အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အဖွဲ့ From Wikipedia, the free encyclopedia
Remove ads
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (အတိုကောက်: ကာလုံ) (အင်္ဂလိပ်: National Defence and Security Council အတိုကောက် NDSC) သည် အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် အမျိုးသားအဆင့် လုံခြုံရေးကောင်စီ တစ်ခုဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် တာဝန်ရှိအဖွဲ့အစည်း ဖြစ်သည်။[၁] ကောင်စီကို ၂၀၁၁ မတ်လ ၃၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။[၂][၃] အဖွဲ့ဝင် ၁၁ ဦးအနက် ၅ ဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်သည်။[၃][၄] တပ်မတော်သည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အစီရင်ခံရသည်။[၅] ကောင်စီကို မြန်မာနိုင်ငံအခြေခံဥပဒေ(၂၀၀၈) ပုဒ်မ ၂၀၁ အရ ဖွဲ့စည်းခြင်း ဖြစ်သည်။[၆]
Remove ads
အဖွဲ့ဝင်များ
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို အောက်ပါအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည်။
သမိုင်းကြောင်း
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၃/၂၀၂၅) ကို ကျင်းပခဲ့ပြီး၊ ယင်းအစည်းအဝေးသို့ ယာယီသမ္မတ (တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကောင်စီအဖွဲ့ဝင်များအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကဲ့သို့သော အထူးဖိတ်ကြားခံရသူများလည်း တက်ရောက်ခဲ့ကြသည်။[၇]
အစည်းအဝေးတွင် ပုဒ်မ ၄၂၆ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအား အာဏာလွှဲအပ်သည့်အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာပြီးနောက်၊ ပုဒ်မ ၄၂၇ (က) အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို ကာလုံမှ ကျင့်သုံးဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ပုဒ်မ ၄၂၇ (ခ) အရ နိုင်ငံတော်သမ္မတအသစ် ရွေးချယ်တင်မြှောက်ပြီးနောက် အဖွဲ့အစည်းများ ဖွဲ့စည်းသည်အထိ အာဏာကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ ဥပဒေပြုရေးအာဏာကို ကိုယ်တိုင်ကျင့်သုံးပြီး အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကိုမူ သင့်လျော်သည့် အဖွဲ့အစည်းများ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို လွှဲအပ်နိုင်ကြောင်း ဖော်ပြခဲ့သည်။ ပုဒ်မ ၄၂၉ အရ ကာလုံသည် အမိန့်ကို ပယ်ဖျက်သည့်နေ့မှစ၍ ၆ လအတွင်း အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးရမည်ဖြစ်ကြောင်းနှင့် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း အသိပေးခဲ့သည်။ ထို့ကြောင့် ကာလုံသည် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန်နှင့် နိုင်ငံတော်၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများ ဆက်လက်လည်ပတ်နိုင်ရန် အစိုးရအဖွဲ့၊ တရားစီရင်ရေးအဖွဲ့နှင့် အခြားအဖွဲ့အစည်းများကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အုပ်ချုပ်မှုဆိုင်ရာ ပြင်ဆင်ဖွဲ့စည်းမှုများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် မြန်မာနိုင်ငံကို ဆက်လက်အုပ်ချုပ်ရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ဖြင့် ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရရှိသော ကာလုံတွင် ယခင်က ရုံးအဖွဲ့မရှိခဲ့သော်လည်း ယခုအခါ အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ်ဟူသော ရာထူးနှစ်ခုဖြင့် ရုံးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အမိန့်အမှတ် ၂/၂၀၂၅ ဖြင့် ကြေညာခဲ့ပါသည်။ ထို့အပြင် ကာလုံရုံး ဒုတိယဝန်ကြီးအဖြစ် ဦးခင်လတ်အား ခန့်အပ်ခဲ့ပါသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ကိုလည်း ယခင်စစ်ကောင်စီအဖွဲ့ဝင်ဟောင်းများအပါအဝင် ၁၅ ဦးဖြင့် ပြန်လည်ခန့်အပ်ဖွဲ့စည်းခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်ကိုလည်း ဦးသန်းစိုး ဦးဆောင်ကာ ၁၄ ဦးဖြင့် အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အုပ်ချုပ်ရေးအာဏာ သုံးရပ်လုံးကို ကာလုံကနေ ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရဖွဲ့စည်းခြင်း၊ တရားသူကြီးများ ခန့်အပ်ခြင်း၊ ပြည်နယ်နှင့် တိုင်းဦးစီးမှူးများ ခန့်အပ်ခြင်း စသည်တို့ကို ကာလုံရုံး၏ အမိန့်များအဖြစ် ကြေညာခဲ့သည်။
အုပ်ချုပ်ရေးဆိုင်ရာ အပြောင်းအလဲများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခြောက်လသက်တမ်း ဇူလိုင် ၃၁ ရက်နေ့တွင် ကုန်ဆုံးခဲ့ပြီးနောက်၊ အဆိုပါကောင်စီကို ထပ်မံသက်တမ်းတိုးမပေးဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အဖွဲ့အစည်းအသစ်များ ဖွဲ့စည်းခဲ့သည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အမိန့်အမှတ် ၃/၂၀၂၅ ဖြင့် "ပြည်ထောင်စုအစိုးရအဖွဲ့" အသစ်ကို ဖွဲ့စည်းပြီး ဗိုလ်ချုပ်ကြီး (ငြိမ်း) ညိုစောကို နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။[၈]
အမိန့်အမှတ် ၄/၂၀၂၅ ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ရာ ယာယီသမ္မတ (တာဝန်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒုတိယဥက္ကဋ္ဌနှင့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။[၉]
ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအား အုပ်ချုပ်ရေးယန္တရားအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ကာလုံတွင် ယခင်က ရုံးအဖွဲ့မရှိခဲ့သော်လည်း အမိန့်အမှတ် ၂/၂၀၂၅ ဖြင့် အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ်ရာထူးနှစ်ခုဖြင့် ရုံးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကာလုံရုံး ဒုတိယဝန်ကြီးအဖြစ် ဦးခင်လတ်အား ခန့်အပ်ခဲ့သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ကိုလည်း ယခင် စစ်ကောင်စီအဖွဲ့ဝင်ဟောင်းများအပါအဝင် ၁၅ ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထို့အတူ ရွေးကောက်ပွဲကော်မရှင်ကိုလည်း ဦးသန်းစိုး ဦးဆောင်ကာ ၁၄ ဦးဖြင့် အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
အရေးပေါ်နှင့် စစ်အုပ်ချုပ်ရေး ကြေညာချက်များ
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြေညာထားသည့် အရေးပေါ်အခြေအနေကို ရုပ်သိမ်းလိုက်သော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုရှိ မြို့နယ်ပေါင်း ၆၃ မြို့နယ်တွင်မူ အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေးတို့ကို ပြန်လည်ကြေညာခဲ့သည်။
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၁/၂၀၂၅) ဖြင့် အရေးပေါ်အခြေအနေ ကြေညာထားသည့် မြို့နယ်များတွင် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၂/၂၀၂၅) ဖြင့် စစ်အုပ်ချုပ်ရေးအမိန့်ကို ထုတ်ပြန်ခဲ့သည်။ ယင်းအမိန့်အရ အဆိုပါမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အပ်နှင်းလိုက်ပါသည်။ ထိုလုပ်ပိုင်ခွင့်နှင့်တာဝန်များကို ကာကွယ်ရေးဦးစီးချုပ်က မိမိကိုယ်တိုင် သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးအား လွှဲအပ်ဆောင်ရွက်စေနိုင်ကြောင်းလည်း ဖော်ပြထားသည်။ ဤအမိန့်သည် ထုတ်ပြန်သည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်မည်ဖြစ်သည်။
Remove ads
ယာယီသမ္မတ (တာဝန်) မင်းအောင်လှိုင်၏ အဖွဲ့ဝင်များ
၂၀၂၄ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့တွင် ပေါ်ပေါက်လာသော အဖွဲ့ဖြစ်သည်။ အရေးပေါ်အခြေအနေကာလအား (၆) လ သက်တမ်းထပ်မံတိုးပေးခဲ့သည်။ ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးကြောင့် ယာယီသမ္မတ (တာဝန်) ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထံ လွှဲပြောင်းရာမှတဆင့် ပေါ်ပေါက်လာသော အဖွဲ့လည်းဖြစ်သည်။
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး
- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ရှိသော ကာလုံတွင် ယခင်က ရုံးအဖွဲ့ မရှိခဲ့သော်လည်း ယခုအခါ အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ်ဟူသော ရာထူးနှစ်ခုဖြင့် ရုံးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အမိန့်အမှတ် ၂/၂၀၂၅ ဖြင့် ကြေညာခဲ့သည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမိန့်အမှတ် ၁၀/၂၀၂၅ ဖြင့် ယခင်နစက ကောင်စီဝင်များနှင့် နစက ဗဟိုအကြံပေးအဖွဲ့ဝင်များကို ကာလုံဗဟိုအကြံပေးအဖွဲ့သစ်ကို နစက ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် ခေါင်းဆောင်မှုဖြင့် ဖွဲ့စည်းလိုက်သည်။ [၁၂]
ထုတ်ပြန်သည့် အမိန့်များ
နိုင်ငံတော် အခြေအနေ ကြေညာချက် (၃၁ ဇူလိုင် ၂၀၂၅)
အောက်ပါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အမိန့်များကို ယာယီသမ္မတ (တာဝန်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အမိန့်များ
အောက်ပါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အမိန့်များကို ယာယီသမ္မတ (တာဝန်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမိန့်များ
အောက်ပါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမိန့်များကို အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။
ပြဋ္ဌာန်းသည့် ဥပဒေများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဥပဒေပြုရေးအာဏာကို ကိုယ်တိုင်ကျင့်သုံးပြီး အောက်ပါ ဥပဒေများကို ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်သည်။
Remove ads
ယာယီသမ္မတ ဦးမြင့်ဆွေ၏ အဖွဲ့ဝင်များ
၂၀၂၁ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေမှ ဦးဆောင်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖြစ်သည်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ကျင်းပသော ပထမဆုံး အစည်းအဝေး၌ ယာယီသမ္မတ ဦးမြင့်ဆွေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အာဏာ (၃)ရပ်ကို လွှဲပြောင်းပေးခဲ့သည်။ ၂၀၂၂ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ကျင်းပသော ဒုတိယမြောက် အစည်းအဝေး၌ ယာယီသမ္မတ ဦးမြင့်ဆွေက အရေးပေါ်အခြေအနေကာလအား (၆)လ သက်တမ်းထပ်မံတိုးပေးခဲ့သည်။[၂၃]ထို့နောက် အရေးပေါ်ကာလသက်တမ်းကို (၆)လ တစ်ကြိမ်စီသက်တမ်း တိုးမြှင့်ခဲ့သည်။၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူအား ကျန်းမာရေးအကြောင်းပြချက်ဖြင့် တာဝန်မှ အနားပေးခဲ့သည်။ထို့အတွက်ကြောင့် ယာယီသမ္မတ ဦးမြင့်ဆွေဦးဆောင်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ တွင် ဒုတိယသမ္မတ (၂) နေရာ လစ်လပ်သွားသည်။
Remove ads
သမ္မတ ဦးဝင်းမြင့်လက်ထက် အဖွဲ့ဝင်များ
Remove ads
သမ္မတ ဦးထင်ကျော်လက်ထက် အဖွဲ့ဝင်များ
Remove ads
သမ္မတ ဦးသိန်းစိန် လက်ထက် အဖွဲ့ဝင်များ
၂၀၁၃ ဇူလိုင် ၉ ရက်နေ့အထိ ကောင်စီကို အောက်ပါအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည်။[၂၆][၂၇][၂၈]
Remove ads
ဝေဖန်မှုများ
ကာလုံတွင် အဖွဲ့ဝင် (၁၁) ဦးရှိသည့်အနက် (၆) ဦးမှာ တပ်မတော်မှ ခန့်အပ်သူများဖြစ်သဖြင့် တပ်မတော်ဘက်က အသာစီးရနေသည်ဟု ဝေဖန်မှုများရှိသည်။[၂၉]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads