အောင်လအန်ဆန်း

ကိုယ်ခံပညာသိုင်းပေါင်းစုံတိုက်ခိုက်ရေးသမား From Wikipedia, the free encyclopedia

အောင်လအန်ဆန်း
Remove ads

အောင်လအန်ဆန်း (အင်္ဂလိပ်: Aung La Nsang)သည် အမေရိကန်နိုင်ငံ၊ အသုံးချ ကိုယ်ခံပညာ တိုက်ခိုက်ရေးလောက ပညာရှင်များသာ ယှဉ်ပြိုင်သည့် ပွဲစဉ်များတွင် မြန်မာ့စပါးအုံးမြွေ (Burmese Python) ဟု တင်စားခေါ်ဝေါ်ခြင်းခံရသော မြန်မာနိုင်ငံသားကချင်‌လူမျိုး၊ အမေရိကန်နိုင်ငံသား ကိုယ်ခံပညာသိုင်းပေါင်းစုံတိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်သည်။ အရပ် ၆ ပေ ၁ လက်မနှင့် ခန္ဓာကိုယ် အလေးချိန် ၁၈၅ ပေါင်ရှိပြီး ကျောပြင်ပခုံးနေရာတွင် "Jinghpaw" ဟု တက်တူးရေးထိုးထားသော MMA လိုက်ဟဲဗီးဝိတ်တန်းရှင်ဖြစ်သည်။ စင်္ကာပူအခြေစိုက် ဝမ်းချန်ပီယံရှစ် (ONE Championship) အဖွဲ့အစည်းက ကျင်းပသည့် ဝမ်းချန်ပီယံရှစ်ခါးပတ်လုပွဲများတွင် လိုက်ဟဲဗီးဝိတ်တန်းနှင့် မစ်ဒယ်ဝိတ်တန်းတို့တွင် ချန်ပီယံဖြစ်ခဲ့သည်။ ယခုလက်ရှိအချိန်တွင် လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံဖြစ်သည်။[][]

အချက်တိုများ Aung La Nsang, မွေးဖွား ...
Remove ads

အတ္ထုပ္ပတ္တိ

အောင်လသည် ရတနာလုပ်ငန်းရှင် ဦးအင်ဆန်တူးအောင်နှင့် ဒေါ်ရှဒန်နန်ဘူတို့၏ မွေးချင်း ၅ ယောက်ထဲက တတိယမြောက်သား ဖြစ်သည်။ ကချင်ပြည်နယ်မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်မှ ကချင်တိုင်းရင်းသားတဦး ဖြစ်ကာ အတန်းပညာကို ရန်ကုန် International School တွင် တက်ရောက် သင်ကြားခဲ့ပြီး၊ ၂၀၀၁ ခုနှစ် အကုန် ၂၀၀၂ ခုနှစ်တွင် အမေရိကားမှာ စတင် အခြေချနေထိုင်၍ အမေရိကန်နိုင်ငံ မစ်ရှီဂန်ပြည်နယ်၊ အင်ဒရူးတက္ကသိုလ်မှ စိုက်ပျိုးရေး ဘာသာရပ်နှင့် ဘွဲ့ရရှိထားသူ ဖြစ်သည်။ ၂၀၀၅ ခုနှစ်၊ တက္ကသိုလ် တက်နေစဉ် ကာလမှာပင် အပျော်တမ်း ကလပ်ပွဲများ၌ ယှဉ်ပြိုင် ထိုးသတ်နေခဲ့ပြီး၊ ပညာရှင်လက်ဝှေ့ လောကထဲ ဝင်ရောက် လာသူဖြစ်သည်။

အောင်လသည် No-Gi ခေါ် အားကစား ကို ကောလိပ်ကျောင်းသား ဘဝ ၂၀၀၅ ခုနှစ်မှာ စတင် ကစားရာမှ Martial Art သို့ ကူးပြောင်း လာသူဖြစ်သည်။ သူသည် ဘီဂျေဂျေ (B.J.J) ခေါ် ဂျပန်သိုင်း ကစားနည်း တမျိုးမှ ဆင်းသက်လာသော ဘရာဇီးလီးယမ်း ဂျူးဂျစ်ဆု (Brazilian Jiu Jitsu) နှင့် ထိုင်းနိုင်ငံမှ မွေထိုင်းလက်ဝှေ့ (Muay Thai) ကို လိုက်စားခဲ့သူ ဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် မေရီလန်းပြည်နယ် ဘော်လ်တီမိုးလ်မြို့သို့ ပြောင်းရွှေ့လာခဲ့ပြီး ဘရာဇီးလီယမ်း Crazy 88 အမည်ရှိ MMA ကလပ်အသင်းတွင် ဝင်ရောက် လေ့ကျင့်နေခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ပွဲဦးထွက် Emerson Rushing ရှုံးနှိမ့်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ၃ပွဲ ဆက်တိုက် အနိုင်ရခဲ့သည်။ မေလ ၂၀၀၉ ခုနှစ် အင်ဒီယားနားပြည်နယ်တွင် ထိုးသတ်ခဲ့သည့် စစ်ပြန်ဟောင်း ပြိုင်ဖက် ခရစ္စပရိုက်စ် (Chris Price) ကို ပထမ အချီမှာပင် Guillotine Choke ဖြင့် အနိုင်ယူခဲ့ကာ နာမည်ရလာခဲ့သည်။ ထိုတိုက်ကွက်မှာ ပြိုင်ဖက်၏ဦးခေါင်းကို ဂျိုင်းအောက်ထဲ ညှပ်ထဲ့ထားကာ အသက်ရှု မရအောင် ညစ်ပြီး ချုပ်တိုက်သော တိုက်ကွက်တစ်ခု ဖြစ်သည်။

၂၀၁၀ ဒီဇင်ဘာ ၃ ရက်နေ့ နယူးဂျာစီပြည်နယ် အက်တလန်တစ်မြို့တွင် ကျင်းပသော Ring of Combat XXXIII ပြိုင်ပွဲတွင် Constantinos Philippou ကို ရှုံးနှိမ့်ခဲ့ကာ UFC (Ultimate Fighting Champion) အတန်းဆီ တက်ရောက်နိုင်ရန် နှောင့်နှေးခဲ့သည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် နယူးဂျာစီ ပြည်နယ်၊ အတ္တလန်တစ်မြို့တွင် မယ်ဒယ်လ်ဝိတ်တန်း R.O.C -37 ( Ring of Combat - 37) ၌ Casey Manrique နှင့်ယှဉ်ပြိုင် ထိုးသတ်ရာ ဒုတိယ အချီတွင် အနိုင်ရခဲ့သည်။

Remove ads

ONE Championship ချန်ပီယံ ရရှိခြင်း

၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသော ကိုယ်ခံပညာပေါင်းစုံ အသုံးပြုယှဉ်ပြိုင်သည့် MMA (One Championship) ပြိုင်ပွဲ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် အောင်လအန်ဆန်က လက်ရှိ ချန်ပီယံ ဘစ်ဒက်ရှ်ကို လက်ရည်အသာဖြင့် ထိုးသတ်ပြီး အမှတ်ဖြင့် အနိုင်ရကာ ကမ္ဘာ့ချန်ပီယံဆု ဆွတ်ခူးနိုင်သော ပထမဆုံး မြန်မာတစ်ဦး ဖြစ်လာသည်။[]

MMA ပြိုင်ပွဲမှတ်တမ်း

နောက်ထပ် အချက်အလက်များ Res., Record ...
Remove ads

ရရှိခဲ့သောဆုများ

  • ၂၀၁၈ နိုင်ငံတကာအကောင်းဆုံးဖိုက်တာဆု
    • ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ လာ့ဗီးဂတ်မြို့၌ ကျင်းပခဲ့သည့် World MMAAwards 2018 ဆုပေးပွဲတွင် ၂၀၁၈ နိုင်ငံတကာအကောင်းဆုံးဖိုက်တာဆု (2018 International Fighter of the Year) ဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုဆုပေးပွဲကို ဗြိတိန်တွင် အခြေစိုက်သည့် Fighter Only မဂ္ဂဇင်းက ရွေးချယ်ချီးမြင့်ခြင်း ဖြစ်သည်။ ဤဆုပေးပွဲတွင် အောင်လအန်ဆန်းသည် တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၏ ဆန်ကာတင်စာရင်းတွင်လည်း ပါဝင်ခဲ့သေးသည်။[][][]
Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads