ကင်းခြေများ

From Wikipedia, the free encyclopedia

ကင်းခြေများ
Remove ads

ကင်းခြေများ သို့မဟုတ် စင်တီပိဒ် (အင်္ဂလိပ်: Centipede) ကို အပူပိုင်းဒေသများ၌ အတွေ့ရများသည်ဖြစ်ရာ ဗြိတိန်ကဲ့သို့ သမပိုင်းနိုင်ငံတွင် ကင်းခြေများ အငယ်စားအနည်းငယ်မျှကိုသာ တွေ့ရှိရသည်။ ဗြိတိန်နိုင်ငံ၌ရှိသော ကင်းခြေများသည် ခြံဥယျာဉ်အတွင်း၌ စိုက်ပျိုးထားသောအပင်များကို ကိုက်ဖြတ်ဖျက်ဆီးမည့် ပိုးကောင်မွှားကောင်တို့အား သတ်ဖြတ်စားတတ်ကြသဖြင့် ခြံဥယျာဉ် စိုက်ပျိုးလုပ်ကိုင်သူတို့၏ မိတ်ဆွေကောင်းများသဖွယ် ဖြစ်ကြသည်။

အချက်တိုများ မျိုးရိုးခွဲခြားခြင်း, မျိုးစဉ်များ နှင့် မျိုးရင်းများ ...

ကင်းခြေများအကြီးစားတို့ကို အနောက်အိန္ဒိယကျွန်းစုနှင့် တောင်အမေရိကတိုက်တို့တွင်တွေ့ရ၍ အချို့မှာ ၁၈ လက်မမျှ ရှည်လျားကြသည်။ ကင်းခြေများသည် အလွန်ရက်စက်ကြမ်းကြုတ်သည့်အလျောက် ပိုးမွှားများ၊ တိရစ္ဆာန်ငယ်များနှင့် ငှက်ကလေးတို့ကို အဆိပ်ဆူးများဖြင့် ထိုးသတ်ပြီးမှ စားသောက်လေ့ရှိသည်။ ယင်း၏ အဆိပ်ဒဏ်မှာ ပြင်းထန်လွန်းသဖြင့် တိရစ္ဆာန် အချို့ကို သေစေနိုင်သည့်အပြင်၊ ကင်းခြေများ ထိုးမိလျှင် လူတို့ပင် မချိမဆန့်ခံရတတ်သည်။

ကင်းခြေများ၏ကိုယ်မှာရှည်၍ အဆစ်အပိုင်း မြောက်မြားစွာရှိသည်။ အဆစ်အပိုင်းတစ်ခုစီတွင် ခြေ ၂ ချောင်းကျ ပါရှိရာ၊ ခြေထောက်ပေါင်းများစွာရှိသောကြောင့် ကင်းခြေများဟု အမည်မှည့်ခေါ်ထားသည်။ ကင်းခြေများတစ်မျိုးနှင့်တစ်မျိုးတွင် ကိုယ်အဆစ်အပိုင်းအရေအတွက်ချင်း မညီကြသဖြင့် ခြေထောက်အရေအတွက်မှာလည်း ကွာခြားကြသည်။ သို့ရာတွင် များသောအားဖြင့် ကင်းခြေများ၌ ကိုယ်အဆစ်အပိုင်း ၂၃ ပိုင်းခန့်ရှိတတ်သည်။ ကင်းခြေများတို့ကဲ့သို့ ပိုးနသန်ကောင်များ၌ လည်း ခြေချောင်းများစွာရှိသည်။ သို့သော် ကင်းခြေများလောက် မဖျတ်လတ်ချေ။ ကင်းခြေများတွင် ခေါင်းပိုင်းရှိ ရှေ့ဆုံးခြေထောက်အစုံမှာ အဆိပ်ဆူးများဖြစ်သည်။ ဦးခေါင်းပေါ်တွင်ရှိသော အာရုံမှင်ရှည်များသည် အစဉ်သဖြင့်လှုပ်ရှားလျက်ရှိ၍ ကင်းခြေများသည် ထိုအာရုံမှင်ကို မျက်စိသဖွယ်အသုံးပြုသည်။[]

Thumb
Close-up of the tail-like rear pair of legs of a centipede
Thumb
Underside of Scolopendra cingulata, showing the forcipules
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads