အီရန် အမျိုးသား ဘောလုံးအသင်း
အီရန်နိုင်ငံအား ကိုယ်စားပြုသော အမျိုးသားဘောလုံးအသင်း From Wikipedia, the free encyclopedia
Remove ads
အီရန် အမျိုးသား ဘောလုံးအသင်း(ပါရှန်း: تیم ملی فوتبال ایران, Tīm-e Melli-e Fūtbāl-e Īrān), also known as Team Melli (ပါရှန်း: تیم ملی, ရောမအက္ခရာ: Tīm-e Melli)သည် နိုင်ငံတကာပြိုင်ပွဲများတွင် အီရန်နိုင်ငံကိုယ်စားပြုယှဉ်ပြိုင်သော အမျိုးသားဘောလုံးအသင်း ဖြစ်ပြီး အီရန်နိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အုပ်ချုပ်သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလလောက်ကတည်းကပင် အီရန်အမျိုးသားဘောလုံးအသင်း[၇]သည် အာရှတွင် အကောင်းဆုံးအဆင့်ရှိသော အသင်းများထဲတွင် ပါဝင်ခဲ့သည်။ နိုဝင်ဘာလ ၂၀၁၇ ခုနှစ် ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ လက်ရှိတွင် အီရန်အသင်းသည် ကမ္ဘာတွင် အဆင့် ၃၂ တွင်ရှိသော အသင်းတစ်သင်းလည်း ဖြစ်သည်။[၈]
အီရန်အသင်းသည် အာရှတွင် အောင်မြင်မှုအများဆုံးရရှိခဲ့သော အမျိုးသားအသင်းများထဲမှ တစ်သင်းဖြစ်ပြီး အာရှဖလားကို ၁၉၆၈ ခုနှစ်၊ ၁၉၇၂ ခုနှစ်နှင့် ၁၉၇၆ ခုနှစ်တို့တွင် အသီးသီးရရှိခဲ့သည်။ အီရန်အသင်းသည် ကမ္ဘာ့ဖလားဝင်ခွင့်ကို ငါးကြိမ်တိုင်တိုင်(၁၉၇၈၊ ၁၉၉၈၊ ၂၀၀၆၊ ၂၀၁၄နှင့် ၂၀၁၈ ခုနှစ်) ရရှိခဲ့သော်လည်း အုပ်စုအဆင့်မှ ဘယ်သောအခါမျှ မကျော်ခဲ့ပေ။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads