အောင်ကြည်ညွန့်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် From Wikipedia, the free encyclopedia
Remove ads
ဦးအောင်ကြည်ညွန့် (၈ စက်တင်ဘာ ၁၉၅၀[၁]) သည် မကွေးတိုင်းဒေသကြီး၊ အမှတ် (၄) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့သည်။ လက်ရှိတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ဥက္ကဋ္ဌ ဖြစ်ပြီး ကြားကာလ ပြည်ထောင်စုလွှတ်တော်၏ နာယက ဟုလည်း ယူဆလို့ရသည်။ [၂] အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပါတီဗဟိုအလုပ်အမှုဆောင်လည်းဖြစ်သည်။[၃]
Remove ads
နိုင်ငံရေးဘဝ
ဦးအောင်ကြည်ညွန့်သည် ၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၄) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ပြိုင်ခဲ့ရာ ရွေးကောက်ခံခဲ့သည်။ [၄]
အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများ စတင်ရန် ပြည်ထောင်စုလွှတ်တော်၌ အဆိုတင်သွင်းဆောင်ရွက်ခဲ့သူလည်းဖြစ်၊ ၄၅ ဦး ပူးပေါင်းကော်မတီ အဖွဲ့ဝင်လည်းဖြစ်ခဲ့သည်။[၅]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads