NML Cygni

From Wikipedia, the free encyclopedia

NML Cygni
Remove ads

NML Cygni သို့မဟုတ် V1489 Cygni (အတိုကောက် NML Cyg သို့မဟုတ် V1489 Cyg) သည် ဆိုင်နပ် ကြယ်စုတန်းမှ ဟိုက်ပါဂျိုင်းယင့် ကြယ်နီကြီး[] (red hypergiant) သို့မဟုတ် ဆူပါဂျိုင်းယင့် ကြည်နီကြီး (red supergiant) တစ်ခုဖြစ်သည်။ ယင်းသည် လက်ရှိတွင် နဂါးငွေ့တန်း ဂလက်ဆီရှိ အတောက်ပဆုံးကြယ်များထဲမှတစ်ခု၊ အချင်းဝက်အကြီးဆုံးကြယ်များထဲမှတစ်ခု၊ အတောက်ပဆုံး ဟိုက်ပါဂျိုင်းယင့်ကြယ်များထဲမှတစ်ခု ဖြစ်သည်။ ယင်းသည် ကမ္ဘာမြေမှ ခန့်မှန်းခြေ အလင်းနှစ် ၅၃၀၀ ကွာဝေးသည်။[] NML Cygni ၏ အချင်းဝက်မှာ မသေချာပေ။ သို့သော် နေ၏အချင်းဝက်ထက် အဆပေါင်း ၁၁၈၃ မှ ၂၇၇၀ ကြားရှိသည်ဟု ခန့်မှန်းရသည်။ ယင်းအား နေအဖွဲ့အစည်း၏ အလယ်ဗဟိုတွင် ထားလိုက်ပါက မျက်နှာပြင်သည် ဂျူပီတာဂြိုဟ် သို့မဟုတ် စနေဂြိုဟ်၏ ပတ်လမ်းအထိ ထိုးထွက်နေမည်ဖြစ်သည်။

အချက်တိုများ ကြယ်စုတန်း, ညာဘက် နိမ့်ဆင်းမှု ...
Remove ads

မှတ်စု

  1. Applying the en:Stefan-Boltzmann Law with a nominal solar en:effective temperature of 5,772 K:
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads