ကော်မူးရာတိုက်ပွဲ

From Wikipedia, the free encyclopedia

Remove ads

ကော့မူးရာတိုက်ပွဲ သို့မဟုတ် ဝမ်ခသစ်တိုက်ပွဲ [] သည် စစ်တပ်နှင့် KNLA တို့အကြား နှစ်ရှည်လများတိုက်ခိုက်ခဲ့ကြသည့် တိုက်ပွဲဖြစ်သည်။ ၁၉၉၄ ခုနှစ်မတိုင်မီတွင် စစ်တပ်သည် KNLA ၏ အမာခံခံတပ်ဖြစ်သည့် ကော့မူးရာစခန်း ၏ အမာခံနယ်မြေကို သိမ်းပိုက်ရန်အပြင်းအထန်ကြိုးစားခဲ့သော်လည်း ခံစစ်ကောင်းသောကြောင့် သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ပေ။ စစ်တပ်သည် ထိုင်းအစိုးရ၏ ခွင့်ပြုချက်ဖြင့် ထိုင်းနိုင်ငံသို့ အမြောက်သွားပို့ဆောင်ပြီး ထိုနေရာမှ စိတ်ကြိုက်ပစ်ခတ်ခဲ့သည် [] ၁၉၉၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မနောပလောကျဆုံးပြီး စစ်တပ်သည် တောင်ဘက်သို့ ချီတက်ကာ ဖေဖော်ဝါရီ ၂၁ ရက်တွင် ကော့မူးရာကို သိမ်းပိုက်ခဲ့သည်။ [] []

အချက်တိုများ ကော်မူးရာတိုက်ပွဲ, ရက်စွဲ ...
Remove ads

နောက်ခံအကြောင်းအရာ

မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ ကရင်လူမျိုးများ သည် မြန်မာနိုင်ငံတွင် တတိယအကြီးဆုံး လူမျိုးစုဖြစ်ပြီး နိုင်ငံလူဦးရေ စုစုပေါင်း၏ ၇% ခန့်ရှိသည်။ 1949 ခုနှစ်က [] ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ အဓိက ရည်ရွယ်ချက်မှာ ကော်သူးလေ တည်ထောင်ကာ ပြည်ထောင်စုမှခွဲထွက်ရန်ဖြစ်သည်။ သို့သော်လည်း ၁၉၇၆ ခုနှစ်တွင် လမ်းကြောင်းများပြောင်းလဲသွားခဲ့ပြီး ခွဲထွက်မှုအစား မျှတသောကရင်ကိုယ်စားပြုမှုနှင့် ကရင်လူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုကို တောင်းဆိုလာခဲ့သည်။ []

၁၉၈၅ ခုနှစ်တွင် တည်ဆောက်ခဲ့သော ကော့မူးရာစခန်း သည် မြန်မာနှင့် ထိုင်းကြား ကုန်သွယ်မှုကို ထိန်းချုပ်ထားသည့် ဗျူဟာမြောက် နယ်စပ်ဖြတ်ကျော်တွင် တည်ရှိသော KNLA အမာခံနယ်မြေဖြစ်သည်။ ထိုင်းနိုင်ငံကိုနောက်ကျောပေးထားသည့်အပြင်ဘေးနံများမှာလဲ ထိုင်းနိုင်ငံ ပိုင်နက်များဖြစ်သည်။ ထို့ကြောင့် စခန်းထဲဝင်ပေါက်ကမူ သတ်ကွင်း အဖြစ်ထားရှိသော မြေပြန့်သာရှိသည် ။ ကုန်သည်များသည် မြန်မာနိုင်ငံသို့ ပို့ဆောင်သည့် ကုန်ပစ္စည်းများအပေါ် အခွန်ပေးဆောင်ခဲ့သော်လည်း ၁၉၈၉ ခုနှစ်တွင် အမှတ် ၉၀၂ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် ၏ အဆက်မပြတ် ပစ်ခတ်မှုကြောင့် ကုန်သွယ်မှု ရပ်တန့်လုနီးပါး ဖြစ်ခဲ့သည်။ []

Remove ads

တိုက်ပွဲ

၁၉၉၄ ခုနှစ်မတိုင်မီက စစ်တပ်သည် စခန်းကို သိမ်းရန်အနည်းငယ်သာ ကြိုးပန်းခဲ့သည်။ ရန်ဖန်ရန်ခါ အမြောက်နှင့်ပစ်ခြင်းလောက်သာလုပ်ဆောင်ခဲ့သည်။ စခန်းထဲသို့ တစ်ခုတည်းသောဝင်ပေါက်မှ ၁၅၀ မီတာ (၄၉၀ ပေ) သာရှိသော သတ်ကွင်းတစ်ခုသာရှိသည်။ [] KNLAတပ်များသည်လည်း သည် ကော့မူးရာ ဝင်ပေါက်ကို စောင့်ရန် ကွန်ကရစ်ဘန်ကာများ ကတုတ်ကျင်းများ ဆောက်ပြီး အပြင်းအထန်ခုခံသောကြောင့် အစောပိုင်း ခြေလျင် ထိုးစစ် အနည်းငယ်ကို ချေမှုန်းနိုင်ခဲ့သည်။ ပထမဆုံး မှတ်တမ်းတင်သည့် စစ်ရေးလှုပ်ရှားမှုမှာ မေလ 20 ရက်နေ့ 1989 ဖြစ်သည် []

မာနယ်ပလော ကျဆုံးခြင်း ကြောင့် စစ်တပ်သည် ကော့မူးရာသို့ တပ်များ ထပ်မံစေလွှတ်နိုင်စေခဲ့သည်။ ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) မှာ အင်အား ၁၀၀၀၀ခန့် သည် ကော့မူးရာကို သိမ်ပိုက်ရန် ပြင်ဆင်ခဲ့သည်။ KNLA ၏ ရှေ့တန်းကတုတ်ကျင်းများကို ဖျက်ဆီးရန်အတွက် တရုတ်မှထုတ်လုပ်သော ၂၁၀ မီလီမီတာ မော်တာများကို အသုံးပြုခဲ့သည်။ ယင်းမော်တာများကို စစ်တပ်မှ ပထမဆုံးအကြိမ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထိုနေ့တွင်ပဲ KNLA တပ်များ ဆုတ်ခွဲခဲ့ရသည်။[]

Remove ads

တိုက်ပွဲအပြီး

တိုက်ပွဲအပြီးတွင် စစ်တပ်မှ ၁၃၁ ဦး သေဆုံးကာ ၃၀၂ ဦး ဒဏ်ရာရရှိကာ တပ်ဖွဲ့ဝင် ၂ ဦး ပျောက်ဆုံးနေကြောင်း မှတ်တမ်းများအရ သိရသည်။ KNLA အသေအပျောက် အရေအတွက် ၂၁၂ ဦး သေဆုံးပြီး ၂၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်တပ်မှ ထုတ်ပြန်ခဲ့သည်။ ] KNLA ကတော့ မြန်မာစစ်တပ်၏ နောက်ဆုံးတိုက်ခိုက်မှုတွင် လူဆယ်ဦးသာ သေဆုံးပြီး ဒါဇင်အနည်းငယ် ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ [] KNLA ကလည်း စစ်တပ်မှ အင်အား ၃၀၀ ကျဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရရှိခဲ့သည်ဟုလည်း အခိုင်အမာဆိုသည်။ [] ထို့အပြင် နိုင်ငံခြားသတင်းထောက် ၃ယောက်လဲ သေဆုံးခဲ့ရသည်။ အမေရိကန် ဘယ်လ်ဂျီရန် နှင့် ဂျပန် တို့ဖြစ်သည်။ [] Uppsala Conflict Data Program တွင်တော့ ကော့မူးရာ တွင် 411 ဦး သေဆုံးခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သည်။ [] ဆယ်စုနှစ်တစ်ခုနီးပါးကြာ စစ်ဆင်ရေးအတွင်း စစ်သား ၂,၀၀၀ ကျော် သေဆုံးခဲ့သည်။ []

ကိုးကား

ပြင်ပလင့်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads