ဥဇနာ (ပင်းယ)

From Wikipedia, the free encyclopedia

Remove ads

ဥဇနာ (ပင်းယ) (၁၂၉၈ – ၁၃၅၆/၅၇) သည် ပင်းယမြို့နှင့် ပင်းယမင်းဆက်ကို စတင်တည်ထောင်သူ တစ်စီးရှင် သီဟသူအား ဆက်ခံကာ ၁၃၂၄ တွင် နန်းတက်လာသည့် ဘုရင်တစ်ပါး ဖြစ်သည်။ ဥဇနာမှာ ပုဂံမင်း ကျော်စွာနှင့် မိဖုရား မိစောဦးတို့မှ ဆင်းသက်သူဖြစ်သည်။ ကျော်စွာအား သီဟသူတို့ညီနောင် သုံးဦးနန်းချလုပ်ကြံပြီးနောက်တွင် ဥဇနာအားကွယ်ဝန်လွယ်ထားသည့် မိစောဦးကို သီဟသူသိမ်းပိုက် မိဖုရားမြောက်သဖြင့်သာ သီဟသူ နန်းကို ဆက်ခံရခြင်းဖြစ်သည်။

အချက်တိုများ ပင်းယ ဥဇနာ, ပင်းယဘုရင် ...
Remove ads

ဥဇနာ နှင့် ဥစ္စနာ

ဥဇနာအမည်ကို မယ်တော် မိဖုရားကြီး ပေးထားဟန်တူသည်။ ဥစ္စနာအမည်ကို တစ်စီးရှင် သီဟသူ မင်းကြီး ကိုယ်တိုင် ပေးထားလေသည်။ ဥဇနာမင်းကြီးသည် နန်းတက်ပြီးမကြာသောနှစ်မှာပင် စကား ၇ ကျောင်းကို ဆောက်လုပ်၍ သာသနာတော်၌ ပူဇော်၏။ ထိုအကြောင်းကို "ဥစ္စနာထော မဟိမ္ပာလော၊ သာသနုဇ္ဇောတနတ္ထိကော၊ ဝိဟာရေ သတ္တ ကာရေသိ၊ ဗောဓိယာယေဝ ကာရဏာ။ ရေမြေကို အစိုးရသော သာသနာတော်၏ အကျိုးစီးပွားကို လိုလားသော ဥစ္စနာမင်းကြီးသည် စကား ၇ ကျောင်းတို့ကို ဗောဓိဉာဏ်အတွက်သာလျှင် အကြောင်းကြောင့် ပြုလုပ်လှူဒါန်းလေသည်။" ဟူ၍ သက္ကရာဇ် ၇၀၂-ခုနှစ်၌ ရေးထိုးထားသော ပင်းယကျောက်စာမှ မင်းကြီးကိုယ်တိုင် ဥစ္စနထော ဟူ၍ ရေးထိုးခဲ့လေသည်။

နန်းတက်ဘွဲ့မှာ ၐြိတြိဘဝနာဒိတျပဝရဓမ္မရာဇာဓိရာဇာဒါနပတိနရသိင်္ဃဥဇ္ဇနာ ဖြစ်သည်။

Remove ads

ကြင်ဘက်များ

မိဖုရားခေါင် အတုလမဟာဓမ္မဒေဝီတွင် -

  1. သားတော် မင်းဦး၊ စည်သူဘွဲ့ခံသည်
  2. ညီတော် မင်းထွေး၊ သီဟပတေ့ဘွဲ့ခံကာ ရမည်းသင်းကို စားသည်

ကုသိုလ်ကောင်းမှုများ

နန်းသက်ကာလအတွင်း ကောင်းမှုကုသိုလ်အမြောက်အမြားကို ပြုလုပ်ခဲ့သည်။ ထင်ရှားသည့် ကုသိုလ်တော်မှာ ပင်းယ စကားခုနှစ်ကျောင်း ဖြစ်သည်။ နောက်ပိုင်းတွင် အမိတူအဖကွဲညီတော်ဖြစ်သည့် ပင်လယ်စား ကျော်စွာမှ ဆင်ဖြူငါးစီးရသည့် အကြောင်းကြားသော် "ငါ့ညီ ငါ့စည်းစိမ်ကို ယူပါတော့ ငါမူကား ငါ့ကောင်းမှု စကားခုနှစ်ကျောင်းကို လှူလိုသမျှ လှူ၍ နေတော့မည်" ဟုဆိုကာ ညီတော်အား နန်းအပ်လေသည်။ သို့ဖြင့် ဥဇနာမင်း နန်းတော်အနောက်တံခါးမှ ထွက်လျှင် ညီဖြစ်သူ ငါးစီးရှင်ကျော်စွာ ကအရှေ့တံခါးမှ ဝင်၍ မင်းပြုလေသည်။ ဥဇနာလည်း ဆိုသည့်အတိုင်း စကားခုနှစ်ကျောင်းတွင် နေထိုင် ကုသိုလ်ပွားများလျက် နှစ်အနည်းငယ်အကြာတွင် မက္ခရာဝန်းကျင်တွင် တောထွက်သွားလေသည်။

ထင်ရှားသည့် ကုသိုလ်တော်များ

ပင်းယ စကားခုနစ်ကျောင်း

  1. ဇမ္ဗူက
  2. ဝေဠုဝန်
  3. အိမ်နိမ့်
  4. ဇေတဝန်
  5. ကုလားကျောင်း
  6. ရွှေကျောင်း
  7. တောင်စွန်ကျောင်း

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads