အေးသာအောင်၊ ဦး

မြန်မာနိုင်ငံရေးသမား From Wikipedia, the free encyclopedia

အေးသာအောင်၊ ဦး
Remove ads

ဦးအေးသာအောင်သည် ရခိုင်လူမျိုး နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ဒုတိယအကြိမ် အမျိုးသားလွှတ်တော်၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သည်။

အချက်တိုများ ဝဏ္ဏကျော်ထင်၊ ဦး အေးသာအောင်, ဒုတိယမြောက် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ...
Remove ads

အစာပိုင်းဘဝ

ဦးအေးသာအောင်သည် ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး ၁၉၄၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ရခိုင်ပြည်နယ်မြေပုံမြို့နယ်၌ မွေးဖွားခဲ့သည်။ ပဉ္စမတန်းထိ (မြေပုံမြို့) အ.ထ.ကကျောင်း၊ ဆဋ္ဌမတန်းမှ High School Final(အောင်)ထိ ဗဟိုစံပြ အထက်တန်းကျောင်း၊ လသာ အမှတ်(၁) ရန်ကုန် တို့တွင် ပညာသင်ကြားခဲ့သည်။ ယခင်က မြန်မာ့တပ်မတော်တွင် အရာခံဗိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး၌ လုပ်ကိုင်ခဲ့သည်။မြေအောက်နိုင်ငံရေးလှုပ်ရှားမှုများကြောင့် တပ်မှ ထုတ်ပယ်ခံရပြီး မန္တလေးထောင်တွင် အကျဉ်းချခံခဲ့ရသည်။ ၁၉၇၄ ခုနှစ်တွင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။[][][]

Remove ads

နိုင်ငံရေးဘဝ

ဦးအေးသာအောင်သည် ဒေါ်အောင်ဆန်းစုကြည် နှင့် ၁၉၉၀ ပြည့်နှစ်မှစ၍ လက်တွဲလုပ်ကိုင်ခဲ့သည်။ ထိုစဉ်က သူသည် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ယင်းကော်မတီကို ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရသူများဖြင့် လွှတ်တော်တစ်ရပ်ခေါ်ယူနိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားနိုင်ငံရေးသမားများက ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

၂၀၀၀ ပြည့်နှစ်တွင် ဦးအေးသာအောင်ကို စစ်ထောက်လှမ်းရေးက ဖမ်းဆီးခဲ့ပြီး ထုတ်ဝေမှုဆိုင်ရာ ဥပဒေများနှင့် အရေးပေါ်ဥပဒေများကို ချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခဲ့သည်။ ထောင်တွင်း၌ ပြင်းထန်သော စစ်ဆေးမေးမြန်းမှုများ ခံခဲ့ရသည်ဟု ယုံကြည်ရပြီး ကျန်းမာရေးပြဿနာအမျိုးမျိုး ခံစားခဲ့ရကာ လည်ပင်းခွဲစိတ်မှုလည်း ပြုလုပ်ခဲ့ရသည်။ ၂၀၀၂ ခုနှစ်တွင် သူသည် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ဦးအေးသာအောင်သည် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများ၏ အခွင့်အရေးများကို အားကောင်းစွာ ကာကွယ်သူဖြစ်သော်လည်း ပါတီခေါင်းဆောင် ဦးအေးမောင်လောက် ပြင်းထန်သော အမျိုးသားရေးဝါဒီတစ်ဦးအဖြစ် ရှုမြင်ခံရခြင်းမရှိပေ။[]

သူသည် ယခင်က ရခိုင်အမျိုးသားပါတီ (ANP) ကို ဖွဲ့စည်းရန်အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့ ပေါင်းစည်းခဲ့စဉ်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ ဦးအေးသာအောင်သည် ရခိုင်အမျိုးသားပါတီ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးမိတ်ဆွေဟောင်းတစ်ဦးလည်း ဖြစ်သည်။[][][][]

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းပြီးနောက် ဦးအေးသာအောင်ကို တပ်မတော်က နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့သည်။

Remove ads

ဂုဏ်ပြုခံရခြင်း

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ် ကာလအတွင်း နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့သောသူများ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ရာ အမိန့်ကြော်ငြာစာအမှတ် ၂၁၂/၂၀၂၂ ဖြင့် ဦးအေးသာမောင်ကို စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ ဖြစ်သော ဝဏ္ဏကျော်ထင်ဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။ []

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads