ကိုလံဘိုစီမံကိန်း
From Wikipedia, the free encyclopedia
Remove ads
ကိုလံဘိုစီမံကိန်း (အင်္ဂလိပ်: Colombo plan) သည် အရှေ့တောင်အာရှ နိုင်ငံများအတွက် စီးပွားရေးဖွံ့ဖြိုးမှုကို ပူးပေါင်းဆောင်ရွက်ရန် စီမံကိန်းဖြစ်၍ ၁၉၅၀-ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံ ကိုလံဘိုမြို့တွင် ဗြိတိသျှ ဓနသဟာယ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေး၍ ရေးဆွဲကြသည်။ ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကောင်စီကို ဖွဲ့စည်း၍ ကိုလံဘိုမြို့၌ ဗဟိုရုံးစိုက်သည်။ ထိုဌာနမှ ပြည်သူ့အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ လောကဓာတ်ပညာ၊ သုတေသနလုပ်ငန်း စသည်တို့အတွက် အကူအညီပေးရန် စီမံကိန်းများ ရေးဆွဲသည်။ အကျိုးခံစားခွင့်ရမည့် နိုင်ငံများမှာ အိန္ဒိယ၊ ပါကစ္စတန်၊ သီဟိုဠ်၊ မြန်မာ၊ နီပေါ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှားနှင့် ဘိုနီယိုကျွန်းတို့ ဖြစ်ကြသည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads