Windows XP
From Wikipedia, the free encyclopedia
Remove ads
Windows XP (stylized as Windowsxp; codenamed Whistler)[၅] သည် မိုက်ခရိုဆော့၏ ကွန်ပျူတာ မောင်းနှင်ရေးစနစ်ဖြစ်ပြီး Windows NT ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ၂၀၀၁ ခုနှစ် ဩဂုတ်လတွင် တွင် စတင်ဖြန့်ချိခဲ့ပြီး ၂၀၀၁ အောက်တိုဘာလတွင် ဈေးကွက်တွင် ရောင်းချခဲ့သည်။
Windows XP သည် ယခင် Windows 9x စီးရီး၏ အဆင့်မြင့် os ဗာရှင်းတစ်ခုဖြစ်ကာ လုံခြုံရေး၊ စွမ်းဆောင်ရည်များ ပါဝင်လာခဲ့သည်။ [၆] graphical user interface အား ဒီဇိုင်းပြန်လည်မွမ်းမံခဲ့ပြီး ဉာဏ ချိုးဖောက်မှုအား လျှောချရန် Microsoft Product Activation အား ပထမဆုံး အသုံးပြုသည့် ဝင်းဒိုးဗားရှင်းဖြစ်သည်။ ယင်း os အား release လုပ်ခဲ့ချိန်တွင် Windows ME နှင့်ယှဉ်လျင် အသုံးပြုသူများထံမှ အပေါင်းလက္ခဏာဆန်သော မှတ်ချက်များ သိသိသာသာ လက်ခံရရှိခဲ့သည်။[၇] ခန့်မှန်းချက်အရ ပထမ ၅ နှစ်ကာလအတွင်း ကမ္ဘာအနှံ့ ကော်ပီပေါင်း ၄၀၀ မီလီယန် ရောင်းချခဲ့ရသည်ဟုဆိုသည်။[၈][၉] ၂၀၁၄ တွင် ကော်ပီပေါင်း အနည်းဆုံး ၁ ဘီလီယံ ရောင်းချခဲ့ရသည်။[၁၀] Windows Vista ထွက်လာပြီးနောက်တွင်လည်း Windows XP သည် လူကြိုက်များသည့် OS တစ်ခုအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ ၂၀၁၁ နှစ်အကုန်ရောက်မှသာ Windows 7 ၏ စုစုပေါင်း ဈေးကွက် ရောင်းအားကြောင့် ကျော်ဖြတ်ခံရသည်။[၁၁] Windows XP ၏ ထပ်တိုးနှစ်ကာလသည် ၂၀၁၄ April လတွင် ကုန်ဆုံးခဲ့သည်။ သို့သော် Windows 7 Windows 8.1 Windows 10 ပြီးလျင် တရုတ်နိုင်ငံကဲ့သို့ အချို့သောနိုင်ငံများတွင် ၄ ခုမြောက် လူကြိုက်အများဆုံး OS အဖြစ် ရပ်တည်နေဆဲဖြစ်ကာ[၁၂] မြောက်ကိုရီးယားတွင် ပိုများပြီး[၁၃][၁၄])အိန္ဒိယတွင် ၆.၂၅% ရှိသည်။[၁၅]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads