အေးကို (နိုင်ငံတော်သမ္မတ)

၁၉၈၈ ခု၊ ဇူလိုင် ၂၅ မှ ၂၇ အထိ မြန်မာနိုင်ငံ၏ ယာယီသမ္မတ From Wikipedia, the free encyclopedia

အေးကို (နိုင်ငံတော်သမ္မတ)
Remove ads

ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း)၊ သီရိပျံချီ၊ မဟာသရေစည်သူ ဦးအေးကိုသည် ဦးစိန်လွင်နောက် တက်လာသော မြန်မာနိုင်ငံ၏ ယာယီသမ္မတ ဖြစ်သည်။ ၁၉၈၈ ခုနှစ်၊ ဇူလိုင် ၂၅ ရက်မှ ၂၇ ရက်ထိ (၂)ရက်သာ လစ်လပ်နေသော သမ္မတတာဝန်ကို ထမ်းဆောင်လိုက်ရသူ ဖြစ်သည်။

အချက်တိုများ သီရိပျံချီ၊ မဟာသရေစည်သူ၊​ ဦးအေးကို ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း), မြန်မာနိုင်ငံ၏ ယာယီသမ္မတ ...
Remove ads

ငယ်ဘဝ

ဦးအေးကိုအား ၁၉၂၁-ခု၊ စက်တင်ဘာ (၁၉)ရက်နေ့ တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အဖ ဦးဘိုးညွန့် + ဒေါ်ငွေဆိုင်တို့မှ မွေးဖွားခဲ့သည်။ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့၊ နေရှင်နယ် အမျိုးသား အထက်တန်းကျောင်းတွင် ဆယ်တန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၃၉-ခုနှစ်တွင် ကျောင်းသားသမဂ္ဂ အမှုဆောင်အဖြစ် ကျောင်းသားသပိတ်ကြီးတွင် ပါဝင်ခဲ့သည်။ []

စစ်မှုထမ်းခြင်း

ဦးအေးကိုသည် မြန်မာ့တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ နိုင်ငံတော်ကောင်စီ ဒုတိယဥက္ကဋ္ဌ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ အထွေထွေအတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၂၇.၇.၁၉၈၈ တွင် တာဝန်မှ အနားယူခဲ့ပြီး ၂၀၀၆-ခု၊ စက်တင်ဘာ (၂၆)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက်(၈၆)နှစ် ရှိပြီဖြစ်သည်။ []

ဂုဏ်ပြုခံရခြင်း

သီရိပျံချီ ဘွဲ့ရ တပ်မတော် အရာရှိကြီးဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် ၆၂/၂၀၂၂ အရ ဦးကျော်ထင်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော မဟာသရေစည်သူဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။ []

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads