ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ
မြန်မာနိုင်ငံ အဝေးရောက်အစိုးရ (၁၉၉၀–၂၀၁၂) From Wikipedia, the free encyclopedia
Remove ads
ပြည်ပရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (အင်္ဂလိပ်: National Coalition Government of the Union of Burma; အတိုကောက် NCGUB) ၏ ဝန်ကြီးချုပ်မှာ ဒေါက်တာစိန်ဝင်း ဖြစ်သည်။ ၎င်းအစိုးရအဖွဲ့ကို ၁၉၉၀ ပြည့်နှစ်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသည့် လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာသည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။ အစိုးရအဖွဲ့၏ ရုံးခန်းကို အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီတွင် ဖွင့်လှစ်ထားပြီး အမေရိကန်အစိုးရက အသိအမှတ်ပြုသည်။ ထိုအစိုးရအဖွဲ့ကို အရှေ့တောင်အာရှတွင် အရှေ့တီမောနိုင်ငံက အသိအမှတ်ပြုသည်။
Remove ads
အစိုးရဖွဲ့စည်းပုံ
နိုင်ငံရေးပါတီအညွှန်း
အစိုးရအဖွဲ့
အမျိုးသားညွန့်ပေါင်းအစိုးရ ဥက္ကဋ္ဌများ (၁၉၉၀-၂၀၁၂)
ပြည်နယ်ကိုယ်စားပြုများ
မဲဆန္ဒနယ်များ
Remove ads
သမိုင်းကြောင်း
၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလာ ၁၈ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရကို မာနယ်ပလောတွင် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဗဟို စည်းရုံးရေးကော်မတီအား မာနယ်ပလောတွင် ရောက်ရှိနေကြသည့် (NLD) ဗဟိုနှင့်တိုင်းအဆင့်တို့တွင် တာဝန်ယူ ခဲ့ကြသော (NLD) အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့တွင် ဥက္ကဋ္ဌ Dr.စိန်ဝင်း၊ အတွင်းရေးမှူး ဦးဝင်းခက်၊ အဖွဲ့ဝင်များအဖြစ် ဦးမြင့် အောင်၊ ဦးမောင်မောင်အေး၊ ဦးသိန်းဦး တို့ ပါဝင်သည်။ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဗဟိုစည်းရုံးရေးကော်မတီအား တိုးချဲ့ဖွဲ့စည်းသည်။ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စစ်အာဏာရှင်တိုက်ဖျက်ရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေး ကော်မတီအား DAB မှ ကိုယ်စားလှယ်(၇)ဦး၊ (NLD-LA) မှ ကိုယ်စားလှယ် (၇)ဦး စုစုပေါင်း(၁၄)ဦးတို့ဖြင့် ဖွဲ့စည်းခဲ့သည်။
၁၉၉၁ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် မာနယ်ပလောဌာနချုပ်၌ တတိယအကြိမ်မြောက် လူ့အခွင့် အရေးအခမ်းအနားကျင်းပခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ၁၉၉၁ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် ပြည်ထောင်စုမြန်မာ နိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရအား မာနယ်ပလောတွင် တိုးချဲ့ဖွဲ့စည်းသည်။ ၁၉၉၁ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီး ဌာနမှ ဦးစီး၍ ကျန်းမာရေးညီလာခံအား မာနယ်ပလောခန်းမတွင် ကျင်းပခဲ့သည်။
၁၉၉၁ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် ဥရောပပါလီမန်မှ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အရေးယူ ဆောင်ရွက်ချက်များနှင့် NCGUB အား ထောက်ခံ အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ချက်များ ချမှတ်သည်။ ၁၉၉၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) အား ပြင်ဆင်တိုးချဲ့ဖွဲ့စည်းသည်။
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ညွန့်ပေါင်းအစိုးရသည် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကူညီဆောင်ရွက်ရန် တရားဝင်ဖျက်သိမ်းခဲ့သည်။[၄][၅]
Remove ads
ကိုးကား
ပြင်ပလင့်ခ်
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads