သာမြတ်

From Wikipedia, the free encyclopedia

သာမြတ်
Remove ads

ဦးသာမြတ်(၁၂၆ဝ - ၁၃၃၉) သည် ပုတီးကုန်းမြို့ ဇာတိဖြစ်၍ ၁၂၆ဝ ပြည့် ကဆုန်လဆန်း ၁ဝ ရက် (၁၈၉၉ ခု၊ ဧပြီလ ၂၉ ရက်) သောကြာနေ့တွင် အဖ ပွဲစားကြီး ဦးဘိုးမြ၊ အမိ ဒေါ်ငွေသင်တို့မှ ဖွားမြင်သော တတိယမြောက် သားဖြစ်သည်။

အချက်တိုများ ဦးသာမြတ်, မွေးဖွား ...
Remove ads

ပညာသင်ကြားခြင်း

Thumb
ဦးသာမြတ်၏ ဆယ်တန်းအောင်လက်မှတ်

အသက် ၆ နှစ် အရွယ်တွင် ကြို့ပင်ကောက်မြို့ ရွှေကျောင်းကြီး ဆရာတော်နှင့် ပုတီးကုန်းမြို့ ဓမ္မာရုံ ကျောင်းတိုက် ဂိုဏ်းအုပ် ဆရာတော်ထံတွင် စတင် ပညာဆည်းပူးရာ အခြေခံ လောကုတ္တရာ စာပေများကို တတ်မြောက်ခဲ့သည်။ အသက် ၁၁ နှစ်တွင် ပုတီးကုန်းမြို့ ဆရာ ဦးဘချိုထံတွင် အင်္ဂလိပ်စာ၊ သင်္ချာနှင့် ပထဝီဝင် ဘာသာများ သင်ကြားပြီးနောက်၊ အသက် ၁၂ နှစ်တွင် ကြို့ပင်ကောက်မြို့ အာရ်စီအမ် စိန်မိုက်ကယ် ကျောင်း၌ စတုတ္ထတန်းမှ စ၍ သင်ကြားခဲ့ရာ၊ အတန်းတိုင်းတွင် ပထမစွဲ၍ အသက် ဆယ့်ခြောက်နှစ်တွင် သတ္တမတန်း အောင်မြင်သည်။

ထို့နောက် ပြည်မြို့ အစိုးရ အထက်တန်းကျောင်းတွင် ဆက်လက် ပညာသင်ကြားရာ အတန်းတိုင်းတွင် ပထမစွဲပြီး ဆယ်တန်း စာမေးပွဲကို အင်္ဂလိပ်စာ၊ မြန်မာစာ၊ ပါဠိ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။

Thumb
ဥပစာအထက်တန်းအောင်လက်မှတ်

ထို့နောက် ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာဆည်းပူးရာ ဥပစာတန်းကို ပထမအဆင့်မှ အောင်မြင်၍ စကောလားရှစ် (ပညာသင်ဆု) ရရှိသည်။ တက္ကသိုလ် ပထမ သပိတ်ကာလတွင် ပညာသင်ကြားမှု နားနေရစဉ် ဒေါ်ရီနှင့် လက်ထပ်သည်။ အသက် ၂၂ နှစ်တွင် အိန္ဒိယနိုင်ငံ ပူနားမြို့ရှိ စိုက်ပျိုးရေး ကောလိပ်၌ စိုက်ပျိုးရေး ဘောဂဗေဒ ပညာကို ဆက်လက် သင်ကြားသည်။ ၁၉၂၄ ခုတွင် အိန္ဒိယနိုင်ငံ ဘုံဘေ ယူနီဗာစီတီ ကောလိပ်က အပ်နှင်းသော စိုက်ပျိုးရေး သိပ္ပံဘွဲ့ (B.Ag) ကို ရရှိသည်။ ဒုတိယ အဆင့်မှ အောင်မြင်သည်။

Thumb
စိုက်ပျိုးရေးသိပ္ပံဘွဲ့လက်မှတ်

အသက် ၂ဝ အတွင်း၌ ဟင်ဒီ၊ အူရဒူ၊ ဘင်္ဂလီ၊ နာဂရီ၊ ဂူဂျရတီ၊ မရာဌီ၊ သင်္သကရိုက်၊ တမယ်လ်ဘာသာ စာပေနှင့် စကားတို့ကိုလည်း လေ့လာ တတ်မြောက်ခဲ့သည်။ အသက် ၂ဝ မှ ၄ဝ အကြားတွင် အရှေ့တောင် အာရှနှင့် အိန္ဒိယနိုင်ငံရှိ ရှေးဟောင်း ကျောက်စာများကို ကောင်းစွာ လေ့လာ ဆည်းပူးခဲ့သည်။

Remove ads

ဝန်ထမ်းဘဝ

စိုက်ပျိုးရေး ဝန်ထောက်၊ ရောင်းဝယ်ရေး ဝန်ထောက်၊ စိုက်ပျိုးရေး ဝန်ကလေး၊ ဒက္ခိဏတိုင်း စိုက်ပျိုးရေးဝန် ဟူသော တာဝန်များကို အဆင့်ဆင့် ထမ်းရွက်ရသည်။ ဒက္ခိဏတိုင်း စိုက်ပျိုးရေးဝန် အဖြစ် ဆောင်ရွက်စဉ် ၁၉၅၁ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ လာဟိုမြို့၌ ကျင်းပသော ကုလသမဂ္ဂ စီးပွားရေး ကော်မရှင်သို့ တက်ရောက်ရသည်။ ၁၉၅၂ ခုနှစ်တွင် ကရာချိုမြို့သို့ နို့ညှစ်နွားမ အဝယ်တော် အဖွဲ့ဖြင့် သွားရောက် လေ့လာရသည်။ ၁၉၅၃ ခုနှစ်တွင် ကရာချိုမြို့သို့ သွားရောက်၍ သိန္ဓောမျိုး နို့ညှစ်နွားမများ ဝယ်ယူရသည်။ ၁၉၅၄ ခုတွင် ဒက္ခိဏတိုင်း စိုက်ပျိုးရေးဝန် အဖြစ်မှ အငြိမ်းစား ယူသည်။

အငြိမ်းစား ယူရန် ပြင်ဆင်ခွင့် ၄ လ မစေ့မီမှာပင် နိုင်ငံတော် အစိုးရက ယဉ်ကျေးမှုဗိမာန် ညွှန်ကြားရေးဝန် အဖြစ် တာဝန် ပေးအပ်သည့် အတွက် ဆက်လက် အမှုထမ်းရသည်။

Remove ads

စာပေရေးသားခြင်း

ဦးသာမြတ်သည် ၁၉၂၄ ခုနှစ်မှ စ၍ စိုက်ပျိုးရေး ပြက္ခဒိန်တွင် စာတမ်းရေးခြင်း၊ ဘာသာပြန်ခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ဆန်စပါး စိုက်ပျိုးခြင်းနှင့် ဝါဂွမ်း စည်းကမ်း သတ်ဈေးများကို အစိုးရ လယ်ယာဌာန အတွက် မြန်မာဘာသာ ပြန်၍ အစိုးရက ပုံနှိပ် ထုတ်ဝေခဲ့သည်။ ဘာသာပြန် စာပေအသင်း (စာပေဗိမာန်) စတင် တည်ထောင်စဉ်ကပင် စိုက်ပျိုးရေး စာအုပ်များ တည်းဖြတ် ပေးခဲ့သည်။ လယ်ယာ စိုက်ပျိုးရေး ကော်ပိုရေးရှင်း ဆေးဝါးပင်များ ပြုစုရေး အဘိဓာန် အဖွဲ့ကို ခေါင်းဆောင်ခဲ့သည်။

ဦးသာမြတ်သည် ရှုမဝ၊ မြဝတီ မဂ္ဂဇင်းများနှင့် ပြည်ထောင်စု ယဉ်ကျေးမှု စာစောင် စသည်တို့တွင် 'သဇင်လှ' ဟူသော ကလောင် အမည်ဖြင့် လည်းကောင်း၊ အမည်ရင်းဖြင့် လည်းကောင်း ဘာသာ စာပေ ယဉ်ကျေးမှု ဆိုင်ရာ ဆောင်းပါးများ ရေးသားခဲ့သည်။ နေးရှင်း၊ ဂါးဒီးယန်း စသော အင်္ဂလိပ် သတင်းစာများ၌ ဆေးပင်များ အကြောင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။

မြန်မာစာ ရေးထုံးကျမ်း၊ မြန်မာ အက္ခရာနှင့် ဂဏန်းသင်္ချာ ထုပ္ပတ်၊ မွန် - မြန်မာ အက္ခရာ သမိုင်း၊ နီတိကျမ်းကျော် ဒွေးနှစ်ဖော် စသည့် စာအုပ်များ ပြုစုခဲ့သည်။ မြစေတီ ပါဠိ ကျောက်စာနှင့် မြစေတီ ပျူကျောက်စာတို့ကို ဖွင့်ဆိုခဲ့သည်။ ပျူဖတ်စာကိုလည်း ပြုစုခဲ့သည်။

ဦးသာမြတ်သည် စာပေဗိမာန် အဖွဲ့ သုခမိန် အဖွဲ့ဝင်၊ မြန်မာနိုင်ငံ သုတေသန အသင်း ဥက္ကဋ္ဌ၊ ပိဋကတ် မြန်မာပြန် အဖွဲ့ သုခမိန် အဖွဲ့ဝင်၊ ယဉ်ကျေးမှု ကောင်စီဝင်၊ လူထု ပညာရေး ကောင်စီဝင်၊ မြန်မာနိုင်ငံ စာပေ ပြန့်ပွားရေး အသင်း နာယက စသည့် တာဝန်များကို ဆောင်ရွက်ခဲ့သည်။

Thumb
သီရိပျံချီဘွဲ့တံဆိပ်နှင့်အတူတွေ့ရစဉ်
Thumb
ရန်ကုန် တက္ကသိုလ်မှ ချီးမြှင့်သော ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့

၁၉၅၄ ခုနှစ်တွင် နိုင်ငံတော်က ချီးမြှင့်သော သီရိပျံချီဘွဲ့ကို ရခဲ့သည်။

ရန်ကုန် တက္ကသိုလ်က ချီးမြှင့်သော ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့နှင့် လန်ဒန် တက္ကသိုလ်က ချီးမြှင့်သော F.R.H.S ဘွဲ့များ ရရှိခဲ့သည်။

ဦးသာမြတ်သည် ၁၃၃၉ ခုနှစ်၊ တန်ဆောင်မုန်း လဆန်း ၁၄ ရက် (၁၉၇၇ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်) တွင် ကွယ်လွန် အနိစ္စရောက်သည်။

[note ၁]

စာအုပ်များ

ထုတ်ဝေပြီးစာအုပ်များ

နောက်ထပ် အချက်အလက်များ အမှတ်စဉ်, စာအုပ်အမည် ...

မထုတ်ဝေရသေးသောစာအုပ်

စာလုံးပေါင်းသတ်ပုံမူကျယ်ကျမ်းကြီး

ဟောပြောသည့်စာတမ်းများ

No ဟောပြောသည့်ခေါင်းစဉ်ဘာသာအခြေအနေ
၁။ Mingala Sutta ပါဠိ၊အင်္ဂလိပ်၊မြန်မာ၊ဟင်ဒီ ပုံနှိပ်ပြီး
၂။ Burmese Embroidery ပုံနှိပ်ပြီး[၂၀]
၃။ Gold Leaf Industry ပုံနှိပ်ပြီး
၄။ Work in Brass, Copper and Marble ပုံနှိပ်ပြီး
၅။ Indian and Southeast Asian Inscriptions ပုံမနှိပ်သေး

အခြားပုဂ္ဂိုလ်များနှင့်တွဲ၍ ထွက်ရှိလာသောစာအုပ်စာတမ်းများ

နောက်ထပ် အချက်အလက်များ စာရေးသူများ, စာအုပ်အမည် ...
အမှတ်စဉ်စာတမ်းအမည်စာတမ်းရှင်များ
1 Lecture Notes on Burmese Handicraft and Burmese Manuscript Books, Southern and Northern Scripts of India ဦးသာမြတ်နှင့် ဆရာမင်းသုဝဏ်
2 The alphabets of Burma ဦးသာမြတ်နှင့် ဂျေအက်စ်ဖှာနီဘယ်
Remove ads

ဦးသာမြတ်တတ်မြောက်သော စာပေနှင့်ဘာသာစကားများ

  1. ဟိန္ဒီ
  2. အူရဒူ
  3. ဘင်္ဂလီ
  4. နာဂရီ
  5. ဂူဂျရတီ
  6. မရာဌီ
  7. သင်္သကရိုက်
  8. တမယ်လ်
  9. အင်္ဂလိပ်
  10. မြန်မာ
  11. ပြာကြိုက်

မှတ်စု

  1. မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုကာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်သော ပဉ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ' စာအုပ်မှ "ဦးသာမြတ် (၁၂၆ဝ - ၁၃၃၉)" အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြခြင်း ဖြစ်သည်။

ကျမ်းကိုး

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads