ဒူဝါလရှီးလ
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ယာယီသမ္မတ From Wikipedia, the free encyclopedia
Remove ads
ဒူဝါ လရှီးလသည် ဧပြီလ ၁၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၏ ကြေညာချက်အမှတ် ၂၃/ ၂၀၂၁ ထုတ်ပြန်ချက်အရ ပေါ်ပေါက်လာသော ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့၏ ဒုတိယ သမ္မတဖြစ်သည်။[၁] ကချင် အမျိုးသားအတိုင်ပင်ခံအဖွဲ့ (WMR) ၏ ဥက္ကဋ္ဌဖြစ်ပြီး ကချင်လူမျိုး နိုင်ငံရေးသမားနှင့် ရှေ့နေလည်း ဖြစ်သည်။
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
Remove ads
ဘဝအကျဉ်း
ဒူဝါလရှီးလကို ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မုံးစီး (ဝိန်မိုင်း)ကျေးရွာတွင် မွေးဖွားခဲ့ကာ လားရှိုးအထက်တန်းကျောင်းမှ ‘ခ’ အဆင့်ဖြင့် အောင်မြင်ခဲ့ပြီး ဇာတိရပ်ရွာဖြစ်သော မုန်းဂျီးကျောင်းတွင် ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မေမြို့ စိန့်မိုက်ကယ်ကျောင်းတွင် ၁၀ တန်း ပြန်လည်ဖြေဆိုခဲ့ပြီးနောက် ၁၉၇၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဥပဒေပညာကို သင်ယူခဲ့သည်။
၁၉၇၄ ခုနှစ်တွင် ဘီအေဘွဲ့ရရှိခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် L.L.B ဘွဲ့ကို ပြန်လည်ရရှိခဲ့၏။ ဘွဲ့ရပြီးနောက် မြစ်ကြီးနားနှင့် လားရှိုးတွင် အစိုးရရှေ့နေအဖြစ် ၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့လေသည်။ ထို့နောက် ၁၉၇၈ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ ဥပဒေအရာရှိအဖြစ် ၁၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။
သူသည် အစိုးရဝန်ထမ်းအလုပ်မှ အနားယူပြီး လူမှုအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်ခဲ့သည် သာမက ရိုးရာယဉ်ကျေးမှုအဖွဲ့အစည်းများတွင်လည်း တာဝန်ထမ်းဆောင်ကာ အမျိုးသားရေး၊ လူမှုနိုင်ငံရေးကိစ္စများအတွက် အချိန်ပေးခဲ့သူဖြစ်သည်။
၁၉၇၅ ခုနှစ်မှစတင်ပြီး မတူသည့်အဖွဲ့အစည်းအမျိုးမျိုးတွင် အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် IEP (School of Intensive English Program) ယခု ILAS (Institute of Liberal Arts and Sciences) ကျောင်းကို စတင်တည်ထောင်ရာ၌ ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း World Concern အဖွဲ့အစည်း စတင်ဝင်ရောက်လာချိန်တွင်လည်း ဦးဆောင်ပါဝင်လုပ်ကိုင်ခဲ့သည်။ ယင်းအဖွဲ့အစည်း၌ လုပ်ကိုင်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းခဲ့သူ ဖြစ်သည်။ ၂၀၀၄ မှ ၂၀၁၀ ခုနှစ်အထိ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၌ ၇ နှစ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။
ထို့အပြင် နိုင်ငံတကာ NGO များနှင့်လည်း ပူးပေါင်းလုပ်ကိုင်ခဲ့သည်ဟု ဆိုသည်။ ၂၀၁၀ ခုနှစ်မှစ၍ Hope International Development Agency တွင် လေးနှစ်လုပ်ကိုင်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ကိုင်ခဲ့ပါသေးသည်ဟုလည်း ဆိုသည်။ ၂၀၁၄ ခုနှစ်တွင် ရှမ်းပြည်နယ် ကချင်စာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ၄နှစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင်ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ (WMR)၏ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။
သူသည် အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများတွင် အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းကိစ္စများနှင့် ဆက်စပ်ပြီး တက်ရောက်ဆွေးနွေး ပါဝင်ခဲ့ဖူးသည့် အတွေ့အကြုံရှိသူလည်း ဖြစ်သည်။
ဒူဝါလရှီးလသည် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ပြီး ဂျိန်းဖော့အပြင် ကချင်မျိုးနွယ်စုများဖြစ်သည့် ဇိုင်ဝါး၊ လချိတ်၊ လော်ဝေါ် စသည့် မျိုးနွယ်စုဘာသာစကားများကိုလည်း အတော်အသင့် ပြောနိုင်သည်ဟု ဆိုသည်။ အလားတူ ရှမ်းစကားကိုလည်း ပြောနိုင်ကာ တရုတ်စကားကိုလည်း အနည်းအကျဉ်း ပြောဆိုတတ်သည်ဟု ဆိုသည်။
၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သူ့အား မြန်မာနိုင်ငံတော် အမျိုးသား ညီညွတ်ရေးအစိုးရ၏ ဒုတိယသမ္မတအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။
Remove ads
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads