အောင်အောင်
လက်ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ် ဖြစ်သည် From Wikipedia, the free encyclopedia
Remove ads
ဦးအောင်အောင် (၁၉၇၃ ဖွား) သည် လက်ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ် ဖြစ်သည်။[၂] ယင်းမတိုင်မီက သူသည် မြန်မာ့တပ်မတော် တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး တာဝန် ထမ်းခဲ့သည်။ [၃]
Remove ads
စစ်မှုထမ်းဘဝ
သူသည် စစ်တက္ကသိုလ် အပါတ်စဉ်(၃၆) ဆင်း ဖြစ်သည်။ တပ်မတော် တွင် ပြန်တမ်းဝင်အမှတ် ကြည်း ၂၅၉၆၀ ဖြင့် စစ်မှုထမ်းသည်။ ရာထူးအဆင့်ဆင့်တိုးကာ ၂၀၁၇ ခုနှစ် တွင် ရခိုင်ပြည်နယ်အခြေစိုက် ခြေမြန်တပ်မ ၃၃ တပ်မမှူး အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။[၄] ယင်းနောက် စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် တွင် အနောက်တောင်ပိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းသည်။[၅] ၂၀၂၂ ခုနှစ် တွင် တိုင်းမှူးအဖြစ်မှ ရှမ်းပြည်နယ် နှင့် ကယားပြည်နယ် တို့ကို တာဝန်ယူရပြီး အရှေ့မြောက်တိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်း နှင့် တြိဂံတိုင်းစစ်ဌာနချုပ် တို့ အပါအဝင် ဒေသတွင်းရှိ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်များနှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်များ အပေါ် စစ်ဆင်ရေးနှင့် လုံခြုံရေးကိစ္စများ စီစဉ်ရသည့် အမှတ် ၂ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ-၂) ရာထူး တိုးမြင့်ခြင်းခံရသည်။[၆] ထိုတာဝန် အား ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ အထိ ထမ်းဆောင်ခဲ့သည်။[၇] [၈]
စစ်မှုထမ်းကာလအရေးယူပိတ်ဆို့ခံရမှု
သူသည် ခြေမြန်တပ်မ ၃၃ တပ်မမှူး အဖြစ် တာဝန်စဉ် ၂၀၁၇ခုနှစ် ဇူလိုင်လ မှ ဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးမှာ ရခိုင်မြောက်ပိုင်း ပဋိပက္ခအတွင်း လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်မှုများထဲ ပါဝင်ပတ်သက်ကြောင်း စိတ်ချယုံကြည်ရဖွယ် ရှိသည့် သတင်းအချက်အလက်များ အရဆိုပြီး အမေရိကန် ၏ အရေးယူပိတ်ဆို့မှုကို ခံရသည်။[၉] ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊အမှတ် ၉၉ ခြေမြန်တပ်မ တပ်မမှူး ဗိုလ်မှူးချုပ် သန်းဦး နှင့် အတူ ၎င်း အား အမေရိကန် က အရေးယူပိတ်ဆို့ ခဲ့ခြင်း ဖြစ်သည်။ [၁၀]
၂၀၂၁ နောက်ပိုင်း အရေးယူပိတ်ဆို့ခံရမှု
၂၀၂၁မြန်မာနိုင်ငံစစ်အာဏာသိမ်းမှု အပြီး သူ့ကို အခြားသော တပ်မတော်ထပ်ပိုင်းခေါင်းဆောင်များနှင့်အတူ အမေရိကန်အပါအဝင် အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှု ထပ်တိုး ပြုလုပ်သည်။[၁၁]
Remove ads
ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာပုံ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ခေါ်ပြီး နောက်ထပ်သက်တမ်း(၆)လ တိုးပြီးသည့် နောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် သူ့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် အဖြစ်ခန့်အပ်သည်။ [၁၂] သူသည် စစ်ကောင်စီခန့်အပ်သော တတိယမြောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၏ ဝန်ကြီးချုပ် ဖြစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads