အောင်ကျော်ကျော်

From Wikipedia, the free encyclopedia

Remove ads

ဗိုလ်ချုပ် အောင်ကျော်ကျော် (၁၉၆၆ ဖွား) သည် မြန်မာတပ်မတော်အရာရှိတစ်ဦး ဖြစ်သည်။လက်ရှိတွင် ပြည်ထဲရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး ဖြစ်သည်။[] ယင်းမတိုင်မီက သူသည် တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအကူတပ်မှူး နှင့် တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး၊ အောက်မြန်မာပြည်ကွပ်ကဲရေးမှူး ဖြစ်ခဲ့သည်။

အချက်တိုများ ဗိုလ်ချုပ် အောင်ကျော်ကျော်, ဒုတိယဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန ...
Remove ads

စစ်မှုထမ်းဘဝ

သူသည် စစ်တက္ကသိုလ် အပတ်စဥ် ၃၂ ဆင်း ဖြစ်သည်။ပြန်တမ်းဝင်အမှတ် ကြည်း ၂၂၅၆၈ ဖြင့် စစ်မှုထမ်းသည်။တပ်မတော်တွင် ရာထူးအဆင့်ဆင့်တိုးပြီး ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးနောက် ဗိုလ်မှူးချုပ်ရာထူးဖြင့် တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအကူတပ်တွင် တာဝန်ထမ်းဆောင်သည်။[]ထို့နောက် စစ်ကောင်စီက နေပြည်တော်အခြေစိုက် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် (စရခ) ရုံးအောက်တွင် ဒုတိယစစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်အပြင် အောက်မြန်မာပြည်နှင့် အထက်မြန်မာပြည်ဟု ဌာနနှစ်ခုခွဲလိုက်ပြီး ဗိုလ်မှူးချုပ်နှစ်ဦးကို ဗိုလ်ချုပ်အဆင့် ရာထူးတိုးကာ ကွပ်ကဲရေးမှူးများအဖြစ် ဖွဲ့စည်းပုံအသစ်တိုးလိုက်ရာတွင် သူသည် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံး (အောက်မြန်မာပြည်)၏ ကွပ်ကဲရေးမှူးဖြစ်လာသည်။[]ထိုတာဝန်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ရက်နေ့အထိ ထမ်းဆောင်သည်။

Remove ads

ဒုဝန်ကြီးဘဝ

သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ် ၁၄/၂၀၂၅ ဖြင့် ပြည်ထဲရေးဒုဝန်ကြီး အဖြစ် အစိုးရအဖွဲ့ တွင်တာဝန်ပေးသည်။ထိုနေ့မှာပင် ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီ ကိုအရပ်ဘက်ပြောင်းလိုက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သို့ ပြောင်းလိုက်၍ ထိုနေရာကို ဆက်ခံသည်။

ရရှိသောဆုများ

၂၀၂၂ ခုနှစ် ဇန်နဝါ၇ီ ၄ရက်တွင် ၎င်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီမံထူးချွန်တံဆိပ် (ဒုတိယအဆင့်) ချီးမြှင့်သည်။[] ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ရက်နေ့တွင် တပ်မတော်ဆိုင်ရာစွမ်းဆောင်မှုတံဆိပ်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံစစ်မှုထမ်းသင်္ဂဟတံဆိပ် ကို ချီးမြှင့်သည်။[]


ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads