ကင်ဂျုံအွန်

From Wikipedia, the free encyclopedia

ကင်ဂျုံအွန်
Remove ads

ကင်ဂျုံအွန် (အင်္ဂလိပ်: Kim Jong-un; ကိုရီးယား အသံထွက်: [kimd͜zɔŋɯn];[])သည် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (မြောက်ကိုရီးယား)၏ ခေါင်းဆောင်ဖြစ်ပြီး ကိုရီးယား အလုပ်သမားပါတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ သူသည် ကင်ဂျုံအီ (၁၉၄၁–၂၀၁၁)နှင့် ဇနီး ကိုယောင်ဟီး တို့၏ အငယ်ဆုံးသားဖြစ်သည်။[]

အချက်တိုများ ဂင်ဂျောင်အွန်, အမျိုးသားကာကွယ်ရေး ကော်မရှင် ပထမနာယက ...

ငယ်စဉ်က ဆွစ်ဇာလန်နိုင်ငံတွင် ပညာသွားရောက်သင်ယူခဲ့သည်။ အသက် ၂၆ နှစ်သာရှိသေးသူ ကင်ဂျုံအွန်အနေဖြင့် တိုင်းပြည်၏ အဓိကနေရာများတွင် တာဝန်ထမ်းဆောင်ရန် ငယ်ရွယ်လွန်းသည်ဟူ၍ ဝေဖန်ခံရသော်လည်း နှစ်ရက်ကြာကျင်းပသည့်နှစ် (၃၀) မြောက်ကိုရီးယားအလုပ်သမားပါတီညီလာခံတွင် ဖခင်ဖြစ်သူ ကင်ဂျုံအီ ကပွဲထုတ်ပေးခဲ့သည်။

ကင်ဂျုံအွန်ကို ၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် သူ၏ဖခင် ကင်ဂျုံအီ၏ နိုင်ငံတော်ဈာပန အခမ်းအနားအပြီးတွင် နိုင်ငံ့ခေါင်းဆောင် အကြီးအကဲအဖြစ် တရားဝင် ကြေညာခဲ့သည်။ ကင်ဂျုံအွန်သည် ကိုရီးယား အလုပ်သမားပါတီ ဥက္ကဋ္ဌ၊ စစ်ဗဟိုကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံတော်ကာကွယ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ကိုရီးယားပြည့်သူ့စစ် အကြီးအကဲ ရာထူးများပါ ရယူထားသည်။ []

၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ကင်ဂျုံအွန်သည် ကိုရီးယားပြည်သူ့တပ်မတော်တွင် စစ်သေနာပတိ အဖြစ် လက်နက်ကိုင်အဖွဲ့အားလုံး၏ အကြီးအကဲရာထူးသို့ တိုးမြင့်ခဲ့သည်။[] နိုင်ငံပိုင် မီဒီယာများက စစ်သေနာပတိ ကင်ဂျုံအွန်ဟု မကြာခဏ သုံးနှုန်းလေ့ရှိသည်။[][][]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads