MATLAB

ဂဏန်းတွက်ချက်မှုပတ်၀န်းကျင်နှင့်ပရိုဂရမ်မင်းဘာသာစကား From Wikipedia, the free encyclopedia

MATLAB
Remove ads

MATLAB သည် ဂဏန်းသင်္ချာ တွက်ချက်ရေးအတွက် programming language ဖြစ်သည်။ The MathWorks မှ မက်ထရစ်များ ဖြေရှင်းရန်အတွက်၊ ပုံများ ရေးဆွဲရန်အတွက်၊ အချက်အလက် (data), အယ်လ်ဂေါ်ရစ်သမ် သွင်းခြင်း (implementation)၊ user interface ပြုလုပ်ခြင်း နှင့် အခြား ပရိုဂရမ်များ နှင့် ဆက်စပ်ရာတွင် သုံးသည်။ MATLAB သည် ဂဏန်းသင်္ချာ တွက်ချက်ရေးအတွက်တာဖြစ်သော်လည်း အပို toolbox များသုံးပြီး Maple အက္ခရာသင်္ချာ စနစ်သုံး၍ ကွန်ပျူတာ အက္ခရာသင်္ချာ စွမ်းရည် ရနိုင်သည်။ ယခုအခါတွင် MuPad ကိုသုံး၍ အက္ခရာသင်္ချာများကိုတွက်ချက်နိုင်ပြီဖြစ်သည်။ ထို toolbox ကိုထပ်မံ၍ ဝယ်ယူအသုံးပြုရမည်ဖြစ်သည်။

အချက်တိုများ ဆော့ဖ်ဝဲလ်ရေးသူ(များ), ပထမဆုံး ဖြန့်ချိခြင်း ...
အချက်တိုများ Paradigm, ပေါ်ပေါက်ခဲ့ ...
Remove ads

သမိုင်း

"matrix laboratory" ၏အတိုကောက် ဖြစ်သော MATLAB သည် ၁၉၇၀ တွင် University of New Mexico ရှိ ကွန်ပျူတာ ဌာနမှ Cleve Moler ကတည်ထောင်ခဲ့သည်။ သူသည် သူ၏ ကျောင်းသားများကို Fotran လေ့လာစရာမလိုပဲ LINPACK နှင့် EISPACK များကို သုံးနိုင်ရန် ပုံထုတ်ခဲ့သည်။ ထိုမှ applied mathematics သုံးသူများကြား တွင်ကျယ်လာသည်။ ၁၉၈၃ တွင် Moler သည် Stanford University သို့သွားစဉ် အင်ဂျင်နီယာ Jack Little ကို MATLAB ပြသခဲ့သည်။ သူသည် ဈေးကွက်မြင်သော ကြောင့် Moler ၊ Steve Bangert တို့နှင့် ပေါင်းခဲ့သည်။ သူတို့သည် MATLAB ကို C ဖြင့်ရေးပြီး The MathWorks အဖြစ် ၁၉၈၄ တွင် တည်ထောင်ခဲ့သည်။ ထိုပြန်လည်ရေးသားသော library ကို JACKPAC ဟုခေါ်သည်။

MATLAB ကို Little ၏နယ်ဖြစ်သော control design engineer များက စတင်သုံးစွဲပြီး အခြားအသုံးများလဲ အမြန် ပျံနံ့သွားသည်။ MATLAB ကို ပညာရေးတွင် အသုံးပြီး အထူးသဖြင့် linear algebra နှင့် numerical analysis သင်ကြားရာ အသုံးများသည်။ သိပ္ပံပညာရှင် များ အထူးသဖြင့် image processing တွင် အသုံးများသည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads