၂၀၁၈ ပြည်နယ်နှင့်တိုင်း အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ

From Wikipedia, the free encyclopedia

Remove ads

2018 States and Divisions U-19 (Women's) Football Championship

၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉) နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ဒုတိယဝန်ကြီးတက်ရောက်ဖွင့်လှစ်

နေပြည်တော်၊ အောက်တိုဘာလ(၃ဝ)ရက်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ကျင်းပသော၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉) နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်း အနားအား ယနေ့ညနေ (၃)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်း ဝင်ရောက်နေရာယူပြီးနောက် ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုပြိုင်ပွဲကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်မှာ ပြည်ထောင်စုဖွား တိုင်းရင်းသား အမျိုးသမီးငယ်လေးများ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားလာစေရေး၊ အရည်အချင်းပြည့်ဝသော ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေး၊ မြန်မာ့အမျိုးသမီး ဘောလုံးလောက အဆင့်အတန်းတိုးတက်မြင့်မားလာစေရေးအတွက် သွေးသစ်လောင်းနိုင်မည့် မျိုးဆက်သစ် အမျိုးသမီးဘောလုံးအားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေး အတွက်ရည်ရွယ်ပါကြောင်း၊ ပြိုင်ပွဲကျင်းပ စီမံအုပ်ချုပ်သူများမှလည်း ဘက်လိုက်မှု ကင်းရှင်းပြီး တရားမျှတ မှန်ကန်စွာဆုံးဖြတ် ဆောင်ရွက်ကြစေလိုကြောင်း ၊ ပြိုင်ပွဲဝင်အားကစားသမားများသည် မိမိတို့ကိုယ်စားပြု ယှဉ်ပြိုင်တဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်ရဲ့ ဂုဏ်ကိုမြှင့်တင်ပြီး အားကစားသမား စိတ်ဓာတ်အပြည့်အဝဖြင့် အားသွန်ခွန်စိုက် ယှဉ်ပြိုင်သွားကြစေလိုကြောင်း တိုက်တွန်းမှာကြားရင်း ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉) နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ကို ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားသမားများအားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉) နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း (၁) နှင့် ကွင်း(၃) တို့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်း(၁၄)သင်း ၊ အားကစားသမား (၂၇၃) ဦးတို့သည် (၃ဝ.၁ဝ.၂ဝ၁၈) ရက်နေ့ မှ(၁၁.၁၁.၂ဝ၁၈)ရက်နေ့အထိ အသီးသီးယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါ သဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။

အသက် ၁၉ နှစ်အောက်ပြည်နယ်နှင့်တိုင်း

Remove ads

အုပ်စု (က)

နောက်ထပ် အချက်အလက်များ အသင်း, ပွဲ ...
နောက်ထပ် အချက်အလက်များ မွန်, ၇-၀ ...
နောက်ထပ် အချက်အလက်များ ရခိုင်, ၁-၀ ...
နောက်ထပ် အချက်အလက်များ ရခိုင်, ၀-၈ ...
Remove ads

အုပ်စု (ခ)

နောက်ထပ် အချက်အလက်များ အသင်း, ပွဲ ...
နောက်ထပ် အချက်အလက်များ ဧရာဝတီ, ၂-၀ ...
နောက်ထပ် အချက်အလက်များ မကွေး, ၃-၁ ...
နောက်ထပ် အချက်အလက်များ မန္တလေး, ၂-၀ ...
နောက်ထပ် အချက်အလက်များ ဧရာဝတီ, ၅-၃ ...
နောက်ထပ် အချက်အလက်များ မန္တလေး, ၈-၀ ...
နောက်ထပ် အချက်အလက်များ ဧရာဝတီ, ၃-၀ ...
Remove ads

အုပ်စု (ဂ)

နောက်ထပ် အချက်အလက်များ အသင်း, ပွဲ ...
နောက်ထပ် အချက်အလက်များ ရန်ကုန်, ၃-၀ ...
နောက်ထပ် အချက်အလက်များ ပဲခူး, ၂-၂ ...
နောက်ထပ် အချက်အလက်များ ရှမ်း, ၁-၀ ...
နောက်ထပ် အချက်အလက်များ ရန်ကုန်, ၁-၁ ...
နောက်ထပ် အချက်အလက်များ ရှမ်း, ၃-၀ ...
နောက်ထပ် အချက်အလက်များ ရန်ကုန်, ၄-၀ ...

အုပ်စု (ဃ)

နောက်ထပ် အချက်အလက်များ အသင်း, ပွဲ ...
နောက်ထပ် အချက်အလက်များ စစ်ကိုင်း, ၀-၅ ...
နောက်ထပ် အချက်အလက်များ စစ်ကိုင်း, ၂-၂ ...
နောက်ထပ် အချက်အလက်များ ကချင်, ၀-၁ ...
Remove ads

ရှုံးထွက်အဆင့်

နောက်ထပ် အချက်အလက်များ တနင်္သာရီ, ၁-၃ ...
နောက်ထပ် အချက်အလက်များ ရှမ်း, ၂-၁ ...
နောက်ထပ် အချက်အလက်များ ဧရာဝတီ, ၅-၀ ...
နောက်ထပ် အချက်အလက်များ ရန်ကုန်, ၄-၀ ...
Remove ads

အကြိုဗိုလ်လုပွဲ

နောက်ထပ် အချက်အလက်များ ရှမ်း, ၅-၀ ...
နောက်ထပ် အချက်အလက်များ ရန်ကုန်, ၄-၃ ...

တတိယလုပွဲ

နောက်ထပ် အချက်အလက်များ မန္တလေး, ၇-၂ ...

ဗိုလ်လုပွဲ

နောက်ထပ် အချက်အလက်များ ရန်ကုန်, ၁-၂ ...

အကောင်းဆုံးကစားသမားဆုများ

နောက်ထပ် အချက်အလက်များ ဂိုးသမား, နောက်တန်း ...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads