အီသီယိုးပီးယား ဝံပုလွေ
နို့တိုက်သတ္တဝါမျိုးစိတ် From Wikipedia, the free encyclopedia
Remove ads
အီသီယိုးပီးယား ဝံပုလွေ (Ethiopian wolf ) သိပ္ပံအမည် (Canis simensis) သည် အာဖရိကတွင် ကျင်လည်ကျက်စားသော ခွေးမျိုးရင်းဝင် သတ္တဝါ ဖြစ်သည်။ အင်္ဂလိပ်ဘာသာတွင် Abyssinian wolf ၊ Abyssinian fox၊ red jackal၊ Simien fox၊ Simien jackal စသည်ဖြင့် အမည်အမျိုးမျိုး ခေါ်ကြသည်။ မြေခွေးနှင့် နှိုင်းယှဉ်လျှင် ဝံပုလွေနှင့် ပို၍ ဆင်တူသည်ဟု ယူဆကြသည်။ အီသီယိုးပီးယား ဝံပုလွေများကို အမြင့်ပေ ၉၈၀၀ ကျော် (၃၀၀၀ မီတာကျော်) အီသီယိုးပီးယားနိုင်ငံရှိ အာဖရိကအယ်လ်ပ် တောင်တန်း ဒေသများတွင် တွေ့ရတတ်သည်။ ဂေဟစနစ်အတွင်း အမဲလိုက်သည့် သတ္တဝါများတွင် ထိပ်ဆုံးနေရာမှ ရှိသည်။ ထို သတ္တဝါသည် မျိုးသုဉ်းပျောက်ကွယ်ရန် အစိုးရိမ်ရဆုံး အခြေအနေတွင် ရှိ၍ အုပ်စု ၇ စုသာကျန်ပြီး ကောင်ရေ ၅၅၀ ခန့်သာ ကျန်ရှိတော့သည်။ အများဆုံးအကောင် အစုအဝေးကို အီသီယိုးပီးယားနိုင်ငံ တောင်ပိုင်း ဘာလေးတောင်တန်း ဒေသတွင် တွေ့ရပြီး နိုင်ငံမြောက်ပိုင်း ဆီမီယန်းတောင်တန်း ဒေသများတွင်လည်း အချို့ကို တွေ့ရကာ အခြားနေရာများတွင် အနည်းငယ်သာ ရှိသည်။ ဘာလေးတောင်တန်း အမျိုးသားဥယျာဉ်တွင် ကောင်ရေ ၄၄၀ ရှိရာမှ ၁၉၉၀ ခွေးရူးရောဂါ ပျံ့နှံ့မှုကြောင့် ၂ ပတ်အတွင်း ကောင်ရေ ၁၆၀ သာ ကျန်ရှိတော့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
