အိန္ဒြာကျော်ဇင်
From Wikipedia, the free encyclopedia
Remove ads
အိန္ဒြာကျော်ဇင်သည် အကယ်ဒမီဆု ၃ဆု ရရှိထားသည့် ရုပ်ရှင်သရုပ်ဆောင်နှင့် ရုပ်မြင်သံကြား ကြော်ငြာမော်ဒယ်လ် တစ်ဦးဖြစ်သည်။ အပျော်တမ်း ပန်းချီဆရာတစ်ဦးဖြစ်သော အိန္ဒြာကျော်ဇင်သည် မြန်မာ သရုပ်ဆောင်လောကတွင် ထင်ရှားသော မင်းသမီး တစ်ဦးဖြစ်သည်။
Remove ads
ငယ်ဘဝ
၁၉၇၇-ခု၊ ဧပြီလ ၂၄ ရက်တွင် ဦးကျော်ဇင်နှင့် ဒေါ်မြသီတာတို့မှ ရန်ကုန်မြို့တွင် မွေးသည်။ ငယ်နာမည် အူဝဲဖြစ်ပြီး မောင်နှမသုံးအနက် အငယ်ဆုံး ဖြစ်သည်။
အိန္ဒြာကျော်ဇင်သည် ဒဂုန်တာရာ၏ တူမဖြစ်ပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ၏ မြေးလည်း ဖြစ်သည်။ ရာဇာနေဝင်း၊ ပိုင်ဇေရဲထွန်း တို့နှင့်မောင်နှမ ဝမ်းကွဲ၊ ကောလိပ်ဂျင်နေဝင်း၏ တူမ တော်စပ်သည်။
အနုပညာ လှုပ်ရှားမှု
၂၀၀၀ ပြည့်နှစ်၊ ဇွန်လ ၂၀ ရက်တွင် မီးပွား ရိုက်ကူးသော အိပ်မက်ရာသီ ဇာတ်ကားရိုက်ရာတွင် မတော်တဆ ချော်ကျဒဏ်ရာရသဖြင့် အာရှတော်ဝင်၌ ကုသခဲ့ရသည်။
၂၀၀၁ ခုနှစ် ပြင်သစ်နိုင်ငံ Dealnille မြို့ရှိ တတိယအကြိမ် ရုပ်ရှင်ပွဲတော်ကြီးအား မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့ရသည်။
မိသားစုဘဝ
၂၀၁၁ ခု၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြေတီဦးနှင့် လက်ထပ်ခဲ့သည်။ အောက်တိုဘာလ ၁၄ ရက်ရောက်သော် သမီးဦးကို ဝိတိုရိယအထွေထွေရောဂါကုဆေးရုံကြီးတွင် မွေးဖွားသည်။
ဖမ်းဆီးထောင်ချခံရခြင်း
အိန္ဒြာကျော်ဇင်သည် ခင်ပွန်းဖြစ်သူ ပြေတီဦး နှင့်အတူ ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းအား ဆန့်ကျင်ကန့်ကွက်သည်။ သူမသည် ဆန္ဒပြမှုများပြုလုပ်သည့်အပြင် အစိုးရဝန်ထမ်းများအား CDMပြုလုပ်ရန် တိုက်တွန်းခြင်းနှင့် ငွေကြေးထောက်ပံ့ ကူညီခြင်းများဆောင်ရွက်သည်။ထိုသို့သော ဆောင်ရွက်မှုများကြောင့်ဟုဆိုကာ ၂၀၂၁ ခုနှစ်၊ ဧပြီ ၉ ရက်တွင် ခင်ပွန်းဖြစ်သူနှင့်အတူ အဖမ်းခံရသည်။[၁]၂၀၂၂ ခုနှစ် မတ်လ ၂ရက်နေ့တွင် လွတ်ငြိမ်းဖြင့် ပြန်လွတ်သည်။[၂]
Remove ads
ပါဝင်ခဲ့သော ရုံတင်ဇာတ်ကားများ
{| class="wikitable"
|+
!ခုနှစ်
!ဆုအမည်
!ဆုအမျိုးအစား
!ဇာတ်ကား
!မှတ်ချက်
|-
|၂၀၀၄
| rowspan="7" |မြန်မာ့ရုပ်ရှင်ထူးချွန်ဆု
| rowspan="7" |အမျိုးသမီးဇာတ်ဆောင်ဆု
|မျက်နှာများတဲ့ကောင်းကင်
|ဆုရရှိ
|-
|၂၀၀၉
|ကြိုးကြာတောင်ပံခတ်သံ
|ဆန်ကာတင်
|-
|၂၀၁၃
|အဖြူရောင်ရဲတိုက်
|ဆန်ကာတင်
|-
|၂၀၁၅
|မောင့်အိမ်သူ
|ဆန်ကာတင်
|-
|၂၀၁၆
|နှင်းဆီပန်သူ
|ဆန်ကာတင်
|-
|၂၀၁၇
|ရင်ဘတ်ထဲကဓား
|ဆုရရှိ
|-
|၂၀၁၉
|ဟစ်တိုင်
|ဆုရရှိ[၃]
|}
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
