ချစ်ဆွေ (သံအမတ်ကြီး)
From Wikipedia, the free encyclopedia
Remove ads
ချစ်ဆွေ (သံအမတ်ကြီး) သည် မြန်မာ့တပ်မတော်အရာရှိတစ်ဦး နှင့် သံအမတ်ကြီးဟောင်း တစ်ဦးဖြစ်သည်။လက်ရှိတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖြစ်သည်။ယင်းအတိုင်မီက အလုပ်သမားဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး နှင့် မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်တစ်ဦး ဖြစ်ခဲ့သည်။
Remove ads
စစ်မှုထမ်းဘဝ
သူသည် မြန်မာ့တပ်မတော်တွင် ဗိုလ်မှူးချုပ် ရာထူးအထိ စစ်မှုထမ်း ခဲ့သည်။၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) တာဝန်အပ်နှင်းခံရသည်။ ထိုင်းနိုင်ငံနှင့် အမေရိကန်နိုင်ငံ [၁] တို့တွင် စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်သည်။ ၂၀၂၁ နောက်ပိုင်းတွင် အရပ်ဘက်သို့ ကူးပြောင်းလာပြီး နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သံအမတ်ကြီး ဖြစ်လာသည်။
သံအမတ်ကြီး
သူ့ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသည့် မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ပေးပြီးဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဇွန်လ ၁၈ ရက်တွင် ကြေညာသည်။သံအမတ်ကြီး ဦးချစ်ဆွေသည် ၎င်း၏ခန့်အပ်လွှာကို ၂၀၂၂ ခုနှစ် ဇွန် ၁၇ ရက်တွင် ဗန်ကောက်မြို့၌ ထိုင်းနိုင်ငံဘုရင်မင်းမြတ်ထံ ပေးအပ်ခြင်းဖြင့် သံတာဝန်ကို စတင်ထမ်းဆောင်သည်။[၂] နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ၎င်းအား ဝန်ကြီးရုံးအမိန့်ကြော်ငြာစာအမှတ် (၀၃၃/၂၀၂၅) ဖြင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတာဝန်မှ နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ပြောင်းရွှေ့ခန့်ထားသည်။
Remove ads
ဝန်ကြီး
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အလုပ်သမားဝန်ကြီး ဌာန ၏ ပြည်ထောင်စုဝန်ကြီး တာဝန်ပေးအပ်သည်။[၃]
၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဖြစ်လာခဲ့သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads