အုန်းမောင်

မြန်မာနိုင်ငံရေးသမား၊ အာဇာနည်​ခေါင်း​ဆောင်ကြီး From Wikipedia, the free encyclopedia

အုန်းမောင်
Remove ads

ဦးအုန်းမောင်သည် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်(၉)ဦးတွင် ပါဝင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

အချက်တိုများ
Remove ads

ငယ်ဘဝ

ဦးအုန်းမောင်သည် အဖ မစ္စတာ အိပ်ချ် ဒဗလျူ တရပ်ဝိန်း + အမိ ဒေါ်ရွှေမိ တို့၏ ဒုတိယသား ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် မကွေးတိုင်း၊မင်းဘူးမြို့ မွေးဖွားသည်။ တက္ကသိုလ်ကျောင်းသား ဘဝက ရန်ကုန်တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲ တပ်ထောက် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ဝိဇ္ဇာတန်း အောင်မြင်သည်။ ၁၉၃၇ ခုနှစ်တွင် အိုင်စီအက်စ် စာမေးပွဲ ဖြေသူ သုံးဦးအနက် ပထမ ရသည်။ ၁၉၃၉ ခုနှစ်တွင် မန္တလေးမြို့၊ အရှေ့နယ်ပိုင်ဝန်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် လမ်းပန်းဆက်သွယ်ရေး အတွင်းဝန် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ []

Remove ads

ဘဝနိဂုံး

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့၊ စနေနေ့ နံနက် (၁၀) နာရီ (၃၇) မိနစ်တွင် ကျဆုံးသည်။ ကျဆုံးချိန်တွင် ဇနီးဖြစ်သူ ဒေါ်သိန်းကြွယ် နှင့် မောင်တင်မောင်သန်း၊ကိုကိုလှ၊မောင်မင်းမြ သားသမီး ၃ ဦး ကျန်ရစ်ခဲ့သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads