၂၀၀၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
Remove ads
၂၀၀၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် ထိုင်းနိုင်ငံ၊ နခွန် ရက်ချာစီမာမြို့၌ ၂၀၀၇ခုနှစ် ဒီဇင်ဘာ ၆ရက်မှ ၁၅ရက်အထိကျင်းပသော ၂၄ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ထိုင်းနိုင်ငံသည် ၁၉၅၉၊ ၁၉၆၇၊ ၁၉၇၅၊ ၁၉၈၅၊ ၁၉၉၅ပွဲတော်များကို အိမ်ရှင်အဖြစ် ၅ကြိမ်ကျင်းပခဲ့ပြီး ၂၀၀၇ခုနှစ်တွင် ဆဋ္ဌမအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ အိမ်ရှေ့စံလောင်ကွန်းမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
နိုင်ငံ၁၁နိုင်ငံမှ အားကစားသမားပေါင်း ၅၂၈၂ခန့်က အားကစားနည်း ၄၃မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို နှစ်(၈၀) မွေးနေ့ အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ထိုင်း၊မလေးရှား၊ဗီယက်နမ်တို့က ပထမ၊ဒုတိယနှင့် တတိယ ရရှိခဲ့သည်။
Remove ads
လက်ခံကျင်းပခြင်း
ကျင်းပရာမြို့
စင်ကာပူနိုင်ငံတွင် ဤအားကစားပွဲကို ကျင်းပရန် ရည်ရွယ်သော်လည်း အားကစားကွင်းအခြေအနေကြောင့် နုတ်ထွက်ခဲ့သည်။ ၂၀၀၃ ခုနှစ် ဗီယက်နမ်ဆီးဂိမ်းတွင် ထိုင်းနိုင်ငံအား ကျင်းပခွင့်ပေးခဲ့သည်။
အားကစားကွင်းများ
နခွန်ရက်ချာစီမာရှိ အားကစားစင်တာတွင် အများစုကို ကျင်းပခဲ့သည်။ ထို့အပြင် ဘန်ကောက်နှင့် ချောင်ဘူရီမြို့များတွင်လည်း အနည်းငယ်ကျင်းပခဲ့သည်။
Province | Competition Venue | Sports |
Nakhon Ratchasima | His Majesty the King's 80th Birthday Anniversary, 5 December 2007, Sports Complex | |
80th Birthday Stadium | Opening and Closing Ceremony, Athletics, Football | |
Aquatic Centre | Diving, Swimming, Water Polo | |
Beach Volleyball Stadium | Volleyball | |
Gymnasium 1 | Gymnastics | |
Gymnasium 2 | Volleyball | |
Tennis Court | Tennis | |
Velodrome | Cycling | |
Suranaree University of Technology | ||
Football Field 2 | Archery | |
Keelapirom Gymnasium | Basketball | |
National Synchrotron Research Centre | Fencing | |
Petanque Court | Petanque | |
Surapala Keetha Sathan Stadium | Football | |
Others | ||
Amphoe Pak Thong Chai Sport Complex | Boxing, Football | |
Bonanza Golf and Country Club | Golf | |
Chanapolkhan Institute of Technology | Karate, Wushu | |
Khao Yai Thiang | Cycling | |
Klang Plaza Jomsurang Department Store | Table tennis | |
Mittraphap Road | Cycling | |
Central stadium, Nakhon Ratchasima | Football, Muay | |
Nakhon Ratchasima Rajabhat University | Bodybuilding, Softball | |
Nakhon Ratchasima Vocational College | Weightlifting | |
Rajamangala University of Technology Isan | Judo, Wrestling | |
Sima Thani Hotel | Billiards and snooker | |
Sung Noen Municipality Hall | Pencak silat | |
Suranaree Camp | Rugby union | |
The Mall Department Store | Sepak takraw | |
Wongchawalitkul University | Badminton, Dancesport and Taekwondo | |
Bangkok | National Sport Complex | Handball |
Queen Sirikit Sport Centre | Baseball, Hockey, Lawn bowls | |
Ratchaphruek Club | Squash | |
SF Strike Bowl | Bowling | |
Sport Authority of Thailand Sport Complex | Futsal, Shooting | |
VR Sport Club | Polo | |
Chonburi | Ambassador City Jomtien | Triathlon |
Horseshoe Point | Equestrian | |
Map Prachan Reservoir | Canoeing, Rowing, Traditional boat race) | |
Ocean Marina Yacht Club | Sailing | |
Thai Polo Club | Equestrian |
Remove ads
ပြိုင်ပွဲ အထိမ်းအမှတ်များ
အထိမ်းအမှတ်တံဆိပ်
၂၀၀၇အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ရွက်လှေများဖြစ်သည်။၁၉၆၇ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော်တွင် ဘုရင်ကြီးဘူမိဗလအတုလျတေဇမှာ ရွက်လှေအားကစား၌ ရွေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။ ထိုအဖြစ်အပျက် နှစ် ၄၀ ပြည့်အဖြစ် ရွက်လှေ ၃ စီးပုံ ဖြစ်သည်။ ရှေ့ဆုံးမှ အဝါရောင်လှေမှာ ဘုရင်ကြီးကို ကိုယ်စားပြုသည်။ အနောက်မှ အနီနှင့် အပြာမှာ ထိုင်းအလံမှ အရောင်များ ဖြစ်သည်။ ထိုလှေများမှာ နခွန်ရက်ချာစီမာမြို့မှ ပီမိုင်ရဲတိုက်နှင့်လည်း ဆင်တူသည်။
လာဘ်ကောင်
၂၀၀၇အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ ကြောင်ဖြစ်ပြီး အမည်မှာ ကန်ဖြစ်သည်။
သီချင်း
သီချင်း ၄ ပုဒ်ရှိသည်။
Remove ads
ပွဲများနှင့်အားကစား
ဖွင့်ပွဲ
၆ ဒီဇင်ဘာ၂၀၀၇ ဒေသစံတော်ချိန် ၇ နာရီတွင် နှစ်(၈၀)မွေးနေ့ကွင်း၌ ကျင်းပခဲ့သည်။ ဘုရင်ကြီးအား သစ္စာရှိမှုကို ပြသရန် ထိုင်းပြည်သူများမှာ ပန်းရောင်နှင့် အဝါရောင်ဝတ်စုံများ ဝတ်လာကြသည်။ တော်ဝင်မိသားစုများ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် တော်ဝင်သီချင်း တီးမှုတ်အပြီး နိုင်ငံတော်သီချင်းနှင့်အတူ နိုင်ငံတော်အလံကို လွှင့်ထူခဲ့သည်။ ပထမဆုံးအနေဖြင့် ဘုရင်ကြီးအကြောင်းကို ၁၀ မိနစ်စာ တင်ဆက်ခဲ့သည်။ ထို့နောက် ဖျော်ဖြေရေးများ တင်ဆက်ခဲ့သည်။
အိမ်ရှေ့စံမင်းသား လောင်ကွန်းမှ အားကစားပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
ပိတ်ပွဲ
၁၅ ဒီဇင်ဘာ ၂၀၀၇ ဒေသစံတော်ချိန် ၇ နာရီတွင် နှစ်(၈၀)မွေးနေ့ကွင်းတွင် ကျင်းပခဲ့သည်။ ပွဲမစမီ သီချင်းများဖြင့် တင်ဆက်ခဲ့သည်။
ထိုင်းဝန်ကြီးချုပ်မှ အားကစားပွဲအား ပိတ်သိမ်းပေးခဲ့သည်။ ထို့နောက် ၂၀၀၉ ခုနှစ်ပြိုင်ပွဲကို လက်ခံကျင်းပမည့် လာအိုနိုင်ငံအား အလံလွှဲပြောင်းပေးခဲ့သည်။
ပါဝင်သည့် နိုင်ငံများ
ဘရူနိုင်း(၆၁)
ကမ္ဘောဒီးယား(၂၃၂)
အင်ဒိုနီးရှား(၅၇၄)
လာအို(၄၁၄)
မလေးရှား(၈၂၀)
မြန်မာ(၅၀၆)
ဖိလစ်ပိုင်(၆၂၀)
စင်ကာပူ(၄၄၂)
ထိုင်း(၉၈၂)
အရှေ့တီမော(၇)
ဗီယက်နမ်(၆၂၄)
အားကစားနည်းများ
အားကစားနည်းပေါင်း ၄၃ မျိုး ထည့်သွင်းကျင်းပခဲ့သည်။
ရေပိုင်းဆိုင်ရာအားကစားနည်းများ
မြားပစ်
ပြေးခုန်ပစ်
ကြက်တောင်ရိုက်
ဘေ့စ်ဘော
ဘတ်စကက်ဘော
ဘီလိယက်နှင့် စနူကာ
ကိုယ်ကာယအလှပြ
လက်ဝှေ့
ဘိုလင်း
ကနူးလှေ
စက်ဘီးစီး
Dancesport
မြင်းစီး
ဓားသိုင်း
ဘောလုံး
ဂေါက်သီးရိုက်
ကျွမ်းဘား
Handball
ဟော်ကီ
ဂျူဒို
ကရာတေး
Lawn Bowls
မွေထိုင်း
ပန်ကြပ်ဆီလပ်
ပီတန်း
ပိုလို
လှေလှော်
ရက်ဘီ
ရွက်လှေ
ပိုက်ကျော်ခြင်း
သေနတ်ပစ်
Softball
စကွက်ရှ်
စားပွဲတင်တင်းနစ်
တိုက်ကွမ်ဒို
တင်းနစ်
ရိုးရာလှေ
၃မျိုးဆင့် အားကစား
ဘော်လီဘော
အလေးမ
နပန်း
ဝူရှုး
ဆုတံဆိပ်ဇယား
- Key
* အိမ်ရှင်
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads