မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ
မြန်မာနိုင်ငံ၏အိုလံပစ်ကော်မတီ From Wikipedia, the free encyclopedia
Remove ads
မြန်မာ အိုလံပစ်ကော်မတီ(အင်္ဂလိပ်: Myanmar Olympic Committee)သည် မြန်မာနိုင်ငံကို ကိုယ်စားပြုသော အမျိုးသား အိုလံပစ်ကော်မတီဖြစ်သည်။ လက်ရှိ ဥက္ကဋ္ဌမှာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဦးမင်းသိန်းဇံဖြစ်သည်။

Remove ads
သမိုင်းကြောင်း
မြန်မာအိုလံပစ်ကော်မတီကို ၁၉၄၆ခုနှစ် နိုဝင်ဘာ ၂၆ရက်တွင် စတင် ဖွဲ့စည်းခဲ့သည်။၁၉၄၇ခုနှစ် ဇူလိုင် ၉ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။၁၉၉၃ ခုနှစ်၊ဧပြီလ (၁၉)ရက်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် (၆/၉၃)ဖြင့် အမျိုးသားအိုလံပစ်ကောင်စီဥပဒေကို သတ်မှတ်ပြီး ဥပဒေအခန်း(၅)အရ အိုလံပစ်ကော်မတီကို ဖွဲ့စည်း တာဝန်ပေးခဲ့သည်။၁၉၉၉ ခုနှစ်၊ အောက်တိုဘာလ (၂၂)ရက်၊ အမိန့်ကြော်ငြာစာအမှတ်၁/၉၉)ဖြင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌရုံး၏ (၂၆ - ၄ - ၂၀၀၅) ရက်စွဲပါ စာအမှတ်၊ ၁၀၀ / နယက(ဥ)ကစ ခွင့်ပြုချက်အရ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီကို ပြင်ဆင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံအမျိုးသား အားကစား ကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် အားကစားလုပ်ငန်းများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီကို မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီ၏ (၂၂.၁.၂၀၁၂)ရက်စွဲပါ အမိန့်စာအမှတ် (၁/၂၀၁၂)ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။၂၀၁၆ခုနှစ်နှင့် ၂၀၁၈ခုနှစ်နှင့် ၂၀၂၁ခုနှစ်များတွင်လည်း ကော်မတီကို အဆင့်ဆင့်ပြောင်းကာ ဖွဲ့စည်းခဲ့သည်။[၂]
Remove ads
အကြီးအကဲများ
ဥက္ကဋ္ဌများ (၂၀၁၁ - လက်ရှိ)
ဒုတိယဥက္ကဋ္ဌ
- ဦးအေးမြင့်ကြူ (၃၀ မတ် ၂၀၁၁ - ၇ စက်တင်ဘာ ၂၀၁၂)
- ဦးသောင်းထိုက် (၂၇ ဩဂုတ် ၂၀၁၂ - ၃၀ မတ် ၂၀၁၆)
- ဒေါက်တာ မြလေးစိန် (၂ ဇူလိုင် ၂၀၁၈ - ၁ ဖေဖော်ဝါရီ ၂၀၂၁)
အတွင်းရေးမှူး
- ဦးမျိုးလှိုင် (?? - လက်ရှိ)
Remove ads
လက်အောက်ရှိ အားကစားအဖွဲ့ချုပ်များ
ဆက်စပ်ကြည့်ရှုရန်
ပြင်ပလင့်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads