အောင်ကျော်ဟိုး
အလုပ်သမား ပြည်ထောင်စုဝန်ကြီး From Wikipedia, the free encyclopedia
Remove ads
ဦးအောင်ကျော်ဟိုး သည် ဦးညိုစောအစိုးရ အလုပ်သမားဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။ ယင်းမတိုင်မီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၄) နှင့်[၃] (၃) တို့၏ ဝန်ကြီးတာဝန်များ နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဖြစ်ခဲ့သည်။ [၄]
Remove ads
စစ်မှုထမ်းဘဝ
သူသည် ဗိုလ်သင်တန်း အပါတ်စဉ် ၇၇ (OTS – 77) ဆင်း ဖြစ်သည်။ မြန်မာ့တပ်မတော်တွင် နှစ် ၃၀ ကျော် တာဝန် ထမ်းဆောင်သည်။၂၀၁၅ ခုနှစ် ဧပြီလ ထဲတွင် ဗိုလ်မှူးချုပ်ရာထူးဖြင့် ကာကွယ်ရေးဝန်ကြီးဌာန ၏ အမြဲတမ်းအတွင်းဝန် ဖြစ်လာသည်။[၅] သူသည် ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၁၈ ခုနှစ် မေလ ၂၉ ရက် သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ ညွှန်ကြားပါက တပ်မတော်ဘက်က စစ်ပွဲများ ရပ်ပေးရန် အသင့်ရှိဟု ပြောစကားမှာလည်း ထင်ရှားခဲ့သည်။[၆] [၇]
Remove ads
ပြည်ထောင်စုဝန်ကြီး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၎င်းအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်တွင် အမြဲတမ်းအတွင်းဝန် အဖြစ်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ၏ ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်သည်။[၈] သူသည် ဗိုလ်မှူးချုပ် အဖြစ်မှ အငြိမ်းစားယူကာ ဝန်ကြီးဖြစ်လာခြင်း ဖြစ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၄) ၏ ဝန်ကြီး အဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်သည်။
၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် အလုပ်သမားဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီး ဖြစ်လာခဲ့သည်။
Remove ads
ချီးမြှင့်ခံရသည့်ဘွဲ့
၂၀၂၂ ခုနှစ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၆ /၂၀၂၂ ဖြင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သော စီမံထူးချွန်တံဆိပ် (ပထမဆင့်) ကို ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ချီးမြှင့်ခဲ့သည်။ [၉]
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ၎င်းအား ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်သည်။[၁၀]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads