အောင်မြေသာစံမြို့နယ်

From Wikipedia, the free encyclopedia

အောင်မြေသာစံမြို့နယ်
Remove ads

အောင်မြေသာစံမြို့နယ် သည် မန္တလေးမြို့ မြောက်ဘက်အပိုင်းတွင် တည်ရှိသည့် မြို့နယ်တစ်ခုဖြစ်သည်။ အောင်မြေသာစံခရိုင် ရုံးစိုက်ရာ မြို့နယ်လည်းဖြစ်သည်။ အနောက်ဘက်တွင် ဧရာဝတီမြစ်နှင့် ပုသိမ်ကြီးမြို့နယ်၊ မြောက်ဘက်နှင့် အရှေ့ဘက်တွင် ပုသိမ်ကြီးမြို့နယ်နှင့် တောင်ဘက်တွင် ချမ်းအေးသာဇံမြို့နယ်တို့က ဝန်းရံလျက်ရှိသည်။ အောင်မြေသာစံမြို့နယ်တွင် မန္တလေးမြို့၏ အထင်ကရနေရာများဖြစ်သည့် မန္တလေးတောင်နှင့် မန္တလေး နန်းတော်တို့ တည်ရှိသည်။

အချက်တိုများ အောင်မြေသာစံမြို့နယ်, Aungmyethasan Township ...
Remove ads

သမိုင်းကြောင်း

၁၉၄၉ခုနှစ်က မန္တလေးမြို့ ရွှေတချောင်းကို ဗဟိုပြုလျက် အိုးဘိုရပ်ကွက်မှ အရှေ့ဘက် ရေနီမြောင်းအထိ အရှေ့ဘက်ခြမ်း ဟူ၍လည်းကောင်း၊ အိုးဘိုရပ်ကွက်မှ တောင်ဘက် သံလျှက်မှော်နယ်အဆုံး အနောက်ဘက်နတ်ကုန်းရွာအထိ အနောက်ဘက်နယ်အဖြစ် သတ်မှတ်ခဲ့သည်။၁၉၆၅ခုနှစ် အောက်တိုဘာလ၁ရက်နေ့တွင် တော်လှန်ရေးအစိုးရက မန္တလေးမြို့ကို အရှေ့တောင်မြို့နယ်၊ အရှေ့မြောက်မြို့နယ်၊ အနောက်တောင်မြို့နယ်၊ အနောက်မြောက်မြို့နယ်အဖြစ် သတ်မှတ်အုပ်ချုပ်ခဲ့သည်။ ထိုစဉ်က လက်ရှိ အောင်မြေသာဇံမြို့နယ်သည် အနောက်မြောက်မြို့နယ်တွင်ပါဝင်ခဲ့ပြီး ရပ်ကွက်၁၆ခု ရှိခဲ့သည်။ နိုင်ငံတော်ငြိပ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာနက ၁၀.၁၂.၁၉၉၂တွင် မန္တလေး လေးမြို့နယ်အား ငါးမြို့နယ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး အောင်မြေသာဇံမြို့နယ်ကို ရပ်ကွက် ၁၉ခုဖြင့်ဖွဲ့စည်းခဲ့သည်။၁၉၉၆ခုနှစ်တွင် အောင်မြေသာဇံမှ အောင်မြေသာစံသို့ အမည်ပြောင်းလဲခဲ့သည်။[]

Remove ads

ပထဝီဝင်အနေအထား

မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၅မိနစ် ၄၈စက္ကန့်နှင့် ၂၂ဒီဂရီ ၀၁မိနစ် ၃၀စက္ကန့်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၀၃မိနစ် ၄၂စက္ကန့်နှင့် ၉၆ဒီဂရီ ၀၇မိနစ် ၅၄စက္ကန့်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၄.၃၈မိုင်၊ တောင်မှမြောက်သို့ ၂.၉၄မိုင်ရှိပြီး ၁၁.၀၃စတုရန်းမိုင် ကျယ်ဝန်းသည်။[]

နယ်နိမိတ်

အောင်မြေသာစံမြို့နယ်၏ အရှေ့ဘက်နှင့် မြောက်ဘက်တွင် ပုသိမ်ကြီးမြို့နယ်၊ တောင်ဘက်တွင် ချမ်းအေးသာစံမြို့နယ်၊ အနောက်ဘက်တွင် ဧရာဝတီမြစ်ခြားကာ စစ်ကိုင်းမြို့နယ်တို့တည်ရှိသည်။

မြေမျက်နှာသွင်ပြင်

ပင်လယ်ရေမြေနှာပြင်အထက် ၂၅၆ပေအထက်တွင်တည်ရှိကာ မြေပြန့်လွင်ပြင်သည်။ မြို့နယ်၏ အနောက်ဘက်တွင် ဧရာဝတီမြစ်က မြောက်မှ တောင်သို့ စီးဆင်းနေသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၇၇၆ပေမြင့်သော မန္တလေးတောင်သည် မြို့နယ်၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည်။

Remove ads

လူဦးရေ

အောင်မြေသာစံမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရှမ်း၊ချင်း၊ကချင်၊ကရင်၊ရခိုင်၊ကယား၊မွန် လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ဟိန္ဒူ၊ခရစ်ယာန်နှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်လူဦးရေ၏ ၆.၇၁%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊ပါကစ္စတန် စသည့်လူမျိုးများဖြစ်သည်။[]

နောက်ထပ် အချက်အလက်များ ခုနှစ်, လူဦးရေ ...

စီးပွားရေး

မန္တလေးမြို့သည် စီးပွားရေးအချက်အချာကျသော နေရာဖြစ်သည့် အားလျော်စွာ မြို့နယ်များသည်လည်း စီးပွားရေးဖွံ့ဖြိုးသည်။ အောင်မြေသာစံမြို့နယ်တွင် တပ်မတော်ပိုင် သားရေစက်ရုံ၊ပုဂ္ဂလိကပိုင် မန္တလေးဘီယာစက်ရုံ၊ဆပ်ပြာစက်ရုံ၊အချိုရည်စက်ရုံ၊ဓာတ်ငွေ့စက်ရုံ၊နိုင်ငံတော်ပိုင် တိုင်းရင်းဆေးဝါးစက်ရုံ၊အရက်ချက်စက်ရုံများတည်ရှိသည်။ ထို့အပြင် ပုဂ္ဂလိကပိုင် ရေခဲစက်၊သစ်စက်များကာ အိမ်တွင်းစက်မှုလုပ်ငန်း ၃၀၀ကျော်ရှိသည်။

ဈေးများ

မင်းတုန်းမင်းလက်ထက်တော်ကပင်ရှိခဲ့သော ဈေးများအပါအဝင် ဈေးများစွာရှိသည်။

  • နန်းတော်ရှေ့ဈေး

Thumb

  • မိဘဈေး
  • ဆရာစံဈေး
  • ညောင်ပင်ဈေး
  • မန်းသီရိဈေး
  • သီရိမန္တလာဈေး
  • မင်းတဲလမ်းဆုံဈေး
  • သီရိမာလာဈေး
  • ယောမင်းကြီးဈေး
  • သရဲဈေး
Remove ads

ပို့ဆောင်ဆက်သွယ်ရေး

အောင်မြေသာစံမြို့နယ်၏ အနားသတ်ဖြစ်သော ဧရာဝတီမြစ်တွင် ရေမိုင်၂မိုင်ခန့် ရေကြောင်းခရီးသွားလာနိုင်သည်။ မန္တလေးမှ စစ်ကိုင်းတိုင်းဒေသကြီးနှင့် အထက်ဘက်သို့သွားရာ သီရိမန္တလာကားကွင်း၊ကချင်ပြည်နယ်နှင့် အထက်ဘက်သို့သွားရာ ဒေါနဘွားကားကွင်းတို့တည်ရှိသည်။ မြို့နယ်၏မြောက်ဘက်တွင် မန္တလေး-မိုးကုတ်-မြစ်ကြီးနားလမ်းရှိသည်။

မြို့နယ်တွင်းလမ်းပန်းဆက်သွယ်ရေးတွင် အရှေ့ခြမ်းနှင့် အနောက်ခြမ်းအလယ်တွင် မန္တလေးနန်းတော်ကခံနေ၍ ၎င်းကို ပတ်၍သွားရသည်။

Remove ads

ပညာရေး

အဆင့်မြင့်ပညာ

အောင်မြေသာစံမြို့နယ်တွင် နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် တိုင်းရင်းဆေးတက္ကသိုလ်တို့ တည်ရှိသည်။ တိုင်းရင်းဆေးတက္ကသိုလ်အနီးတွင် တိုင်းရင်းဆေးသိပ္ပံလည်းတည်ရှိသည်။ အခြားတက္ကသိုလ်တစ်ခုမှာ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ဖြစ်သည်။

အခြေခံပညာ

အထက

အထက်တန်းကျောင်း ၁၂ကျောင်းရှိသည်။

နောက်ထပ် အချက်အလက်များ ကျောင်းအမည်, ပုံများ ...

အထက (ခွဲ)/အလက

နောက်ထပ် အချက်အလက်များ ကျောင်းအမည်, ပုံများ ...

အမက

မူလတန်း၊ မူလွန်၊ အလယ်တန်း(ခွဲ) ၃၇ကျောင်းရှိသည်။

Remove ads

ကျန်းမာရေး

ဆေးရုံများ

  • အလုပ်သမားဆေးရုံ
  • မျက်စိ၊နား၊နှာခေါင်းဆေးရုံ
  • တိုင်းရင်းဆေးရုံ
  • အကျဉ်းဦးစီးဌာနဆေးရုံ
  • ဇီဝိတဒါန သံဃာ့ဆေးရုံ

ထင်ရှားသောနေရာများ

သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ

ယခင်ကမြို့တော်၏ ဗဟိုနေရာဖြစ်ခဲ့သည့်အားလျော်စွာ သမိုင်းဝင်နေရာများစွာတည်ရှိသည်။

နောက်ထပ် အချက်အလက်များ ထင်ရှားသောနေရာများ, ပုံများ ...

ပြတိုက်များ

မန္တလေးနန်းတော်အတွင်းတွင် မန္တလေးနန်းတွင်းပြတိုက်နှင့် နန်းမြို့ရိုးအပြင်ဘက် အနောက်ဘက်အရပ်တွင် လမ်း ၈၀၊ ၂၄လမ်းထောင့်တွင် မန္တလေးယဉ်ကျေးမှုပြတိုက်တို့လည်းရှိသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads