ကျိုက်ထီးဆောင်းစေတီ

(ကျိုက်ကလွတ်ဒက်စေတီတော်) သည် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ရွာတွင် တည်ရှိသည့် စေတီ From Wikipedia, the free encyclopedia

ကျိုက်ထီးဆောင်းစေတီmap
Remove ads

ကျိုက်ထီးဆောင်းစေတီတော် (ကျိုက်ကလွတ်ဒက်စေတီတော်) သည် မွန်ပြည်နယ်ဘီးလင်းမြို့နယ်ဇုတ်သုတ်ရွာတွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။[]

အချက်တိုများ ကျိုက်ထီးဆောင်းစေတီ, အချက်အလက်များ ...
Thumb
Dhamapali at Kyaikhtisaung
Remove ads

သမိုင်းကြောင်း

သာသနာနှစ် ၁၁၁ ခုနှစ်တွင် မြတ်စွာဘုရားသည် သုဝဏ္ဏဘုမ္မိသို့ ဒေသစာရီ ကြွတော်မူ၏။ ထိုအခါ ကော့ကလွတ်တကောနတ်ဘီလူးကျွန်းမှ ဘီလူးညီနောင်တို့သည် မြတ်စွာဘုရားကို ဖူးမြင်၍ ဆံတော်တစ်ဆူ ရကြ၏။ ထို့နောက် နေရပ်တွင် ဂဝံအုတ်ကျောက်တို့ဖြင့် ၁၁၃ ခုနှစ်တွင် စေတီတော်တစ်ဆူ တည်ခဲ့သည်။

မြတ်စွာဘုရားရုပ်တု၊ ဘီလူးညီနောင်ရုပ်တု၊ ရွှေငွေများအပြင်၊ နတ်သမီးဆံပင်တို့ကို ဖြတ်၍ ကျစ်ခွေကာ ပူဇော်ဌာပနာခဲ့သည်။[]

အတိုင်းအတာများ

စေတီတော်၏ အတိုင်းအတာများမှာ −

  • ဖိနပ်တော် = အတောင် ၄၀
  • ဖိနပ်ခုံ = ၂၃ တောင်
  • ဒုတိယဖိနပ်တော် − ၃၆ တောင်
  • ရှစ်မြှောင့် − ၁၈ တောင်
  • ဉာဏ်တော် − အတောင် ၆၀
  • စေတီတော်ပတ်လည်တွင် ရှိသည့် ကျောက်ပြင်ပျက်သည် နှစ်တောင် တစ်မိုက် ရှိသည်။
  • ထီးရိုး နှစ်တောင့်ထွာရှိသည့် ကျောက်ထီး ၁၂ စင်းကို လှူဒါန်းထားသည်။
  • ဂဝံကျောက်များသည် လူ ၂၀ မှ လူ ၈၀ အထိ မချီရသော ကျောက်တုံးကြီးများ ပါဝင်သည်။[]

ဘွဲ့တော်

စေတီတော်၏ ဘွဲ့တော်မှာ ကျိုက်ကလွတ်ဒက် ဟု ခေါ်သည်။ အဓိပ္ပာယ်မှာ "နတ်တည်သော ဘုရား" ဖြစ်သည်။ ထို့ပြင် နတ်သမီးဆံပင်ကြိုး ဌာပနာထား၍ "ကျိုက်ဇုတ်သွတ်" ဟုလည်း ခေါ်သည်။ ကျိုက်ဇုတ်သုတ်၊ ထီးဆောင်းဘုရားဟု ထင်ရှား၍ တည်ရှိရာ ရွာကိုလည်း ဇုတ်သုတ်ရွာဟု ခေါ်သည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads