Windows Vista

From Wikipedia, the free encyclopedia

Windows Vista
Remove ads

Windows Vista (codenamed Longhorn[]) သည် မိုက်ခရိုဆော့ဖ်၏ ကွန်ပျူတာ လည်ပတ်ရေးစနစ်တစ်ခုဖြစ်ပြီး ၂၀၀၆ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် စတင်ထုတ်လုပ်ခဲ့ပြီး[] မိုက်ခရိုဆော့ဖ် ဝဘ်ဆိုဒ်မှ ဒေါင်းလုပ်ဆွဲနိုင်အောင် လုပ်ဆောင်ပေးခဲ့သည်။[] Windows Vista အား ပွဲထုတ်ချိန်သည် ယခင် အအောင်မြင်ဆုံးနှင့် နှစ်အရှည်ဆုံး ရပ်တည်လာခဲ့သည့် Windows XP ထုတ်လုပ်ခဲ့ချိန်အပြီး ၅ နှစ်အကြာမှ စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ Windows Vista တွင် ပါဝင်လာသော feature အသစ်များမှာ update GUI နှင့် visual style, Windows Search တို့ဖြစ်ကြသည်။ Windows Vista တွင် .NET Framework ဗာရှင်း 3.0 ပါဝင်လာခဲ့သည်။ မိုက်ခရိုဆော့ဖ်သည် Windows Vista အား ထုတ်လုပ်ခဲ့သည် ရည်မှန်းချက်မှာ Windows စက်လည်ပတ်ရေးစနစ်၏ လုံခြုံရေးကို အဆင့်မြှင့်တင်ရန် ဖြစ်သည်။[၁၀] ဆယ်စုနှစ်တစ်ခုစာခန့် ရပ်တည်လာခဲ့သည့် Windows XP ၏ လုံခြုံရေး ယိုပေါက်များကို ပြန်လည်ပြုပြင်ရန် လိုအပ်လာခဲ့သည်။ အသုံးပြုသူများ၏ အကြိုက်တွေ့မှုသည် Windows XP ထက် နည်းပါးခဲ့သည်ဟုဆိုသည်။ ကာလအတော်ကြာ အသုံးပြုလာခဲ့သော Windows XP အသုံးပြုသူများသည် Windows Vista ၏ GUI အသစ်နှင့် မရင်းနှီးခဲ့ကြပေ။[၁၁] သို့သော်လည်း Windows Vista အား ထုတ်လုပ်ပြီး ၂၄ လတာကာလအတွင်း အသုံးပြုသူ ၂၀၀ မီလီယံခန့်ထိ ရှိခဲ့သည်။[၁၂][၁၃] မိုက်ခရိုဆော့ဖ်သည် Windows Vista အတွက် ပင်မထောက်ပံ့ပေးမှုအား ဧပြီ ၁၀၊ ၂၀၁၂ ခုနှစ်တွင် ရပ်တန့်ခဲ့သည်။[၁၄] ထပ်တိုး ထောက်ပံ့ပေးမှုသည် ၁၁ ဧပြီ ၂၀၁၇ တွင် ကုန်ဆုံးမည်ဖြစ်သည်။

အချက်တိုများ ဖန်တီးသူ, ရင်းမြစ်အမျိုးအစား ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads