အဲယားဘတ်စ် A380

From Wikipedia, the free encyclopedia

အဲယားဘတ်စ် A380
Remove ads

အဲယားဘတ်စ် A380 သည် EADS ၏ လက်အောက်ခံဖြစ်သော ဥရောပ ကော်ပိုရေးရှင်း အဲယားဘတ်စ်မှ ထုတ်လုပ်သော ၂ ထပ်၊ ကျယ်ပြန့်သော ကိုယ်ထည်နှင့် အင်ဂျင် ၄ လုံးပါသော လေယာဉ်ဖြစ်သည်။ ကမ္ဘာပေါ်တွင် အကြီးဆုံးသော ခရီးသည်တင်လေယာဉ်ဖြစ်ပြီး ပထမဆုံး ပျံသန်းမှု ကို ၂၀၀၅ ခုနှစ် ဧပြီလတွင် ပြင်သစ်နိုင်ငံ တော်လို့စ်မြို့မှ စတင်ပျံသန်းခဲ့ပြီး[] ပထမဆုံး ခရီးသည်တင် ပျံသန်းမှုကို စင်ကာပူ လေကြောင်းလိုင်းမှ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် စင်ကာပူမှ ဆစ်ဒနီ ခရီးစဉ်ဖြင့် စတင်ခဲ့သည်။ လေယာဉ်ပျံကို တည်ဆောက်စဉ် အချိန်အတွင်းက ထိုလေယာဉ်ကို အဲယားဘတ်စ် A3XX ဟုသာ အများကသိခဲ့ကြပြီး ထိုအချိန်မှစ၍ စူပါဂျမ်ဘိုဆိုသည့် အခြားအမည်သည် စတင်တွင်ကျယ်ခဲ့သည်။

အချက်တိုများ အမျိုးအစား, ထုတ်လုပ်သူ ...

A380 ၏ အပေါ်ထပ်သည် လေယာဉ်ပျံ၏ ကိုယ်ထည်တစ်ခုလုံးနီးပါးကို ဖြန့်ကျက်ထားပြီး ၎င်း၏ အကျယ်အဝန်းမှာ ကိုယ်ထည်ကျယ်ပြန့်သော လေယာဉ်များ၏ အကျယ်နှင့် ညီမျှသည်။ ထို့ကြောင့် ဒုတိယအကြီးဆုံး လေယာဉ်ပျံ အမျိုးအစား ဖြစ်သည့် ဘိုးအင်း 747-400 နှင့် နှိုင်းယှဉ်ပါက ခရီးသည်တင်ခန်းသည် ၅၀% မျှပို၍ ကျယ်ပြန့်ပြီး ပုံမှန် ကလပ်စ် ၃ခု ဖြင့် ဖွဲ့စည်းထားသော ဖွဲ့စည်းပုံတွင် ခရီးသည် ၅၂၅ ဦးမျှတင်ဆောင်နိုင်ပြီး အားလုံးကို ရိုးရိုးတန်းဖြင့်သာ ဖွဲ့စည်းထားပါက ခရီးသည် ၈၅၃ ဦးအထိ တင်ဆောင်နိုင်သည်။ A380 သည် ခရီးသည်တင်လေယာဉ်နှင့် ကုန်တင်လေယာဉ်ဟူ၍ အမျိုးအစား ၂ မျိုး ထုတ်လုပ်သည်။

A380-800 ခရီးသည်တင် မော်ဒယ်လ်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ခရီးသည်တင်လေယာဉ် ဖြစ်သော်လည်း လေယာဉ်ကိုယ်ထည်မှာ အဲယားဘတ်စ်၏ ဒုတိယအကြီးဆုံး ခရီးသည်တင်လေယာဉ် အမျိုးအစားဖြစ်သော A340-600 နှင့် နှိုင်းယှဉ်ပါက အနည်းငယ်မျှ တိုတောင်းသည်။ A380-800F ကုန်တင်လေယာဉ် မော်ဒယ်လ်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကုန်တင်လေယာဉ် အမျိုးအစားများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ၎င်းထက်ပို၍ ကုန်တင်ဝန်ကို သယ်ဆောင်နိုင်သော လေယာဉ်ဟူ၍ အန်တိုနော့ဗ် An-225 တစ်မျိုးသာရှိသည်။

A380-800 သည် ၈၂၀၀ လေကြောင်းမိုင် (၁၅၂၀၀ ကီလိုမီတာ) အထိ ပျံသန်းနိုင်ရန် ဒီဇိုင်းပြုလုပ်ထားပြီး ဥပမာအားဖြင့် ဆိုရလျှင် ထိုအကွာအဝေးမှာ မက်ဆာချူးဆက်ပြည်နယ်ရှိ ဘော့စတွန်မှ ဟောင်ကောင်အထိ မရပ်မနား ပျံသန်းနိုင်သော အကွာအဝေးဖြစ်သည်။ တသမတ်တည်းရှိသော အမြင့်တွင် ပျံသန်းနိုင်သောနှုန်း (cruising speed) မှာ Mach 0.85 (အမြင့်တသမတ်တည်း ရှိနေချိန်တွင် တစ်နာရီ ၉၀၀ ကီလိုမီတာ သို့ တစ်နာရီလျှင် ၅၆၀မိုင်) ဖြစ်သည်။ အဲယားဘတ်စ် A380 သည် စီးပွားဖြစ်ပျံသန်းသော လေယာဉ်များတွင် ပထမဆုံး GTL အခြေခံ ဆီကို အသုံးပြု၍ မောင်းနှင်နိုင်သော လေယာဉ်ဖြစ်သည်။

Remove ads

လေယာဉ်ပုံစံ

Thumb
အကြီးဆုံးသော လေယာဉ်ပျံ ၄ စင်းကို နှိုင်းယှဉ်ပြထားပုံ
  Hughes H-4 Hercules
  Antonov An-225
  Airbus A380-800
  Boeing 747-8
Thumb
အေ ၃၈၀-၈၀၀ ၏ ၅၁၉ ခုံ ဖွဲ့စည်းပုံ
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads