ကယားလီအက္ခရာ
From Wikipedia, the free encyclopedia
Remove ads
ကယားလီအက္ခရာ (ကယားလီ: ꤊꤢꤛꤢ꤭ ꤜꤟꤤ꤬) သည် တရုတ်-တိဗက်နွယ်ဘာသာစကားမိသားစုဝင် ကရင်နွယ်ဘာသာစကားခွဲမှ ကယားဘာသာစကားများဖြစ်သော အရှေ့ကယားလီနှင့် အနောက်ကယားလီ ဘာသာစကားများ ရေးသားရာတွင် အသုံးပြုသော အက္ခရာများ ဖြစ်သည်။ ယင်းဘာသာစကားများကို ကရင်နီဟုလည်း ခေါ်သည်။ အရှေ့ကယားလီဘာသာစကားကို လူဦးရေ ၂၆,၀၀၀ ခန့်နှင့် အနောက်ကယားလီကို လူဦးရေ ၁၀၀,၀၀၀ ခန့်ပြောဆိုအသုံးပြုကြပြီး အသုံးပြုသူများမှာ မြန်မာနိုင်ငံ ကယားနှင့် ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံများတွင် နေထိုင်ကြသည်။

Remove ads
သမိုင်းကြောင်း
ကယားလီစာအရေးအသားစနစ်ကို ၁၉၆၂ ခုနှစ် မတ်လတွင် ထဲဘူးဖဲက ဖန်တီးခဲ့သည်။ ၁၉၅၀ နောက်ပိုင်းတွင် လက်တင်အခြေပြုအရေးအသားများ ပေါ်ပေါက်လာခြင်းကို တုံ့ပြန်သည့်အနေဖြင့် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ယင်းအရေးအသားကို ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများရှိ စာသင်ကျောင်းများတွင် သင်ကြားပေးခဲ့သည်။ ကယားလီအရေးအသားသည် ဗြဟ္မီ အရေးအသားနှင့် ဆက်စပ်မှုရှိကာ စာလုံးများ၊ အသွင်သဏ္ဌာန်များမှာ ဆင်တူသည်။ အနည်းဆုံး အက္ခရာကိုးလုံးခန့်မှာ မြန်မာ အရေးအသားနှင့် ဆက်စပ်နေသည်။
သရများ
Vowels used for loanwords
Tone markers
ဗျည်းများ
ကိန်းဂဏန်းများ
Remove ads
ယူနီကုဒ်
ကယားလီကို ၂၀၀၈ ခုနှစ် ဧပြီလတွင် ယူနီကုဒ် စံစနစ် ၅.၁ တွင် ထည့်သွင်းခဲ့သည်။ ကယားလီ၏ ယူနီကုဒ်စာလုံးနေရာမှာ U+A900–U+A92F: ဖြစ်သည်။
ကယားလီ[1] Official Unicode Consortium code chart (PDF) | ||||||||||||||||
0 | 1 | 2 | 3 | 4 | 5 | 6 | 7 | 8 | 9 | A | B | C | D | E | F | |
U+A90x | ꤀ | ꤁ | ꤂ | ꤃ | ꤄ | ꤅ | ꤆ | ꤇ | ꤈ | ꤉ | ꤊ | ꤋ | ꤌ | ꤍ | ꤎ | ꤏ |
U+A91x | ꤐ | ꤑ | ꤒ | ꤓ | ꤔ | ꤕ | ꤖ | ꤗ | ꤘ | ꤙ | ꤚ | ꤛ | ꤜ | ꤝ | ꤞ | ꤟ |
U+A92x | ꤠ | ꤡ | ꤢ | ꤣ | ꤤ | ꤥ | ꤦ | ꤧ | ꤨ | ꤩ | ꤪ | ꤫ | ꤬ | ꤭ | ꤮ | ꤯ |
မှတ်ချက်
|
Remove ads
ဆက်စပ်ဖတ်ရှုရန်
ပြင်ပလင့်ခ်များ
- Page on Omniglot about Kayah Li
- ယူနီကုဒ် ကယားလီ ဇယား
- GNU FreeFont, ကယားလီကို ထောက်ပံ့သော ယူနီကုဒ်ဖောင့်တစ်ခု
- ကယားလီ ဖောင့် အမျိုးမျိုး
ကိုးကား
- Everson၊ Michael (2006-03-09)။ Proposal for encoding the Kayah Li script in the BMP of the UCS။ Working Group Document။ International Organization for Standardization။ 19 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 September 2024 တွင် ပြန်စစ်ပြီး။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads