Windows 2000
From Wikipedia, the free encyclopedia
Remove ads
Windows 2000 သည် မိုက်ခရိုဆော့ဖ်၏ client နှင့် server ကွန်ပျူတာအဖြစ် နှစ်မျိုးစလုံး အသုံးပြုနိုင်သော ကွန်ပျူတာ မောင်းနှင်ရေးစနစ်တစ်ခုဖြစ်သည်။ ယင်းအား ၁၉၉၉ ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်လုပ်ခဲ့ပြီး[၅] ဖေဖော်ဝါရီ ၁၇၊ ၂၀၀၀ ခုနှစ်တွင် release လုပ်ခဲ့သည်။[၆] "Windows NT" ဟုသုံးနှုန်းခေါ်ဆိုသော Series များထဲတွင် ယင်းသည် နောက်ဆုံးဗားရှင်းတစ်ခု ဖြစ်ပေသည်။[၇] နောက်ပိုင်းတွင် Windows XP (အောက်တိုဘာ ၂၀၀၁) နှင့် Windows Server 2003 (ဧပြီ ၂၀၀၃) တို့က ဗားရှင်းအသစ်ဖြင့် ဝင်ရောက်လာခဲ့သည်။ မိုက်ခရိုဆော့ဖ်သည် Windows 2000 ၏ Edition ၄ ခုအား Professional, Server, Advanced Server နှင့် Datacenter Server[၈] ဟူ၍ လပိုင်းခြားကာ အသီးသီး release လုပ်ခဲ့သည်။[၉] မတူညီသော ဘာသာစကားများကိုလည်း ထည့်သွင့်ခဲ့ကာ[၁၀] os ၏ ဗားရှင်းအားလုံးတွင် NTFS 3.0 ကိုလည်း ထောက်ပံ့ပေးခဲ့သည်။[၁၁] Windows 2000 Server မိသားစုတွင် အပိုဆောင်း features များ ပါဝင်လာခဲ့ပြီး[၁၂] Active Directory ဝန်ဆောင်မှုများ၊ Distributed File System အစရှိသည်တို့ ပါဝင်လာခဲ့သည်။ ယင်းအချိန်အခါက Windows 2000 သည် အလုံခြုံဆုံးသော OS ဗားရှင်းတစ်ခုလည်း ဖြစ်ခဲ့သည်။[၁၃] သို့သော်လည်း Red Code နှင့် Nimda ကဲ့သို့သော ဗိုင်းရစ်များ၏ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။[၁၄] Release လုပ်ပြီး ၁၀ နှစ်ကြာသည်အထိ လုံခြုံရေးအတွက် patches များကို ယင်း၏သက်တမ်းကုန်ဆုံးချိန် ၂၀၁၀ ခုနှစ်အထိ လက်ခံရရှိခဲ့သည်။[၄]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads