အောင်ဆန်းဦး

ဗိုလ်ချုပ် အောင်ဆန်း၏ သား(အကြီးဆုံး) From Wikipedia, the free encyclopedia

အောင်ဆန်းဦး
Remove ads

ဦးအောင်ဆန်းဦး (အင်္ဂလိပ်: Aung San Oo) သည် ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဖြစ်ပြီး၊ ဗမာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း ၏ သက်ရှိထင်ရှားသားသမီးများအနက် အကြီးဆုံးသား ဖြစ်သည်။ ကွန်ပျူတာအင်ဂျင်နီယာတစ်ဦးအဖြစ် အသက်မွေးလျက်ရှိသည်။ []

အချက်တိုများ ဦးအောင်ဆန်းဦး, လူမျိုး ...
Thumb
အောင်ဆန်းဦးအား ကလေးအရွယ်တွင် တွေ့ရစဉ်
Remove ads

ငယ်ဘဝ

အခြေခံပညာကို ရန်ကုန်ရှိ ကတ်သလစ်ကျောင်းများတွင် သင်ယူကာ အင်္ဂလန်နိုင်ငံ၊ ဒိုဗာ ကောလိပ်တွင် ဥပစာတန်းတက်သည်။ ထို့နောက် အင်ပီရီရယ် ကောလိပ်သို့ ပြောင်းသည်။ []

လက်ရှိဘဝ

မိခင်ဖြစ်သူ မကွယ်လွန်မီ လဲ့လဲ့နွယ်သိန်းနှင့် လက်ထပ်သည်။ ၁၉၇၃ ခုနှစ်မှစ၍ ကာလီဖိုးနီးယားပြည်နယ်၊ ဆန် ဒီယာဂိုသို့ ရွှေ့ပြောင်းအခြေချပြီး၊ အမေရိကန်နိုင်ငံသား ခံယူသည်။ [] [] ဇနီးဖြစ်သူသည်လည်း အမေရိကန်နိုင်ငံသား ခံယူထားသူဖြစ်သည်။ [] လက်ရှိ မြန်မာနိုင်​ငံတွင် နေထိုင်လျက်ရှိသည်။

အမွေပြဿနာ

၂၀၀၁ ခုနှစ်တွင် အင်းယားကန်ဘေးရှိ အိမ်နှင့် မြေအား အမွေခွဲလိုကြောင်း တရားရုံးထံ လျှောက်ထားသည်။ ၂၀၁၆ ခုနှစ်ရောက်သော် ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်အား ဒေါ်အောင်ဆန်းစုကြည် ရထိုက်ကြောင်း၊ နှစ်ဧကကျယ်သည့် မြေကိုမူ မောင်နှမနှစ်ဦး ခွဲယူရမည် ဖြစ်ကြောင်း၊ ပေ (၇၀×၁၀၀) ကျယ် မြေလွတ်ကို မိခင်ဖြစ်သူအမွေပေးခဲ့သည့် မောင်နှမဝမ်းကွဲ ဦးခင်မောင်အေး အား ပေးရမည် ဖြစ်ကြောင်း အမိန့်ချခဲ့သည်။ []

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ နှင့် မြန်မာနိုင်ငံ ဥပဒေကောင်စီတို့မှ ဦးအောင်ဆန်းဦးသည် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်သရေပျက်စေရန် ရည်မှန်းချက်ဖြင့် စစ်အစိုးရနှင့် ပူးပေါင်းကာ လုပ်ဆောင်နေသူတစ်ဦးဟုဆိုသည်။ တိုင်းမ် မဂ္ဂဇင်းဖော်ပြချက်တွင် ရန်ကုန်မြို့တွင်း နှင့် ပြည်ပမှ လေ့လာသူများမှ၊ စစ်အစိုးရသည် အောင်ဆန်းဦးကို အသုံးချကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်အား ပုတ်ခတ်နိုင်ရန် တရားစွဲခြင်းဟု ဆိုသည်။

ရန်ကုန်တိုင်း တရားရုံး၏ ဆုံးဖြတ်ချက်အား မကျေနပ်သဖြင့် ပြည်ထောင်စုတရားရုံးချုပ် သို့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်တွင် ထပ်မံလျှောက်ထားပြီး တရားရင်ဆိုင်ဦးမည် ဖြစ်သည်။ []

ပုဂံရှိ အိမ်တော်

Thumb
၂၀၀၇တွင် တွေ့ရသည့် ပုဂံမြို့ရှိ ဆောက်လက်စ နေအိမ်

၂၀၀၅ ခုနှစ်တွင် ပုဂံရှေးဟောင်းသမိုင်းဝင်မြေအတွင်း အိမ်ကြီးတစ်လုံး ဆောက်လုပ်ခဲ့သည်။ မြန်မာနိုင်ငံ၏ မြေယာပိုင်ဆိုင်ဥပဒေအရ နိုင်ငံခြားသားများသည် မြေပိုင်ဆိုင်ခွင့် မရှိခြင်းကြောင့် (ထိုဥပဒေဖြင့်ပင် ဒေါ်စုနေထိုင်နေသည့် အိမ်အား ပိုင်ဆိုင်မှု ရှုံးနိမ့်ခဲ့ရသည်) ဦးအောင်ဆန်းဦး၏ ထိုအိမ်ရာပိုင်ဆိုင်မှုမှာ တရားမဝင်ပေ။ သို့ဖြစ်ရာ ဇနီးဖြစ်သူ၏ အသိုင်းအဝိုင်းမှ အမည်ခံပေးထားသည်။ ဇနီး ဒေါ်လဲ့လဲ့နွယ်သိန်းသည် စစ်အစိုးရနှင့် ဆက်နွယ်မှုရှိပြီး၊ ခင်ပွန်းအား ဩဇာရရှိစေရန် ကြိုးပမ်းနေသည်ဟု ကောလဟာလများထွက်ပေါ်ခဲ့သော်လည်း အတည်မပြုနိုင်သေးပေ။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads