ကချင်လူမျိုး
မြန်မာ တိုင်းရင်းသားများ From Wikipedia, the free encyclopedia
Remove ads
ကချင်လူမျိုးများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၏ တရားဝင်အသိအမှတ်ပြု တိုင်းရင်းသားတွင်တစ်ခုအပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းတောင်တန်းဒေသများ၊အဓိကအားဖြင့် ကချင်ပြည်နယ်အတွင်း တွင်အခြေချနေထိုင်သော တိဗက်-ဗမာအုပ်စု ဝင်လူမျိုးများဖြစ်သည်။

Remove ads
ကချင် တိုင်းရင်းသားအုပ်စုများ
မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံ၏ ယူနန်ပြည်နယ်နှင့် အိန္ဒိယအနောက်မြောက်ပိုင်းတန်းများတွင် နေထိုင်ကြသော တိဗက်-ဗမာ(Tibeto-Burman) လူမျိုးများဖြစ်ကြသည်။
Jingpho (ဂျိန်းဖော့)
ဂျိန်းဖော့ ဘာသာစကားသည် တရုတ်-တိဗက်ဘာသာစကား၏ တိဗက်-ဗမာအုပ်စုတွင်ပါဝင်သော jingpoic အုပ်စုအတွင်းမှ မူလအဖွဲ့ဖြစ်သည်။ မျိုးရိုးဗီဇ အရ ဂျိန်းဖော့များတွင် အာရှမြောက်ပိုင်းမှ မူလထွက် Sino-Tibetan-related Tibeto-Burman တိုင်းရင်းသားများနှင့် ဆက်စပ်မှုရှိပြီး Haplogroups O2a2b1a1 (M117), D1a1a, C2b တို့ဖြစ်သည်။
Zaiwa (ဇိုင်ဝါး)
ဇိုင်ဝါးဘာသာစကား သည် Jingpoic အုပ်စုအတွင်းပါဝင်ပြီး ဂျိန်းဖောဘာသာစကားနှင့် နီးစပ်ဆုံးဘာသာဖြစ်သည်။ တချို့နေရာများတွင် Atsi နှင့်အတူ သုံးကြသည်။မျိုးရိုးဗီဇအရ ဂျိန်းဖော့နှင့် အတူတူသော Haplogroup များ (O2a2b, D1a1a) ပါဝင်သော်လည်း တရုတ်နိုင်ငံအနီးတွင် ဟန်တရုတ်ရောနှောမှု အနည်းငယ်ရှိသည်။ဇိုင်ဝါးဘာသာစကားသည်မူရင်း Jingpoic ဖြစ်သော်လည်း ဗမာဘာသာစကားနှင့် ဆက်သွယ်မှုအများအပြားရှိသည်။
Lachik (လာချိဒ်)
လာချိဒ် ဘာသာစကားသည် ဂျိန်းဖောဘာသာစကား ၏ ဒေသိယစကားသံ တစ်ခုဖြစ်ပြီး ဇိုင်ဝါး နှင့် ဂျိန်းဖော့ နှစ်မျိုးလုံးနဲ့ နီးစပ်။ မျိုးရိုးဗီဇ တွင်ဂျိန်းဖော့နှင့် တူညီသော်လည်း ပြည်မဗမာလူမျိုးကဲ့သို့သော လိုလို-ဗမာအုပ်စုများနှင့် ရောနှောမှု ပိုများသည်။
Lisu (လီဆူ)
လီဆူဘာသာစကားသည် တရုတ်-တိဗက်ဘာသာစကား၏ တိဗက်-ဗမာအုပ်စုမှ လိုလို-ဗမာကိုင်းခွဲတွင်ပါဝင်သော လိုလိုနွယ်ဘာသာစကားထဲတွင်ပါဝင်သည်။ မျိုးရိုးဗီဇ တွင် Haplogroup D1a1a, O2a2b1a တွေ့ပြီး ဂျိန်းဖော့ထက် လိုလို-ဗမာအုပ်စုဝင်များနှင့် ဆက်စပ်မှု ပိုရှိသည်။
Rawang (ရဝမ်)
ရဝမ်ဘာသာစကားသည် တရုတ်-တိဗက်မိသားစု၏ တိဗက်-ဗမာအုပ်စုမှ နုံဘာသာစကားအုပ်စုတွင်ပါဝင်သည်။မျိုးရိုးဗီဇတွင် Haplogroups D1a1a1, O2a2b1a အများအပြားတွေ့ရပြီး တိဗက်နဲ့ မြန်မာမြောက်ပိုင်းတွင်ရှိသူများနဲ့ဆက်နွယ်နေသည်။ ဂျိန်းဖောနှင့် မဆက်သွယ်ဘဲ (နုံ)Nungish ဖြစ်သော်လည်း ကချင်အုပ်စုဝင်တိုင်းရင်းသားများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။
Maru (မရူ/လော်ဝေါ်)
ခေတ်ဟောင်းဘာသာစကားတွင် လိုလို-ဗမာအုပ်စုများနှင့်တူညီသော်လည်း ဂျိန်းဖော့ဘာသာစကား၏ လွှမ်းမိုးမှုဖြင့် လော်ဝေါ် ဘာသာစကား သည်Jingpoic → Atsi-Maruphonic group အဖြစ်ထည့်သွင်းထားသည်။လော်ဝေါ်လူမျိုးများတွင် O1b1a ကဲ့သို့ဗမာဆန်သော မျိုးရိုးလိုင်းလည်းတွေ့ရသည်။ “
Remove ads
ကချင် အုပ်စုကွဲများ
ဂျင်းဖော (ဂျိန်းဖော/ဂျိန်ဖော့/ဂျိမ်းဖော) ဆိုသော စကားမှာ ယေဘုယျအားဖြင့် ကချင်များကို ခေါ်ဝေါ်သော်လည်း ဒေသအလိုက်ဆိုလျှင် တောင်ဘက် အောက်ဘက်တွင် နေထိုင်ကြသော ကချင်များကို ခနာမ်(Hkap Nam)ဟု ခေါ်၍ အထက်ဘက် (မြစ်ဖျားဘက်) တွင် နေထိုင်သော ကချင်များကို “ ခခူး(Hkap Hku) ” ဟု ခေါ်ကြသည်။ ခခူး ဟူသော ကချင်စကားမှာ မြစ်ဖျားဟု အဓိပ္ပာယ် ရလေသည်။ ကချင်လူမျိုးတို့၏ အစဉ်အလာအားဖြင့် သူတို့သည် “ ဝချက်ဝ ” ဆိုသော ရှေးဦး ဖခင်ကြီးမှ ဆင်းသက် ပေါက်ဖွားလာကြသည်ဟု ယုံကြည်ကြသည်။ ဖခင်ကြီး ဝချက်ဝမှာ သားငါးဦးရှိရာ ထိုသားငါးဦးမှ ကြီးစဉ်ငယ်လိုက် ထင်ရှားသော လူမျိုး အုပ်စုကြီး (၅) ခု ဖြစ်ပေါ်လာသည်ဟု အဆိုရှိသည်။ ထိုသူတို့မှာ
- မရစ်
- လထော်
- လဖိုင်
- အင်ခွမ် နှင့်
- မရန် တို့ ဖြစ်ကြသည်။ အစ်ကို အကြီးဆုံးမှ ပေါက်ဖွား ဆင်းသက်လာကြသော မရစ်အုပ်စုမှာ ၎င်းတို့ လူမျိုးစုထဲတွင် ဝါအရင့်ဆုံး ဖြစ်၍ လဖိုင်အုပ်စုမှာ အင်အား အကြီးဆုံး ဖြစ်သည်။ ဤလူမျိုးအုပ်စု (၅) စုတို့သည် ရှေးယခင်အခါက လူမျိုးချင်း ရောယှက်ကာ အတူတကွ နေထိုင်လေ့ ရှိခဲ့ကြသည်။ အဆိုပါ အုပ်စုကြီး (၅) ခုအပြင် ဖခင်ကြီး ဝချက်ဝ၏ ညီငယ်(၇) ဦးမှ ဆင်းသက် ပေါက်ဖွားလာကြသည်ဆိုသော အခြား လူမျိုးအုပ်စု (၁၅) လည်း ရှိသေးသော်လည်း ထင်ရှားခြင်း မရှိကြချေ။
Remove ads
ကချင်တို့၏ မူလဇစ်မြစ်
ကချင်လူမျိုးတို့၏ မူရင်းဒေသမှာ မဂျွိုင်းရှင်ရာဘွန်( Majoi Shingra Bum) ဖြစ်သည်ဟု မိရိုးဖလာ မှတ်သားထားကြသည်။ ထိုစကား၏ အဓိပ္ပာယ်မှာ သဘာဝအားဖြင့် ပြန့်ပြူးနေသော တောင်ထိပ်ဖြစ်သည်။ ဤပြန့်ပြူးနေသော တောင်ထိပ်မှာ တိဗက်ပြည် အရှေ့ဘက်နှင့် စီချွန်နယ် အကြားရှိ ကုန်းမြင့်ဒေသဖြစ်မည်ဟု သုတေသနများတွင် ယူဆကြသည်။ နောင်တွင် မြန်မာနိုင်ငံမြောက်ပိုင်းသို့ တဖြည်းဖြည်း ရောက်ရှိလာပြီး ယနေ့ကချင်ပြည်နယ်အတွင်း ရွေ့ပြောင်းအခြေချနေထိုင်လာခဲ့ကြသည်ဟု ယူဆရသည်။
ရွှေ့ပြောင်းနေထိုင်လာပုံ
ကချင်မျိုးနွယ်တို့သည် တိဗက်-ဗမာ အနွယ်ဝင်များအနက် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နောက်အကျဆုံး ဝင်ရောက်လာသည့် လူမျိုးစုဖြစ်သည်ဟုခန့်မှန်းရသည်။ ထိုသို့ဝင်ရောက်ရာတွင် မြန်မာ(ဗမာ)အများစုကဲ့သို့ အရှေ့ဘက် ရှမ်းပြည်နယ် မြောက်ပိုင်း နှင့် အနောက်ဘက် စစ်ကိုင်းတိုင်း အနောက်ဘက် ဒေသများမှ ဝင်ရောက်လာခြင်းမျိုး မဟုတ်ပဲ မြောက်ဘက်စူစူးမှ ဝင်ရောက်လာသည်ဟုဆိုကြသည်။ ထိုဒေသမှာ တောတောင်ထူထပ်သည့်အတွက် အုပ်စုများအကြား အချင်းချင်း ဆက်သွယ်မှု နည်းပါးခဲ့ကြသည့်အတွက် လူမျိုးစုများ၊ ဘာသာအယူအဆများ နှင့် ယဉ်ကျေးမှုဆိုင်ရာများ ပါ အနည်းနှင့်အများ ဆိုသလိုကွဲပြားခဲ့ကြရသည်။ ကချင်မျိုးနွယ်စုများအတွင်း လူဦးရေအများဆုံးမှာ ဂျိန်ဖော် ဖြစ်သည်။ တောင်ဘက် ဒေသများသို့ ရွှေ့ပြောင်းလာကြရာတွင် ကချင်တို့သည် တရုတ်၊ မြန်မာ၊ တိဗက်နှင့် အာသံပြည်တို့၏ နယ်စပ်များ ဆုံရာ တောတောင် ထူထပ်လှသော ဒေသတဝိုက်သို့ ရောက်ရှိလာပြီးနောက် ထိုဒေသမှ အခွင့်သာလျှင်သာသည့်အလျှောက်တောင်ဘက် မြန်မာနိုင်ငံအတွင်းသို့ တဖြည်းဖြည်း ရွှေ့ပြောင်းလာခဲ့ကြဟန်တူသည်။ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် တြိဂံနယ်မြေ (မေခနှင့် မေလိခ မြစ်နှစ်သွယ် စပ်ကြားရှိ သုံးထောင့်ဒေသ) သို့ ရောက်သောအခါတွင် ရှေ့သို့ ဆက်လက် ရွှေ့ပြောင်းခြင်း မပြုပဲ ကာလအတန်ကြာ အခြေစိုက်ခဲ့ကြဟန်တူသည်။ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိပြီးနောက် တောင်တန်းများတလျှောက် တောင်ဘက် ဆွမ်ပရာဘွမ်သို့၊ ဆွမ်ပရာဘွမ်မှသည် တောင်ဘက် တောင်ရိုးအတိုင်း၎င်း၊ အနောက်တောင်ဘက် ဒရုချက်သို့၎င်း၊ ထပ်မံခွဲသွားသည့် လမ်းတစ်သွယ်၊ တြိဂံနယ်အတွင်းရှိ တောင်တန်းအတိုင်း ဆက်လာ၍ မေခမြစ်ရိုးတစ်လျှောက် တောင်ဘက်သို့ ဆင်းလာသည့် လမ်းတစ်သွယ် ဤသို့ လမ်းနှစ်သွယ် ကွဲပြားကာ ရွှေ့ပြောင်း ပျံ့နှံ့ခဲ့ကြသည်ဟု ယူဆကြလေသည်။
Remove ads
အမည်
ကချင်ဟူသော ဝေါဟာရမှာ အမှန်စင်စစ် မြန်မာတို့ခေါ်သော ဝေါဟာရသာ ဖြစ်သည်။ ကချင်လူမျိုးတို့၏ ဝေါဟာရ မဟုတ်ချေ။ ကချင်လူမျိုးများသည် မိမိတို့ကိုယ် မိမိ “ ဂျိန်းဖောလူမျိုး ” ဟုသာ ခေါ်ဝေါ်ကြသည်။ တရုတ်တို့ကမူ ကချင်တို့ကို “ ဂျင်ဖော့ဆူ ” ဟု ခေါ်ကြသည်။ အဓိပ္ပာယ်မှာ “ ဂျိန်းဖော့လူမျိုး” ဟု ရရှိသည်။ တောင်ထိပ်သား ဟု အဓိပ္ပာယ်ရသည်။ အလွန်ရှေးကျသော မြန်မာ ကျောက်စာများတွင် ကချင် ဆိုသောစကား သုံးနှုန်းထားသည်ကို မတွေ့ရပေ။ သက္ကရာဇ် (၈၀၄) ခုတွင် ရေးထိုးသော ညောင်ဦး ရွှေစည်းခုံ ဥညံနဝ ကျောက်စာတွင် “ကခြင်” ဟု ရေးထိုးထားသည်ကို ပထမဦးဆုံး တွေ့ရှိရသည်။သို့သော် မြန်မာဘုရင် အမရပူရ ပထမနန်းတည်မင်းလက်ထက် အိမ်ရှေ့မင်းကြီးကျောက်စာတွင် ပြည်မြန်မာ ရှိ တိုင်းငယ် ပြည်ငယ်တို့ကို မှတ်တမ်းတင်ခဲ့ရာ ယနေ့ ကချင်ပြည် ကို "ကိခိရဌတိုင်း" ဟုခေါ်ဆိုခဲ့ပြီး ကချင်လူမျိူးတို့ကို လည်း "သိန်းပေါ" "Theinbaw" ဟူ၍ ခေါ်ဆိုခဲ့ကြသည်။
စစ်သူကြီး မဟာဗန္ဓုလ အာသံသို့ စစ်ချီတက်သော အခါ မိုးကောင်းအထက်မှ တောင်စား စော်ဘွား ဒူဝါကြီးများကို ဒူဝါ ဒိုင်ဖာ့ဂမ် ဆိုသူ က ဦဆောင်းပြီး အာသံဘုရင် ကို နှိမ်နင်းရာ၍ ပါဝင်ခဲ့သည်။ ဟူးကောင်းပြည် အပိုင်စား ဒူဝါ ဒိုင်ဖာ့ဂမ် ဆိုသူမှာ မြန်မာသမိုင်းတွင် ဖော်ပြခံရသော ဗိုလ်နေမျိုးသိန်းပရာဇာဖြစ်သည်။
Remove ads
ရိုးရာဓလေ့နှင့်ယဉ်ကျေးမှု
ရိုးရာဓလေ့နှင့်ယဉ်ကျေးမှု
ကျေးရွာတိုင်း ကျေးရွာတိုင်းတွင် ဆလန်(salang) ဟုခေါ်သော ကျေးရွာလူကြီးများ ရှိသည်။ ဆလန် ကို ပေါမှိုင်းဟု အခေါ်များသည်။ ထိုသူတို့သည် မိမိကျေးရွာအတွင်း အမှုအခင်း၊ သာရေးနာရေး ကိစ္စများ၌ ဦးဆောင်ကြလေသည်။ ဒူဝါဟုခေါ်သော အကြီးအကဲများမှာ ကျေးရွာပေါင်း (၂၀) မှ (၁၀၀) အထိ အသီးသီး အုပ်ချုပ်ကြသည်။ ကိုလိုနီခေတ်တွင် တောင်အုပ် ဆိုသူများကိုလည်း ခန့်ထားလေသည်။ တောင်အုပ်မှာ ဆလန် နှင့် ဒူဝါတို့ ကြားတွင် ရှိလေသည်။ တောင်အုပ်၏ တာဝန်ဝတ္တရားမှာ အုပ်ချုပ်မှုတွင် ပြေပြစ်လွယ်ကူစေရန် ကျေးရွာလူထုနှင့် ဒူဝါ တို့ကို ဆက်သွယ်ပေးရသူ ဖြစ်သည်။ ခရစ်ယာန် သာသနာပြု ဆရာကြီး ဒေါက်တာအိုလာဟန်းဆန် ဆိုသူမှ ရောမအက္ခရာများဖြင့် ကချင်စာကို တီထွင်ပေးခဲ့သည်။ ကချင်လူမျိုးတို့သည် မိမိတို့ ဘာသာစကားဖြင့် ပြော၍ မဖြစ်သောအခေါ်အဝေါ်များကို ရှမ်းစကားဖြင့်၎င်း တရုတ်စကားဖြင့်၎င်း ခေါ်ကြသည်။
မနောပွဲ
မနောပွဲတော်ကို မြန်မာပြည်တွင် မှီတင်းနေထိုင်သည့် လူမျိုးများစွာမှ လူမျိုးတစ်မျိုးဖြစ်သာ ကချင်လူမျိုးများ နှင့် ယှဉ်တွဲသိရှိကြသည်။ အဆိုပါ မနောပွဲသည် ထင်ရှားသော ပွဲတော်တစ်ခုဖြစ်သည်။ ပွဲတော်ကို နှစ်စဉ် ကချင်ပြည်နယ်တစ်ခုလုံးကျင်းပလေ့ရှိသည်။ ပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက် (၃) ခုရှိသည်။ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ကျင်းပခြင်း၊ တိုက်ပွဲများကိုအောင်နိုင်ခြင်းနှင့် လူမျိုးစုပြန်လည် စည်းလုံးညီညွတ်ရေးအတွက် ကျင်းပခြင်းဟူ၍ ဖြစ်သည်။ မနောပွဲတော်ကို ကျယ်ဝန်းသော ကွင်းပြင်အလယ်တွင် မနောတိုင်ထောင်ထား၍ကျင်းပသည်။ အဆိုပါ မနောတိုင်ထောင်ထားရာကွင်းလယ်သို့ ရိုးရာဝတ်စုံများ ဝတ်ဆင်ထားသော ကချင်အမျိုးသားအမျိုးသမီးတို့သည် သံစဉ်အလိုက် စီးမျေားလှည့်ပတ်ကခုန်ကြသည့် ပျော်ရွှင်ဖွယ်ရာ ပွဲတော်တစ်ခုဖြစ်ပေသည်။
Remove ads
အဆိုအကနှင့် တူရိယာများ
ကချင်လူမျိုးများသည် ကခုန်ခြင်း(ကချင် အကကို... ကိုယ်ရည်သွေးအကဟုလည်း ခေါ်ဆိုနိုင်ပေသည်။ ပြည်အက။ ၁၃၇။)၊ သီဆိုခြင်းများတွင် အထူး ဝါသနာထုံသော လူမျိုးများ ဖြစ်ကြသည်။ မင်္ဂလာပွဲများတွင်၎င်း၊ အသုဘကြုံသည့်အခါတွင်၎င်း၊ အခြားနတ်ပွဲများတွင်၎င်း အစုလိုက် အပြုံလိုက် သီဆိုကခုန်လေ့ ရှိကြသည်။ တစ်ယောက်တည်း ကခုန်ခြင်းကား နည်းပါးလှသည်။ ယောက်ျားနှင့်မိန်းမ တွဲဖက်၍ ကကြသော်လည်း တစ်ဦးကိုတစ်ဦး ကိုင်တွယ်ခြင်း မရှိကြချေ။ တစ်ဦးကိုတစ်ဦး သားမွေးယပ်တောင်များဖြင့်သာ ဆက်သွယ်လေ့ ရှိကြသည်။ ကချင်ပြည်နယ်တွင် ထင်ရှားကျော်ကြားလှသော ပွဲတော်ကြီးတစ်ခုမှာ မနောပွဲ(Manau)ခေါ် နတ်ပူဇော်ပွဲကြီးပင် ဖြစ်သည်။ ကချင်လူမျိုးတို့သည် မိရိုးဖလာအားဖြင့် မောင်း(Bau)၊ လင်းကွင်း(Shuksheng)၊ ဗုံရှည်(Htawng)နှင့် ပလွေ[ထူရန်(Htu Ren),ပေါင်(Pau),ဒွန်ဘာ(Dumba),ပီးလန်(Pilang)တို့ကို တီးမှုတ်လေ့ရှိသည်။
ကချင်အမျိုးသားတို့၏ ယဉ်ကျေးမှုတွင် ကချင်ဓါးနှင့်မောင်းသည် အလွန်အရေးပါသော အိမ်ထောင်ပစ္စည်းတစ်ခု ဖြစ်သည်။ ကချင်မနောပွဲတွင် မောင်းသည် ကချင်အမျိုးသားတို့၏ ခြေလှမ်းညီအောင် စိတ်ထားတူအောင် ညီညွတ်ရေး စည်းကမ်းသင်ကြားပေးသကဲ့သို့ ကချင်အမျိုးသမီး၊ အမျိုးသားတို့ ထိမ်းမြားမင်္ဂလာ လက်ထပ်ရာတွင်လည်း မောင်းသည် လက်ဆောင်လက်ဖွဲ့ကောင်း တစ်ခုအဖြစ် ပါဝင်သည်။ [၈]
Remove ads
ဘာသာအယူဝါဒနှင့် စာပေ
ဘာသာ
ကချင်မျိုးနွယ်စုအသီးသီးတွင် ယခင်က(လွန်ခဲ့သော နှစ် ၁၀ဝကျော်) ဘာသာစကားတို့သာရှိခဲ့ပြီး စာပေမှာမူမရှိခဲ့ပေ။ ကိုးကွယ်မှုဆိုင်ရာ အနေဖြင့် ခရစ်ယာန်သာဿနာပြုများမရောက်မှီအချိန်အထိ နတ်ကိုးခြင်းသည်သာ အဓိက ကိုးကွယ်မှုဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ခရစ်ယာန်ဘာသာဝင်များ ဖြစ်လာကြသည့်တိုင် မနောတိုင်မှာ ထင်ရှားသည့် ရိုးရာအမှတ်အသားအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။
အယူဝါဒ
ကချင်လူမျိုးများ သေလျှင် သူတို့ သင်္ချိုင်း ပတ်ပတ်လည်တွင် ကျုံးသဖွယ် မြောင်းများ တူးထားပြီးလျှင် သင်္ချိုင်းပေါ်တွင် ခိုင်ခန့်သော တင်းကုတ်များ ဆောက်လုပ်ကာ အမိုးမိုး၍ ထားတတ်ကြသည်။ သူတို့သေပြီးနောက် ဝိညာဉ်များမှာ ရှေးအဘိုးအဘွားများ၏ ဝိညာဉ်များ ရှိရာသို့ သွားရောက် ပူးပေါင်းကြသည်ဟု အယူရှိကြသည်။ ကချင်တစ်ဦးသေလျှင် သူနေ့စဉ် သုံးလေ့သုံးထရှိသော ဓား၊ လှံ၊ သေနတ်နှင့် အဝတ်အစားများကို သူနှင့်အတူ မြှုပ်နှံလေ့ရှိသည်။
စာပေ
ကချင်စာပေသည်လည်း အချို့သော တိုင်းရင်းသားစာပေတို့နည်းတူပင် (ဥပမာ ချင်းစာပေ) သာသနာပြုရောက်ရှိလာသော ဆရာကြီးများက ရိုးရာအသံထွက်စနစ်ကိုရေးသားနိုင်ရန် လက်တင်အက္ခရာများ(Latin Alphabets)အသုံးပြုပြီး တီထွင်ဖော်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။(Latin-based script)လက်တင်စာအခြေခံသော စာပေအမျိုးအစားဖြစ်သည်။ ကချင်စာပေ နှစ်ရာပြည့်ပွဲကို မကြာမြင့်မီက မန္တလေးမြို့တွင်စုရုံး၍ ကချင်ရိုးရာ မနောအက ထောင်ကာအကများပါဝင်ပြီး ကြီးကျယ်စွာကျင်းပခဲ့သည်။
မြစ်ကြီးနားမြို့တွင် ဒေါက်တာ အိုလာဟန်ဆင်း အားဂုဏ်ပြုမှည့်ခေါ်ထားသော ဟန်ဆင်းပရက်စ် အမည်ဖြင့်ပုံနှိပ်တိုက်လည်းတည်ရှိသည်။
Remove ads
ထင်ရှားသော ကချင်လူမျိုးများ
- ဆရာကြီးမရန်ရော်ဘင် - အင်္ဂလိပ်ခေတ်ပညာဝန်၊ကချင်လွတ်လပ်ရေးတောင်းဆိုခဲ့သူ။
- ပန်မူဒူဝါ လဖိုင်ဇော်တူး - အဂ်လိပ်ထံ ကချင်လွတ်လပ်ရေးတောင်းဆိုခဲ့သူ။
- ဆမားဒူးဝါး ဆင်ဝါးနော် - သမိုင်းဝင် ပင်လုံစာချုပ်လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သော ကချင်ခေါင်းဆောင်ကြီး ဝန်ကြီး။
- ဦးဒိန်ရတန် - သမိုင်းဝင် ပင်လုံစာချုပ်လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သော ကချင်ခေါင်းဆောင်ကြီး။
- ဖော်ယူးခါး - ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ပါဝင်ခဲ့သော နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်)ရ မြန်မာ့တပ်မတော်အရာရှိ၊ကချင်ပြည်နယ်ဥက္ကဋ္ဌ။
- Brigadier Lazum Tang Ji - World War II
- Howa Duwa ဦးခွန်ဖုန်း - ပင်လုံစာချုပ်လက်မှတ်ရေးထိုးသူ၊ Kachin Substate လူထုခေါင်းဆောင်။
- ဗိုလ်မှူးကြီးခွန်နောင် - မေမြို့စစ်တက္ကသိုလ်ကျောင်းအုပ်ဟောင်း၊ နိုင်ငံ့ဂုဏ်ရည်၊နိုင်ငံတော်ကောင်စီဝင်။
- ဗိုလ်မှူးချုပ်အယ်ကွန်ဖန် - မြောက်ပိုင်းတိုင်းစစ်တိုင်းမှူး။
- မိတုန်နော် - မာရသွန် အရှေ့တောင်အာရှချန်ပီယံ
- ရှင်ဗွေဂမ် - မာရသွန် အရှေ့တောင်အာရှချန်ပီယံ
- အားဖူ - မာရသွန် မြန်မာ့ ချန်ပီယံ
- ကော့ဂျာ - ကမ္ဘာ့အိုလံပစ် အမျိုးသမီးဘော်လုံးဒိုင်
- အောင်လအန်ဆန်း - MMAမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ
- ဦးတီခွန်မြတ် - ပြည်ထောင်စုလွှတ်တော် နာယက
- ဒေးဗစ်ထန်း - မြန်မာ့လက်ရွေးစင် ဘောလုံးသမား
- ကွတ်ခိုင်ကျော်မောင် - စတူဒီယိုအဆိုတော်
- အင်ဘန်လ - KIA/KIO ဥက္ကဋ္ဌ
- ဆွမ်လွတ်ဂွမ်မော် - KIAဒုစစ်ဦးစီးချုပ်
- Lခွန်းရီ - အမျိုးသမီးအဆိုတော်
- Lဆိုင်းဇီ - အမျိုးသမီးအဆိုတော်
- Lလွန်းဝါ - အမျိုးသားအဆိုတော်
- ကေဂျာနူး - အမျိုးသမီးအဆိုတော်
- Grace Dumdaw - actress, Model and Singer(Hollywood)
- JZဒေါင်လွဏ်း - စွယ်စုံရအနုပညာရှင်
- မရန်ဆိုင်းနော် - အဆိုတော် ၊ M entertainment ပဲ့ကိုင်ရှင်
- Zအဘောက် - သရုပ်ဆောင်
- May Sabal Hpyu - အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ(ရေဗက္ကာဝင်း အမ)
- ရေဗက္ကာဝင်း - အမျိုးသမီးအဆိုတော်
- နောနော် - အမျိုးသားအဆိုတော် ၊ သရုပ်ဆောင်
- မွန်းအောင် - အမျိုးသားအဆိုတော် (Dennis)
- လဖိုင်ဆိုင်းရော် - The founder of Myanmar's largest civil society group , Metta Development Foundation Founder. She was awarded a Ramon Magsaysay Award .
- B Esther Ze Naw - Kachin Social Activist
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads