စီ (အက္ခရာ)

လက်တင်အက္ခရာမှ စာလုံး From Wikipedia, the free encyclopedia

စီ (အက္ခရာ)
Remove ads

C သို့မဟုတ် c သည် အင်္ဂလိပ် လက်တင်အက္ခရာစဉ်၏ တတိယမြောက် အက္ခရာ ဖြစ်သည်။ စီ (/ˈs/) ဟူ၍ အသံထွက်သည်။ စာလုံးပေါင်း ခေတ်သစ်အင်္ဂလိပ်(Modern English)ရေးနည်းတွင် တခါတရံ cee ဟုစာလုံးပေါင်း၍ ရေးပြီး အများကိန်းကို cees ဟုရေးသားကြသည်။ []

အချက်တိုများ C, အသုံးချမှု ...
နောက်ထပ် အချက်အလက်များ C, အခြေခံ လက်တင်အက္ခရာ ...
Remove ads

ရာဇဝင်

နောက်ထပ် အချက်အလက်များ ဖနီးရှဲန်း(Phonecian) gaml, အာရဗစ်ခ်(Arabic) ǧīm ...

Cသည် G မှဆင်းသက်လာသည်။ စီမစ်တစ် ဘာသာတွင် ဂမယ် ဟု ခေါ်သည်။ ဤသင်္ကေတသည် အီဂျစ်အရုပ်စာသင်္ကေတ၏ လောက်လေးခွကဲ့သို့ ကျောက်ခဲတုံးကြီးများထည့်၍ ပစ်ခတ်နိုင်သော လောက်လွှဲ ပုံသဏ္ဌာန်မှ ဖြစ်လာခြင်း ဖြစ်နိုင်သည်။ အခြားဖြစ်နိုင်ချေတစ်ခုမှာ စီမစ်တစ်တို့ ရေးဆွဲထားခဲ့သည် ကုလားအုတ်ပုံမှ ဆင်းသက်လာခြင်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။ အဘယ့်ကြောင့် ဆိုသော် စီမစ်တစ်ဘာသာတွင် C ကို ဂမယ်ဟု ခေါ်သောကြောင့်ဖြစ်သည်။ ဂမယ် ဟူသည် အင်္ဂလိပ်ဘာသာဖြင့် camel ဟုရေး၍ အဓိပ္ပာယ်မှာ ကုလားအုတ်ဖြစ်သည်။

Remove ads

အသုံးပြုပုံ

  • C ကို အပူချိန်တိုင်းတာရာ၌ °C (ဒီဂရီ စင်တီဂရိတ်) သင်္ကေတအဖြစ်အသုံးပြုကြသည်။
  • ဓာတုဗေဒ ပညာရပ်တွင် ကာဗွန်၏ သင်္ကေတအဖြစ်အသုံးပြုသည်။
  • ရူပဗေဒ ပညာရပ်တွင် အသေးသည် အလင်း၏ အမြန်နှုန်းကို တိုင်းတာရာတွင် သင်္ကေတ တစ်ခုအနေဖြင့် အသုံးပြုကြသည်။ E=mc² သည် အလင်းမြန်နှုန်းတိုင်းတာရန် ညီမျှခြင်းတစ်ခုဖြစ်သည်။
  • C♯ သည် ဂီတသင်္ကေတအမှတ်အသားတစ်ခုဖြစ်သေးသည်။
  • အိုင်တီလောက၌ C (programming language) ကို စက်မောင်းစနစ်များတွင်သုံးရန် C++ဟူသည့် သင်္ကေတဖြင့်အသုံးပြုသည်။ မူပိုင်ခွင့်ဥပဒေ ကို သတ်မှတ်ရန်အတွက် C သင်္ကေတကို သုံးသည်။
  • ရောမ ဂဏန်းသင်္ကေတ များတွင် C သည် ၁၀၀ ဟုသတ်မှတ်ထားသည်။
  • ကွန်ပျူတာ ယူနီကုဒ် စနစ်အတွက် ယူနီကုတ်အမှတ် U+0043 ဖြင့် "C" အကြီးကို သတ်မှတ်၍ "c"အသေးကို U+0063အဖြစ် သတ်မှတ်ထားသည်။[]
မူပိုင်ခွင့်ရည်ညွှန်း သင်္ကေတအဖြစ်လည်း C သင်္ကေတကို သုံးသည်။
Thumb
မူပိုင်ခွင့်ရည်ညွှန်း သင်္ကေတ
Remove ads

ကွန်ပျူတာသုံးကုဒ်များ

နောက်ထပ် အချက်အလက်များ နမူနာ, C ...
1 ASCII encoding အပေါ်အခြေခံပြီး ၎င်းနှင့် အမျိုးအစားဆင်တူသော encoding များ (DOS, Windows, ISO-8859 and Macintosh မိသားစုတွင်ပါဝင်သော encoding များ)

စီ (အက္ခရာ) ကို အခြားနည်းဖြင့် ဖော်ပြချက်များ

NATO ဖိုနက်တစ် မော့စ် သင်္ကေတ
Charlie
Thumb

Thumb

Thumb Thumb
ရေကြောင်းသုံးသင်္ကေတအလံ အလံနှစ်ခုသုံး အချက်ပြသင်္ကေတ ဆွံ့အနားမကြားလက်သင်္ကေတ (AMA သို့မဟုတ် ASL) Braille dots-14
မျက်မမြင်သင်္ကေတ (UEB)

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads