အောင်မြေမန္တလာ အားကစားကွင်း
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ အားကစားကွင်းတစ်ခုဖြစ်သည် From Wikipedia, the free encyclopedia
Remove ads
အောင်မြေမန္တလာ အားကစားကွင်းသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ အားကစားကွင်းတစ်ခုဖြစ်သည်။ဤကွင်းတွင် အစိုးရဘောလုံးပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိသည်။ ရတနာပုံဘောလုံးအသင်း၏ လေ့ကျင့်ရေးကွင်းအဖြစ်လည်း အသုံးပြုဖူးသည်။[၁][၂]
Remove ads
အဆင့်မြှင့်တင်ခြင်း
၂၀၂၂ခုနှစ်တွင် အားကစားကွင်းအား အကြီးစားပြန်လည်ပြင်ဆင်ခဲ့သည်။ အနောက်ဘက်တွင် (၄၈၀×၆၀) ပေ ပွဲကြည့်စင်၊ အရှေ့ဘက်တွင် (၄၈၀×၃၅)ပေ ပွဲကြည့်စင်၊ မြောက်ဘက်တွင် (၂၈၀×၃၅)ပေ ပွဲကြည့်စင်များ တည်ဆောက်ခဲ့သည်။ ထို့အပြင် နိုင်ငံတကာအဆင့်မီပြေးလမ်းနှင့် မြက်ခင်းပြင်အဆင့်မြှင့်တင်ခြင်းလည်း ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာအဆင့်မီကွင်းတစ်ကွင်း ဖြစ်လာခဲ့သည်။ ကုန်ကျငွေ (၆,၉၂၇)သန်း ကုန်ကျခဲ့သည်။ ဘောလုံးကွင်းပြန်လည်ဖွင့်လှစ်ခြင်းကို ၂၀၂၂ခုနှစ် ဇူလိုင်လ ၂၀ရက်နေ့တွင် ကျင်းပခဲ့သည်။ [၃][၄]

Remove ads
ပြခန်း
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads