၂၀၂၁ အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင် မြန်မာနိုင်ငံအသင်း
From Wikipedia, the free encyclopedia
Remove ads
မြန်မာနိုင်ငံအသင်းသည် ၂၀၂၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဤပွဲသည် (၃၁) ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကာ ၂၀၂၂ခုနှစ် မေလ ၁၂ရက်နေ့မှ ၂၃ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြောင့် ပြိုင်ပွဲကို ၂၀၂၂ခုနှစ်သို့ ရွှေ့ပြောင်းလိုက်ရသော်လည်း ပြိုင်ပွဲနှင့် သက်ဆိုင်ရာများကို ၂၀၂၁ ဖြင့်သာ သုံးစွဲသည်။
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအနေဖြင့် အားကစားနည်း (၂၀)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ကို စေလွှတ်ခဲ့သည်။[၁]မြန်မာအားကစားအဖွဲ့ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးတို့က အနီးကပ်ကြီးကြပ် အားပေးခဲ့ကြသည်။ အားကစားနည်း (၂၀) တွင် ယှဉ်ပြိုင်ရာ (၁၆)နည်းဆွင် ဆုတံဆိပ်များ ရရှိခဲ့သည်။ ရွှေတံဆိပ် (၉)ခု၊ ငွေတံဆိပ် (၁၈)ခု၊ ကြေးတံဆိပ် (၃၅)ခု၊ စုစုပေါင်း ဆုတံဆိပ် (၆၂)ခု ရရှိခဲ့ကာ နိုင်ငံအလိုက် အဆင့် (၇) ရရှိခဲ့သည်။ ပထမဆုံးဆုတံဆိပ်နှင့် ရွှေတံဆိပ်ဆုတို့ကို ကူရက်ရှ်အားကစားနည်းမှ ရရှိခဲ့သည်။ ဗိုဗီနမ်အားကစားနည်းသည် ဆုတံဆိပ်ပေါင်း (၁၂)ခု ရရှိခဲ့ကာ အအောင်မြင်ဆုံးသော အားကစားနည်းဖြစ်သည်။
Remove ads
ဝင်ရောက်ယှဉ်ပြိုင်ခြင်း
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၌ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီတွင် ခေါင်းဆောင်ပိုင်းပြောင်းလဲမှု ဖြစ်ပွားခဲ့သည်။ ယခင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန မှ အားကစားပိုင်းအား ပြန်လည်ခွဲထုတ်ကာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန အဖြစ် ဖွဲ့စည်းခဲ့သည်။[၂] ၂၀၂၁ဟနွိုင်းပွဲတော်အတွက် မြန်မာအားကစားသမားများအနေဖြင့် ၂၀၂၁ခုနှစ် ဧပြီလကပင် စ၍ မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တရုတ်နိုင်ငံများတွင်စခန်းသွင်း လေ့ကျင့်ခဲ့ကြသည်။[၃][၄] မြန်မာနိုင်ငံအနေဖြင့် အားကစားနည်းပေါင်း (၄၀) အနက် (၂၀)မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ယှဉ်ပြိုင်သူ အားကစားသမားအရေအတွက်
Remove ads
ဆုတံဆိပ်ရရှိသူများ
အောက်ပါကစားသမားများသည် ဆုတံဆိပ်များရရှိခဲ့သည်။
ရွှေတံဆိပ်
ငွေတံဆိပ်
1ပြေးခုန်ပစ်အားကစားနည်းမှ မခင်မာဆယ်သည် မူလက ကြေးတံဆိပ် ရရှိခဲ့သည်။ ငွေတံဆိပ်ဆုရရှိသော ဗီယက်နမ်အားကစားမယ်၏ ဖိနပ်သည် သတ်မှတ်ချက်များနှင့် မညီညွတ်ကြောင်း စင်္ကာပူမှ ကန့်ကွက်ခဲ့၍ ပြိုင်ပွဲမှ ထုတ်ပယ်ခဲ့ရာ မခင်မာဆယ်သည် ငွေတံဆိပ် ပြောင်းလဲချီးမြှင့်ခံခဲ့ရသည်။
ကြေးတံဆိပ်
Remove ads
ဆုတံဆိပ်ဆိုင်ရာ အချက်အလက်များ
မေလ (၁၈) ရက်နေ့အထိ ဆုတံဆိပ်ဆိုင်ရာ အချက်အလက်များ ဖြစ်သည်။
မြားပစ်
မြန်မာနိုင်ငံအသင်းသည် မြားပစ်အားကစားနည်း၌ (၁၃)ဦးဖြင့်ဝင်ရောက်ယှဉ်ပြိုက်မည်ဖြစ်သည်။ အုပ်ချုပ်သူ ဒေါ်သီသီဝင်း၊ နည်းပြများအဖြစ် ယွန်ဗြောင်ဆန်း၊ ဦးအောင်သူရ၊ ဦးလင်းနိုင်၊ ဒေါ်မြတ်သူဇာမြင့်တို့က ဦးဆောင်ကြသည်။ ကစားသမားများမှာ
Recurve
- ထိုက်လင်းဦး
- နေလင်းဦး
- သီဟထက်ဇော်
- ကောင်းခန့်မော်
- သီတာနွယ်
- ပြည့်စုံနှင်း
- ဇာခြည်ဝင်း
- ယမင်းသူ
Compound
- ဇင်သူရိန်မှူး
- နေမျိုးအောင်
- ကျော်သီဟဦး
- ဟိန်းထက်အောင်
- စုစုလှိုင်
Remove ads
ဘိလိယက်နှင့်စနူကာ
မြန်မာအားကစားအဖွဲ့သည် ဘိလိယက်နှင့် စနူကာပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့၌ စခန်းသွင်း လေ့ကျင့်နေကြကာ ပွဲစဉ် (၆)ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။[၅]
ကိုယ်ကာယအလှပြ
ကိုယ်ကာယအလှပြ (ကာယဗလ) ပွဲစဉ်များသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အားကစားသမား (၁၁)ဦးကို စခန်းသွင်း လေ့ကျင့်ထားသည်။ ထိုအားကစားသမားများသည် ၅၅၊ ၆၀၊ ၆၅၊ ၇၀၊ ၇၅၊ ၈၀၊ ၈၅ ကီလိုတန်း ပြိုင်ပွဲများ၊ Athletic Physique (အမျိုးသား)၊ အမျိုးသမီး၊ အမျိုးသား+အမျိုးသမီး ပွဲစဉ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။[၆] ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁၉ရက်နေ့တွင် စခန်းသွင်းလေ့ကျင့်နေသော ကာယဗလမောင် မိုးဆွေမှာ လေ့ကျင့်နေစဉ် မတော်တဆမှုဖြင့် ကွယ်လွန်ခဲ့သည်။ [၇]
Remove ads
ဘောလုံး
အမျိုးသား
မြန်မာအမျိုးသားဘောလုံးအသင်းသည် အုပ်စု (အေ) တွင် ကျရောက်ကာ အိမ်ရှင်ဗီယက်နမ်နှင့် တစ်အုပ်စုတည်းဖြစ်သည်။
အချိန်ဇုန်သည် (UTC +07:00) ဖြစ်သည်။
Remove ads
ဖူဆယ်
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ၂၀၂၂ခုနှစ် ဇန်နဝါရီ ၂၃ရက်နေ့မှစတင်၍ လေ့ကျင့်ခဲ့သည်။ နည်းပြချုပ်အဖြစ် ထိုင်းနိုင်ငံသား ဘန်လက်ချာယိုဝန်က ကိုင်တွယ်သည်။[၈]
အုပ်ချုပ်ရေးအဖွဲ့
အားကစားသမားများ
- ကျော်ထက်အောင်
- ဇွဲပြည့်စုံ
- မိုးမင်းအောင်
- ဟိန်းမင်းစိုး
- မျိုးမြင့်စိုး
- ဇော်ဝဏ္ဏ
- ကိုကိုလွင်
- စိုင်းပြုံးအောင်
- ဝေဇင်ဦး
- ထက်မြတ်ထွန်း
- ထက်မြတ်နိုင်
- မျိုးသက်အောင်
- ငြိမ်းမင်းစိုး
- ထွဋ်ဝေထွန်း
- ချမ်းသာ
- ထွန်းအောင်ကျော်
- သိုင်းဘွဲ့အောင်
- ခင်ဇော်လင်း
- ရဲမင်းခန့်
- နိုင်လင်းထွန်းကျော်
- လှိုင်မင်းထွန်း
- အောင်ဇင်ဦး
Remove ads
ဂျူဒို
မြန်မာအသင်းအနေဖြင့် ဂျူဒိုအားကစားနည်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။[၉]
ကူရက်ရှ်
မြန်မာအသင်းသည် ကူရက်ရှ်ပွဲစဉ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မေလ (၁၀)ရက်နေ့တွင် ကျင်းပသော (၄၈) ကီလိုဂရမ်ပွဲစဉ်၌ ခင်ခင်စုက ကြေးတံဆိပ် ရရှိခဲ့ကာ မြန်မာနိုင်ငံအတွက် ပထမဆုံး ဆုတံဆိပ် ရရှိခဲ့သည်။ (၁၁) ရက်နေ့တွင် (၈၇) kg ပွဲစဉ်၌ အေးအေးအောင်က ရွှေတံဆိပ် ရရှိခဲ့ကာ မြန်မာနိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ် ရရှိခဲ့သည်။
လှေလှော်
မြန်မာနိုင်ငံအသင်းသည် ကနူး/ကယက်နှင့် အပြည်ပြည်ဆိုင်ရာလှေများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အားကစားသမား (၁၇)ဦး၊ နည်းပြ (၃)ဦးဖြင့် တရုတ်နိုင်ငံတွင် စခန်းသွင်း လေ့ကျင့်နေသည်။ အပြည်ပြည်ဆိုင်ရာလှေ အတွက် အားကစားသမား (၁၂)ဦးဖြင့် ရန်ကုန်မြို့တွင် လေ့ကျင့်ခဲ့သည်။[၁၀]
မေလ (၁၃)ရက်နေ့တွင် နှစ်ယောက်တွဲပွဲစဉ်မှ ရွှေဇင်လတ်နှင့် နီလာဝင်းတို့က ကြေးတံဆိပ်ဆု ရရှိခဲ့သည်။
သေနတ်ပစ်
၂၀၂၁ဟနွိုင်းပွဲတော်တွင် သေနတ်ပစ်အားကစားနည်း၌ ပွဲစဉ် (၂၂)မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ရာ မြန်မာအသင်းမှ ရိုင်ဖယ် (၈)မျိုး၊ ပစ္စတို (၈)မျိုး စုစုပေါင်း (၁၆)မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။[၁]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads