အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်

From Wikipedia, the free encyclopedia

Remove ads

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (Asia Green Development Bank) သည် ၂၀၁၀ ခုနှစ် ဩဂုတ်လတွင် နိုင်ငံတော်မှ ခွင့်ပြုပေးခဲ့သော ပုဂ္ဂလိကဘဏ် ၄ ခုမှ တစ်ခုဖြစ်သည်။ နေပြည်တော် ရုံးချုပ်မှာ အမှတ် (၁၆၈)၊ သီရိရတနာ အဆင့်မြင့် ဈေး၊ ဇမ္ဗူသီရိမြို့နယ်နေပြည်တော်တွင် တည်ရှိပြီး၊ ရန်ကုန်ရုံးချုပ်မှာ အမှတ်(၅၁၉) ပြည်လမ်းကမာရွတ်မြို့နယ်ရန်ကုန်မြို့တွင် တည်ရှိသည်။ မြန်မာနိုင်ငံ၌ စတော့အိတ်ချိန်းတည်ထောင်ပြီးပါက ၂၀၁၅ တွင် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲမည်ဟု ကြေညာခဲ့သည်။[] ဘဏ်ကို ထူးစီးပွားရေးလုပ်ငန်းစုက ဦးတေဇမှ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရှယ်ယာ၏ ၁၅ ရာခိုင်နှုန်းကို ယခင်အာဏာရှင်ဟောင်းတစ်ဦးဖြစ်ခဲ့သူ ဦးနေဝင်း၏ မြေးများဖြစ်သော ဦးကျော်နေဝင်းကို ရောင်းချခဲ့သည်။ []

အချက်တိုများ အမျိုးအစား, လုပ်ငန်း ...
Remove ads

ဘဏ်အကြောင်း အနှစ်ချုပ်

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ပထမဦးဆုံးဘဏ်ခွဲကို ဩဂုတ်လ ၆ ရက် ၂၀၁၀ ခုနှစ်တွင် နေပြည်တော်၌ အောင်မြင်စွာ ဖွင့်လှစ်ခဲ့သည်။ ယခုအခါ ဘဏ်ခွဲငယ် အပါအဝင် ဘဏ်ခွဲပေါင်း ၅၅ ဘဏ်ကို မြန်မာနိုင်ငံ အနှံ့အပြား ဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးလျက်ရှိသည်။

အချိန်အတို ကာလအတွင်းမှာပင် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် အနေဖြင့် နိုင်ငံတကာဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်၊ ငွေလဲလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် တို့ကို ရရှိခဲ့ပြီး နိုင်ငံခြားဘဏ်လုပ်ငန်း ဌာန(၁)ခု၊ ငွေလဲကောင်တာ (၄၅)ခုဖွင့်လှစ်ထားပြီး ဖြစ်သည်။

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်သည် ဝန်ထမ်းပေါင်း ၂၀၀၀ ကျော် ဖြင့် မြန်မာနိုင်ငံတဝှမ်းလုံး၌ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်လျက် ရှိသည်။ နောက်ထပ် ဘဏ်ခွဲ ပေါင်းများစွာကိုလည်း ထပ်မံဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်။

ငယ်ရွယ်၍ တက်ကြွသော အတတ်ပညာပိုင်းဆိုင်ရာတွင် ထူးချွန်သော ဘဏ်လုပ်ငန်း ကျွမ်းကျင်သူများအပြင်၊ ဘဏ်လုပ်ငန်းဆိုင်ရာ ဝါရင့်ပုဂ္ဂိုလ်များ၊ ကွန်ပျူတာ ပရိုဂရမ်မာများ၊ စက်ပစ္စည်းပိုင်းဆိုင်ရာ နှင့် ကွန်ပျူတာ ကွန်ယက်ဆက်သွယ်မှုများတွင် ကျွမ်းကျင်သူများ၊ စီမံခန့်ခွဲမှုကျွမ်းကျင်သူများ၊ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ ဈေးကွက်ရှာဖွေရာတွင် ကျွမ်းကျင်သူများ၊ လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်သောစွမ်းအားစုတို့ဖြင့် ဘဏ်၏အနာဂတ်ကို တိုးတက်အောင် ဖော်ဆောင်လျက်ရှိသည်။

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်သည် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ ဖြစ်သည့် ပြည်တွင်း ငွေလွှဲလုပ်ငန်း၊ ပြည်ပငွေလွှဲလုပ်ငန်း၊ ငွေလဲလှယ်မှု လုပ်ငန်း၊ ငွေစုဘဏ်လုပ်ငန်း၊ စာရင်းရှင်အပ်ငွေ၊ စာရင်းသေအပ်ငွေ၊ ငွေချေးလုပ်ငန်း၊ အငှားဝယ်စနစ်လုပ်ငန်း၊ ဘဏ်အာမခံလက်မှတ် ထုတ်ပေးခြင်း၊ အွန်လိုင်းပေါ်မှ ငွေပေးချေမှုများ၊ ကုန်သွယ်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှု အစရှိသည်တို့ကို ဝန်ဆောင်မှု ပေးလျက်ရှိသည်။ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများကို လိုက်နာ၍ ဘဏ်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

Remove ads

ဝန်ဆောင်မှုများ

  • အပ်နှံငွေ
    • စာရင်းရှင် အပ်ငွေ – CURRENT ACCOUNT
    • ငွေစုဘဏ် အပ်ငွေ – SAVINGS DEPOSIT ACCOUNT
    • စာရင်းသေ အပ်ငွေ – FIXED DEPOSIT ACCOUNT
  • ပြည်တွင်း ငွေလွှဲလုပ်ငန်း
  • အရစ်ကျ အငှားဝယ် စနစ်
  • ချေးငွေ
  • အင်တာနက်မှ အခွန်အခများ ပေးဆောင်ခြင်း
  • Online တွင် အရောင်းအဝယ်လုပ်ကြခြင်း
  • Tele-Banking ဝန်ဆောင်မှု
  • e-Banking System (Mobile Banking & Internet Banking)

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads