယာစွာ မအော်မြည်တတ်ကြချေ။ သဲကန္တာရ ခရီးသည်များအတွက် အလွန်အသုံးဝင်သော ကုလားအုပ်များကိုလည်း တွေ့ရှိရသည်။ ဆဟာရသဲကန္တာရ၏ တောင်နှင့် အနောက်ဘက်တို့တွင် ငှက်ကုလားအုပ်များ ရှိသည်။ မိကျောင်းခေါင်းရှည်နှင့် ရေမြင်းများကိုမူ စိမ့်များနှင့် ချောင်းများ၌ တွေ့နိုင်သည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads